အခန်း(59) ပြောတော့ အတူတူ ပျင်းကြမယ်ဆိုပြီး

648 75 1
                                        

အခန်း(59) ပြောတော့ အတူတူ ပျင်းကြမယ်ဆိုပြီး

ချန်ချူ ကျီချောင်းရှိတဲ့ ရုံးခန်းကို ရောက်လာသည် ၊ အချိန်ကိုက်ပဲ ကျီချောင်းက သူ့စားပွဲမှာ စာမေးပွဲရလဒ်တွေစစ်နေသည်။
“ဆရာကျီ ?”
ချန်ချူ တစ်ချက်ခေါ်လိုက်သည်။ကျီချောင်း ခေါင်းမော့လာသည်။ ချန်ချူကို တွေ့ တော့ တစ်ချက်ကြောင်သွားပြီး နားမလည်စွာဖြင့်မေးလိုက်သည်: “ချန်, ဆရာချန် ၊ ကျွန်တော့်ကို ရှာတာ ဘာကိစ္စများရှိလို့လဲ ?”

ကျီချောင်းမြင်တော့ ချန်ချူ မထိန်းချုပ်နိုင်ပဲ တစ်ချက်တုန်သွားကာ နောက်ကို နှစ်လှမ်းလောက်ဆုတ်မိလိုက်သည်။
ကျီချောင်း ပိုပြီးနားမလည်ဖြစ်သွားသည်။

သင်ဘာလို့ငါ့ကို ကြောက်နေတာလဲ!?
“ဆရာကျီ ၊ စွန်းဌာနမှုးက သူ့ရုံးခန်းကို တစ်ချက်လာဖို့ခေါ်ခိုင်းလိုက်လို့ သင်နဲ့ ကိစ္စအချို့တိုင်ပင်ချင်လို့တဲ့”

ကျီချောင်းက အော်! လို့တစ်ချက်ပြောလိုက်ပြီး အမြန်ထလိုက်သည်။ချန်ချူ သူ့နားမှာ ကပ်လိုက်လာတာတွေ့တော့ သူမကောင်းတဲ့ ခံစားချက်တစ်ခုရတယ်။
“ဆရာချန် , ဘာကိစ္စများဖြစ်လို့တုန်း ?”

“သင် သွားလိုက်ရင်သိရမှာပါ”
ကျီချောင်းခြေလှမ်းရပ်သွားပြီး ၊ ငိုမဲ့မဲ့ပြုံးကာ ချန်ချူကို ကြည့်ပြီး : “ချန် , ဆရာချန် ကျွန်တော့်ကိုတော့ အလွတ်ပေးပါဗျာ!”

ချန်ချူ : ?
ကျီချောင်းငိုမဲ့မဲ့ဖြင့် : “ကျွန်တော် အတန်းခုနစ်ကို တကယ်မသင်နိုင်ဘူး ”
“မဟုတ်ပါဘူး , သင်အထင်လွဲနေပြီ” ချန်ချူ လက်အမြန်ခါပြီးပြောလိုက်သည် : “အတန်းခုနစ်နဲ့ မပတ်သက်ပါဘူး”

ကျီချောင်းအဲဒီတော့မှ သက်ပြင်းချနိုင်တော့သည်။ ဒါပေမဲ့ ပိုပြီးနားမလည်ဖြစ်လာကာ : “ဒါဆိုရင် စွန်းဌာနမှုးက ကျွန်တော့်ကို ရှာတာ ဘာကိစ္စပါလိမ့်”
ချန်ချူတစ်ချက်စဉ်းစားလိုက်ပြီး ဖုံးကွယ်ထားမနေတော့ပဲ အသံတိုးတိုးဖြင့် ပြော လိုက်သည် : “ဆရာကျီ , ဆေးစစ်မှတ်တမ်း……..”

ကျီချောင်းတစ်ချက်ငိုင်သွားပြီးမှ ရယ်မလိုငိုမလိုနဲ့ပြောလိုက်သည်: “အော် ဒီကိစ္စကိုး ,ကျွန်တော် အစကတည်းက ခွင့်တိုင်ပြီး  ဆေးရုံးမှာ ဆရာဝန်သွားပြမယ်လို့ ကြံထားတာ ၊ ဒါပေမဲ့ စွန်းဌာနမှုးက ကျွန်တော်ကို လာမပြောသေးတော့ ၊ ကျွန်တော်လဲ ဘယ်လို စပြောရမှန်းမသိဖြစ်နေတာ”
“ဆရာကျီ ၊ ရောဂါက သက်ရောက်မှုပြင်းလို့လား ?”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝDonde viven las historias. Descúbrelo ahora