အခန်း(127) ‌ ပျံတက်

510 42 1
                                        

အခန်း(127) ‌ ပျံတက်

မနက်စောစောစီစီး ချန်ချူပုံမှန်မဟုတ်တာကိုတွေ့လိုက်ရတယ်။
“ငါ့ရဲ့စာသင်မှတ်တွေက ရုတ်တရက်သိန်းဂဏန်းကျော်တိုးလာပါလား?”

ဒီအခြေအနေကိုမြင်တော့ ချန်ချူအံသြသွားပြီး စစ်စတန်ကိုမေးလိုက်သည်။
[မနေ့ည ဆယ်နာရီကျော်ကနေစပြီး ကျိုးဖုန်းက host အတွက် စာသင်မှတ် 378884 ထုတ်လုပ်ပေးပြီးပါပြီ ]

   အာ? ချန်ချူမျက်လုံးပြူးသွားပြီး ဒါကတော်တော်လွန်တယ်လို့ခံစားရသည်။ ကျိုးဖုန်းရဲ့ တစ်ညထွက်တဲ့စာသင်မှတ်က အတန်းကကျောင်းသားအားလုံးနှစ်ပါတ်စာ စာသင်မှတ် နဲ့ ညီမျှနေတာလား! ?
  ကောင်းရော တစ်ညတည်းနဲ့ ပျံတက်တော့ပါလား!?

  ချန်ချူအနည်းငယ်ပျာသွားသည်။စာသင်မှတ်ထက် ကျိုးဖုန်းကျန်းမာရေးက အရေးကြီးတယ်လေ။ စာသင်မှတ်အများကြီးထုတ်နိုင်တာကောင်းတယ်ဆိုပေမယ့် ကျိုးဖုန်း သချာင်္မှာ အရမ်းစွဲလန်းနေပြီး နေ့တိုင်းအိပ်ရေးပျက်စာလုပ်မှာကြောက်ရတယ် လေ။
  အဲတာဆိုရင်တော့ ပြဿနာကြီးကြီးတက်ပြီ!

  သမိုင်းတစ်လျောက် စောစောစီးစီးကြွသွားတဲ့ သူရဲကောင်းပညာရှင်တွေ အများကြီး ပဲလေ! ဒါကိုစဉ်းစားမိတော့ ချန်ချူအမြန်ဆုံး သွားတိုက်ရေးမိုးချိုးလုပ်လိုက် ပြီး ကျောင်းကိုပြေးတော့သည်။
  ကိုယ်ပိုင်လေ့လာအချိန်မှာ ကျိုးဖုန်းသချာင်္တွက်နေတာကို ချန်ချူတွေ့လိုက်တယ်။ ဒါကိုမြင်တော့ ချန်ချူစိတ်လေးသွားကာ ကျိုးဖုန်းကိုခေါ်လိုက်သည်။

  “လောက်ချန် အတော်ပဲ ကျွန်တော်ပုစ္ဆာတစ်ပုဒ်မေးချင်နေတာနဲ့……”ကျိုးဖုန်းက လက်ထဲမှာ သူတွက်ထားတဲ့စာရွက်အပိုင်းအစကိုင်လို့ ချန်ချူကိုပေးမလို့လုပ်နေတုန်း ၊ ချန်ချူက မျက်နှာတည်တည်ဖြင့်မေးလိုက်သည် “ကျိုးဖုန်း မင်းမနေ့ညက မအိပ်ဘူးမ ဟုတ်လား?”
  “အိပ်တယ်လေ ၊ ကျွန်တော့်ပုံစံက တစ်ညလုံးမအိပ်ထားတဲ့ပုံပေါက်နေလို့လား?”
 
  “ဘယ်အချိန်အိပ်တာလဲ?”
  “တစ်နာရီ၊နှစ်နာရီလောက်ဖြစ်မယ် ၊ကျွန်တော်သေချာမမှတ်ထားဘူး”

  “အဲလိုဆိုမဖြစ်သေးဘူး!”ချန်ချူကလေးနက်စွာပြောသည် “ကျန်းမာရေးကအဓိက ပဲ၊ ဘယ်လိုပဲကြိုက်နေပါစေ ၊အဲလောက်မလုပ်ရဘူး၊ အဲလိုဆို ခန္ဓာကိုယ်က အနှေးနဲ့ အမြန် ပြဿနာတက်လိမ့်မယ်”
  “ဟုတ်ကဲ့ ကျွန်တော်သိပါပြီ”ကျိုးဖုန်းက သူ့လက်ထဲက တွတ်ထားတဲ့ စာရွတ်ကို ချန်ချူကို အမြန်လှမ်းပေးကာ “ဆရာတစ်ချက်ကြည့်ပေးပါဦး”

ဆရာတစ်ယောက်၏နေ့စဥ်ဘဝМесто, где живут истории. Откройте их для себя