အခန်း(129) ပြန်လည်သုံးသပ်ရေး အဖွဲ့ကြီးလာပြီ!
ခေါင်းသုံးလုံးငရဲခွေးစတင်လွတ်လိုက်တာနဲ့ ချန်ချူအံသြသင့်သွားသည်။သူထင်တာက ပုံသဏ္ဍာန်ကြောက်ဖို့ကောင်းမယ်ထင်တာ တကယ်တော့ အဖြူအမည်းစက်ကြား ခေါင်း သုံးလုံးပါတဲ့ ခွေးငယ်လေးတစ်ကောင်။
ပထမခေါင်းက အော့ဟားခွေးခေါင်း(မျောက်ရူံးတဲ့ခွေးအမျိုးစားထဲကတစ်ခု)၊ နောက် တစ်ခေါင်းက အလက်စတာခွေးခေါင်း၊ နောက်တစ်ခေါင်းက စမော်န ခွေးခေါင်းလေး ?
အိမ်ဖျက်ဆီးရေးခွေးအမျိုးအစားတွေကြီးပဲ ၊အဲတာကို ငရဲခွေးလို့ခေါ်တာပေါ့လေ!
ဒီတိရစ္ဆာန်လေးက တကယ်ကမ္ဘာအတွက် မသက်ရောက်လို့ပေါ့ ၊ သို့မဟုတ်ရင် အတန်းခုနစ်တစ်ခုလုံး မရှိတော့မှာတောင် ချန်ချူစိုးရိမ်မိသား။
လွတ်လိုက်တာနဲ့ ခေါင်းသုံးလုံးခွေးလေးက အခန်းတောက်လျောက်ပတ်ပြေးတော့ သည်။အမြီးလေးတစ်ယမ်းယမ်းနဲ့ တခါတစ်လေ အော်သံသေးသေးလေးထွက်သေး တယ်။အတန်းထဲမှာ လျောက်သွားနေတာ ခဏနေပေါ်မှာ ခဏနေအောက်မှာနဲ့ ပျော်ရွင်စွာကစားနေတော့တာပဲ။
ချန်ချူပါးစပ်တစ်ချက်တွန့်သွားပြီး အဲလောက်ဆော့နေတာ သူဘယ်လိုစာသင်ရမှာ လဲ?
“စစ်စတန် ငရဲခွေးရဲ့ အသံကိုတိတ်ပေးထားပါလား?”
[ခေါင်းသုံးလုံးငရဲခွေး အသံကိုပိတ်ထားပြီး]
အသံပိတ်လိုက်တော့ တစ်ခုသက်သာသွားပေမယ့် နောက်ထပ်ပြဿနာတစ်ခုရှိ သေးတယ်။ကျိုးဖုန်းနဲ့ဝမ်းလဲ့ပန်းကို လုံးဝကိုက်လို့မရဘူး ၊ တော်ကြာသူ့တို့ရဲ့ အလား အလာကိုစားပစ်မလိုက်ရင်ဒုက္ခ၊ ချန်ချူတစ်ဖက်က စာသင်ရင်းတစ်ဖက်က သေချာ စောင့်ကြည့်နေရတယ်။
ဒါပေမယ့် ချန်ချူမျော်လင့်သလိုတော့ မဟုတ်ပါဘူး။
ခေါင်းသုံးလုံးခွေးက ရွီထျန်းဟောက်ဘေးမှာပဲ ပတ်လည်သွားတာများတယ်၊ သူ ကိုက်တဲ့သူတွေက အကျင့်စာရိတ္တမှာ အမှတ်နည်းတဲ့သူတွေကြီးပဲ၊ သူအကြိုက်ဆုံးက ရွီထျန်းဟောက်ပဲ၊ပြေးလို့မောသွားတော့ ရွီထျန်းဟောက်ရဲ့ခေါင်းပေါ်မှာအနားယူလိုက် သည်။ တစ်ချက်တစ်ချက်ရွီထျန်းဟောက်က်ို ကိုက်လိုက်သေးတယ်၊စာသင်ချိန် တစ်ချိန် လုံး ရွီထျန်းဟောက်ပုံစံက ကြောက်စိတ်ရှိတဲ့အခြေအနေ၊ လိမ်လိမ်မာမာလေးပဲ။
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
