အခန်း(141) {အကျိုးအကြောင်းသင့် လက်ခံတဲ့သူ}
ချန်ချူမျက်နှာတည်နဲ့ဖြစ်နေသည်။
ဧည့်သည်နားနေဆောင်တစ်ခုလုံးအသံတိတ်ဆိတ်သွားတော့သည်။သန့်စလ်ကျား တောင်စကားတစ်ခွန်းမှမပြောရဲတော့ဘူး။
“ဒီနေ့တော့ မင်းတို့ကိုလွတ်ပေးလိုက်မယ်၊ တနင်္လာနေ့ငါစစ်မေးမှာ၊ မေးလို့မရ လို့ကတော့၊မရတဲ့သူကို တစ်ယောက်တည်းသက်သက် ရုံးခန်းမှာ ရသွားတဲ့ အထိ သင်မှာ!”
မိန်းကလေး တစ်အုပ်စုကြောက်ပြီးတစ်ချက်တုန်သွားသည်။မိုးမကြောက်မြေမ ကြောက် ၊ ချန်ချူရုံးခန်းခေါ်မှာကိုတော့ကြောက်ကြသည်။
အတန်းခုနစ်က ချန်ချူရုံးခန်းထဲ သက်သက်ခေါ်သွားတဲ့ ကျောင်းသားတွေမှာ ဘယ်သူပုံမှန်ဖြစ်လို့လဲ! ?
ကူညီအားပေး ဝမ်းလဲ့ပန်း
အေးချမ်းတည်ငြိမ် ရွီထျန်းဟောက်
သချာၤအရူး ကျိုးဖုန်း….
မိန်းကလေးအုပ်စု လျောက်ပြီးတွေးတောနေတဲ့အချိန်မှာ ချန်ချူခြေသံကြားလိုက် သည်။သန့်စလ်ကျားက တံခါးဝကိုကြည့်ပြီး အမေ! လို့တစ်ချက်ခေါ်လိုက်သည်။
ဟယ်ရွယ်ချင် သက်ရပ်တဲ့ဝတ်စုံ၊ တည်ကြည်တဲ့မျက်နှာထား ၊ မျက်ခုံးနှစ်ကြားမှာ လဲ အာဏာရှိတဲ့အရိပ်အရောင်၊ ခြေသံပြတ်သား၊ ပါဝါအပြည့်ဖြင့် ဝင်လာသည်။သူမနောက် မှာ အနက်ရောက်ဝတ်စုံနဲ့ အတွင်းရေးမှူးပါလာသည်။
ချန်ချူလဲအမြန်မတ်တက်ရပ်လိုက်သည်။
“အန်တီ မင်္ဂလာပါ!”လျိုယွီချန်တို့အဖွဲ့တွေလဲအမြန်နူတ်ဆက်လိုက်သည်။
ဟယ်ရွယ်ချင်က မျက်လုံးစူးစူးဖြင့် ချန်ချူကို ကြည့်ပြီး “မင်းက ဘယ်သူလဲ?”
“မင်္ဂလာပါ ၊ သန့်စလ်ကျားရဲ့အုပ်ထိန်းသူ”ချန်ချူက ယဉ်ယဉ်ကျေးကျေးပြော လိုက်သည် “ကျွန်တော်က သန့်စလ်ကျားရဲ့ အတန်းပိုင်ဆရာပါ ၊ အရင်တခေါက်က ဖုန်းပြောဖူးပါတယ်”
“အော် ၊ ဆရာချန်”ဟယ်ရွယ်ချင်က ချန်ချူကို အထက်အောက်အကဲခတ်လိုက်ပြီး မျက်မှောင်ကျုံကာ “ထ.၁ က ရှင်အသက်သက်ငယ်ငယ်လေးကို အတန်းပိုင်လုပ်ခိုင်း တယ်? ပုံမှန်ဆိုရင်ရှင့်အရွယ်နဲ့ဆို အငယ်တန်းအတန်းပိုင်လုပ်သင့်တာ ၊ အထက်တန်း အတန်းပိုင်ဆရာ တာဝန်ကိုထမ်းဆောင်နိုင်ပေါ့မလား? ရှင်တို့ ထ.၁ ကအရမ်းကို လျောက်လုပ်တာပဲ?”
“အခြေအနေက ထူးခြားနေလို့ပါ”ချန်ချူလျှာတောင်ကိုက်မိချင်တယ်၊စကားပြော တာက ဆူးတွေနဲ့ ၊ တကယ်ပဲ လွယ်လွယ်ရင်ဆိုင်လို့ရမယ့်အမျိုးမဟုတ်ဘူးပဲ။
ESTÁS LEYENDO
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Misterio / Suspensoသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
