အခန်း(112) ပျော်ရွင်ကျေနပ်သွား
ကျောင်းဖက်ကတော့ ဒီထူးဆန်းတဲ့ကိစ္စအတွက် ဘာစကားပြောရမှန်းမသိတော့ ဘူး။ အမှန်ပြောရရင် သူတို့အတွက် ဒီလိုအခြေအနေမျိုးကို တွေးတွေပုံဖော်ဖို့မဖြစ်နိုင် ဘူး။ အထူးသဖြင့် အဓိက ဇာတ်လိုက်က ဝမ်းလဲ့ပန်း ၊ အထက်တန်းတက်နေတဲ့ ကျောင်းသားလေးတစ်ယောက်။
ပတ်တီးနဲ့ရဲသားက သူ့ပြောတာပြီးသွားပြီးနောက် “အခုပြန်စဉ်းစားကြည့်ရင် တောင် အရမ်းကိုအံသြသင့်ဖို့ကောင်းတယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့် ဝမ်းလဲ့ပန်း ရဲ့ မိဘနောက်ခံကိုစဉ်းစားလိုက်ရင်တော့ အဲလောက်တော့လဲ အံသြဖို့မကောင်းတော့ပါ ဘူး”
“ဟုတ်တယ် ၊ ရှီးဟယ် အိမ်ရာကစစ်သားဝန်ထမ်းအိမ်ရာများတယ်၊ သူငယ်ငယ် ကတည်းကဒီလိုအနေရာမှာကြီးလာတော့ ၊ မိဘရဲ့သက်ရောက်မှုအောက်မှာ တိုက်ခိုက် ပညာ ၊ သေနတ်ပစ်ခတ်မှုတွေ ၊ ပြန်လည်စစ်ဆေး တွေးခေါ်သုံးသပ်မှုတွေက စသဖြင့် ပညာတွေကို သင်ဖူးကြားဖူးနေမှာ”
ရဲဘော်တစ်ယောက်က ရယ်ပြီး “ဒီကောင်လေ မဆိုးဘူး၊ ငါတို့ဆိုအဖွဲ့ထဲရောက်မှ ဒီလိုဟာတွေကို ထိတွေ့ရတာ ၊ သူကငယ်ငယ်ကတည်းက သင်တာဆိုတော့ အခု ငါတောင် သူ့ကို နိုင်ချင်မှနိုင်မှာ!”
အားလုံးကရယ်မောလိုက်ကြသည်။
“ဒါပေမယ့် ကျောင်းဘက်က လူကြီးတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရဦးမယ်၊ ဝမ်းလဲ့ပန်း က ထူးခြားတဲ့ဥပမာတစ်ခု ၊ ကော်ပီကူးလို့မရတဲ့ဥပမာတစ်ခု ၊ ဒါကြောင့် ကျောင်းဖက်ကဒီကိစ္စကို လျို့ဝှက်ထားစေချင်ပါတယ်၊ အများသူငှာကို ချပြခြင်းမျိုး မပြုလုပ်ပါနဲ့ ၊ တခြားအဆိုးမြင်မှု ၊ အတုယူမှုတွေရှိပါဆိုးလို့”
ကျောင်းဖက်လူကြီးတွေက ခေါင်းတညိမ့်ညိမ့်နဲ့ ၊ ဒီလိုကိစ္စကိုမျိုးက သူတို့ကျောင်း ကို နာမည်ကြီးစေနိုင်ပေမယ့် ဝမ်းလဲ့ပန်းက သူ့ရဲ့ထူးခြားတဲ့အခြေအနေမှာလုပ်နိုင်တာ ၊ တခြား ကျန်တဲ့ကျောင်းသားတွေ လိုက်ပြီးလုပ်လို့ကတော့ ဒုက္ခတွေရောက်ကုန် လိမ့် မယ်။
“ကျွန်တော်တို့ ဒီနေ့ဒီကို လာရတဲ့ ပထမအကြောင်းအရင်းက ဝမ်းလဲ့ပန်း ကြောင့် ရဲဖက်ဆိုင်ရာကို အများကြီးအကူအညီဖြစ်စေတာကို ချီးကျူးဖို့လာတာ ၊ ဒုတိယ တစ်ချက်က ဒီလိုအခြေအနေမျိုးမှာတောင် ဒဏ်တစ်ချက်မရပဲ လူဆိုးတစ်အုပ်စုကို ဖြေရှင်းနိုင်တယ်ဆိုကတည်းက ကျောင်းသားဝမ်းလဲ့ပန်းရဲ့ အရည်ချင်းတွေက သတိပြု စရာဖြစ်ပြီး ကျွန်တော်တို့ဋ္ဌာနတွေက သတိထားစောင့်ကြည့်နေပြီ”
နိုင်ငံတစ်ခုလုံးရှိ ရဲဘော်မွေးထုတ်ရေးကျောင်းဆယ့်နှစ်ခုက ဖိတ်ခေါ်ပြီး ပေါင်ဆုန့်ပေးဖို့ပြောထား ကြပြီ ၊ ဟွာရှပြည်သူ့လုံခြုံရေးတက္ကသိုလ်ကလဲ ပေါင်ဆုန့် နာမည်တစ်ခုပေးလိုက်တယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုစရာမလိုပဲ ၊ အခုအတည်းက တစ်ခါတည်း တိုက်ရိုက်တက်ရောက်နိုင်တယ်”
ESTÁS LEYENDO
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Misterio / Suspensoသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
