အခန်း(102) မြတ်ပြီ အများကြီးမြတ်ပြီ!
ချန်ချူ ရှင်းမော်မြို့ထဲပြန်ဝင်ပြီး စာအုပ်ရောင်းတဲ့ ဆိုင်ရှင်ကိုရှာလိုက်သည်၊ ချန်ချူ လာတာကိုတွေ့တော့ ဆိုင်ရှင်က အားတက်စွာနူတ်ဆက်လိုက်သည် “ဧည့်သည် လာပြီ ပေါ့ ၊ ဒီနေ့ကောဘာဝယ်ဦးမလဲ?”
ချန်ချူက တမင်လျို့ဝှက်စွာပြောလိုက်သည် “ဒီနေ့ ကြီးကြီးမားမားအရောင်းအ ဝယ် လုပ်မယ် ဘယ်လိုလဲ?”
“ဘယ်လိုအရောင်းအဝယ်လဲ?”ဆိုင်ရှင်လဲ စိတ်ဝင်စားသွားသည်။
“ငါတို့တနေရာရှာပြီး အေးအေးဆေးဆေးစကားပြောကြတာပေါ့!”
ဆိုင်ရှင်လဲ ဘာသံသယမှဝင်ခြင်းမရှိဘဲ ၊ သူ့စာအုပ်ဆိုင်သိမ်းကာ ချန်ချူနဲ့ အတူ လိုက်သွားတော့သည်။ခဏနေတော့ ထောင့်တစ်နေရာကိုရောက်လာသည်။
ဆိုင်ရှင်က ချန်ချူမှာ ဘာအရောင်းအဝယ်များရှိလဲဆိုပြီး စိတ်သင်စားလာနေတုန်း ချန်ချူက လင်ကျွင်းပေးလိုက်တဲ့ ရပ်တောင်ကိုထုတ်ယူလိုက်သည်၊ယပ်တောင်က ထွက်လာတဲ့ အရှိန်ကြောင့် ဆိုင်ရှင်မျက်နှာပျက်သွားကာ နောက်ကိုဆုပ်မိလိုက်သည်။ ချန်ချူကို သူ့ပုခုံးပုတ်လိုက်ပြီး “မကြောက်ပါနဲ့!”
“ဧည့်သည် သင်,သင်…..လုပ်ချင်တာလဲ?ဆိုင်ရှင်ပျာယာခတ်ကာပြောလိုက် သည်။ “ကျွန်တော်က အရောင်းအဝယ်သေးသေးလေးလုပ်ပြီး မိသားစုအတွက် ပိုက်ဆံရှာနေတဲ့သူပါ…..”
“အထင်လွဲကုန်ပြီ”ချန်ချူက အမြန်ပြောလိုက်သည် “ကျွန်တော်ပြောတဲ့ အရောင်းအဝယ်ဆိုတာ ဒီပစ္စည်းပဲ…….”
ချန်ချူ သူ့လက်ထဲက ယပ်တောင်ကိုယမ်းလိုက်သည်။ဆိုင်ရှင်က ကြောက် ကြောက်လန့်လန့်နဲ့ ခေါင်းယမ်းလိုက်သည် “အဲတာကို ကျွန်တော်မယူရဲဘူး!”
ယပ်တောင်ထဲမှာ အဆင့်လွန်ရှင်းမော်ရဲ့ အရှိန်ရှိနေတော့ ယပ်တောင်ကို ကိုင်တောင်မကိုင်ရဲဘူး။
ချန်ချူမျက်ဖြူလန်ပြီး “ကျွန်တော်လဲ ခင်ဗျားကိုပေးမယ်လို့မပြောပါဘူး!”
“အာ?”ဆိုင်ရှင်တစ်ချက်ကြောင်သွားပြီးမှ “ဒါဆိုရင် ဧည့်သည်က ဘာကိုဆိုလို ချင်တာလဲ?”
“ဒီပစ္စည်းက ကျွန်တော့်အတွက်အရမ်းကိုတန်ဖိုးရှိတဲ့အရာတစ်ခုပေါ့ ၊ ဒါပေမယ့် လောလောဆယ်ကျွန်တော်မှာ အသားတုံးအလုံအလောက်မရှိတော့လို့လေ”ချန်ချူက ဆက်ပြီးပြောလိုက်သည် “ဒါက ဒီယပ်တောင်ကို ခင်ဗျားနားမှာ အပေါင်ထားပြီး ခင်ဗျား စာအုပ်အားလုံးနဲ့လှဲချင်လို့ ၊ ကျွန်တော်လုံလောက်တဲ့ အသားတုံးတွေရရင် ခင်ဗျားကို လာရှာပြီး ယပ်တောင်ပြန်လာယူမယ် ၊ ဘယ်လိုလဲ?”
ဆိုင်ရှင်ဒါကိုကြားတော့ သက်ပြင်းချလိုက်မိသည်။ “လက်စသတ်တော့ ဒီလိုကိုး ၊ ဧည့်သည်စောစောကပြောရောပေါ့! ယပ်တောင်အပ်ထားစရာမလိုဘူး ,ဧည့်သည်လို အပ်ရင် ကျွန်တော်စာအုပ်အားလုံးဧည့်သည်ကိုအရင်ပေးထားလိုက်မယ်!”
YOU ARE READING
ဆရာတစ်ယောက်၏နေ့စဥ်ဘဝ
Mystery / Thrillerသင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
