ဖဝါးထက်က ပုလဲသွယ် (၁)(ခ)

2.2K 198 0
                                    

ဖဝါးထက်က ပုလဲသွယ် (၁)(ခ)

ငှက်ကလေးတစ်ကောင်က သူမဆီပျံလာပြီး ယဲ့လီကျူးပခုံးပေါ်တွင်နား၏။ ယဲ့လီကျူး၏ နောက်ကျောလးကိုထိပြီးနောက် လီကျူး၏ လက်ချောင်းထိပ်ကလေးကို နမ်းကာ အတောင်ပံခတ်ရင်း ပျံပြေးသွားလေတော့သည်။

ထို့နောက် ယဲ့လီကျူးက ထမင်းစားဆောင်သို့ဝင်ကာ ချင်ရွှမ်းနှင့် ချင်ဟွေ့ဘေးသို့ ထိုင်လိုက်၏။

ချင်ဟွေ့က ယဲ့လီကျူးကို အချိန်တိုင်း ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။

ယဲ့လီကျူးက ပြုံးကာ ''ချင်ဟွေ့ ညီမ ဘာဖြစ်လို့လဲ။ ညီမမျက်နှာမှာ တစ်ခုခုများပေနေလို့လား"

ချင်ဟွေ့က ဆိုလိုက်သည်။ "ညီမလေး...ညီမ ဒီကနေ သွားသွား မသွားသွား ပြောစရာရှိ....."

သူမ စကားမဆုံသေးခင်မှာပင် ချင်ရွှမ်းက ချင်ဟွေ့ကိုဆိတ်၍ သူမပါးစပ်ထဲသို့ မန်ထိုတစ်လုံး ထိုးပေးလိုက်သည်။ သူမက ယဲ့လီကျူးကိုပါ ဆက်ပြောလိုက်သည်။

"ကျူးကျူး ဆန်ပြုတ်တွေ အေးကုန်တော့မယ် မြန်မြန်စားလိုက်လေ"

ယဲ့လီကျူးက ပြုံးကာ ဆန်ပြုတ်ကို ငုံ့သောက်၏။ သူမက စားချင်စိတ်အနည်းဆုံးလူမို့ အမြန်ဆုံး ပြီးသွားသည်။

ယဲ့လီကျူးထွက်သွားတော့ ချင်ဟွေ့က ပြောလိုက်၏။ "ချင်ရွှမ်း နင် ငါ့ကို ဘာလို့ဆိတ်တာလဲ စကား ဆက်ပြောလို့မရတော့ဘူးလေ"

ချငိရွှန်းက ချင်ဟွေ့၏ နဖူးကိုပုတ်လိုက်သည်။

"နင့်ကို ဆရာတော်က ဘာလို့ ချင်ဟွေ့လို့နာမည်ပေးလဲဆိုတာ မသိဘူးလား နင်က တုံးလွန်းလို့ နင့်ကို စာလုံးကောင်းကောင်းလေး ပေးပြီး တော်လာမလားလို့လေ"

ချင်ဟွေ့က မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်သည်။

ချင်ရွှမ်းက ဆက်ပြော၏။

"ကျူးကျူးက သိပ်မကြာခင် အိမ်ပြန်တော့မှာ။ သူ့မိသားစုနဲ့ ပြန်တွေ့ဖို့ မျှော်လင့်ပြီး အပျော်တွေနဲ့ ပြည့်နေမှာသေချာတယ္။ သူ့မိသားစုအကြောင်းပြောပြီး ရေအေးတွေ လောင်းချတာမျိုး မလုပ်သင့်ဘူးလေ။ သွေးက ရေထက်ပျစ်တယ်ဟဲ့ နားလည်ရဲ့လား ကျူးကျူးက ငတုံးငအ မဟုတ်ဘူး။ ဆရာတော်ကတောင် ပြောဖူးတယ်လေ။ ကျူးကျူးက ငါတို့ထဲမှာ အတော်ဆုံးတဲ့။ အိမ်ပြန်တာ ကောင်းကောင်း၊ မကောင်းကောင်း အချိန်တန် သူ့ဟာသူသိလိမ့်မယ်။ အဲ့ဒါကြောင့် သူ့ကို စိတ်ညစ်အောင် သွားမလုပ်နဲ့"

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now