ဖဝါးထက်က ပုလဲသွယ် (၂၂)

1.9K 214 0
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၂၂)

Translator - Jinnie Grace

________

တိရှောင်းက ယဲ့လီကျူး၏ လက်သွယ်သွယ်လေးတွေကို ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"လွှတ်"

ယဲ့လီကျူးမျက်နှာလေး ရဲသွား၏။

"တောင်းပန်ပါတယ်ရှင်။ ကျွန်မ မရည်ရွယ်ပါဘူး"

သူမပြောနေရင်း ယဲ့လီကျူးတစ်ကိုယ်လုံး ပျော့ခွေချင်လာသည်မို့ သူမ မနေနိုင်စွာ တိရှောင်းရှိရာဘက်သို့ မှီချလိုက်မိသည်။

သူ့ရင်ဘတ်နှင့် ကပ်ခါနီးအချိန်မှာပင် တိရှောင်းက သူမ ခါးကိုညှစ်ကာ ဘေးသို့တွန်းလိုက်သည်။

သူမက သူ့ကို ဒီလိုမျက်လုံးတွေနှင့်ကြည့်နေပြီး ကပ်လာလျှင် တိရှောင်း သည်းခံနိုင်မှာမဟုတ်ပေ။

သူမသာ သူ့ရင်ခွင်ထဲရောက်လာခဲ့ရင်....

တိရှောင်းက ဘေးဘီကို ကြည့်လိုက်သည်။

နွေရက်ဖြစ်သော်လည်း သူတို့နေရာက အတော်လေးအရိပ်ရသည်။ ပန်းတွေကလည်း သိပ်သည်းစွာ ပွင့်နေကြသေးသည်။ သူက လူကောင်းတစ်ယောက်မဟုတ်ပေ။ ယဲ့လီကျူးဖက်က စလာလျှင် သေချာပေါက်သူငြင်းနိုင်မှာမဟုတ်။

သို့သော် နေမကောင်းသည့် အလှလေးက နူးညံ့လွန်းသည်မို့ လေတိုက်ထဲ အကြာကြီးနေခိုင်းလို့မဖြစ်ပေ။

တိရှောင်းက ယဲ့လီကျူးလက်ကောက်ဝတ်ကိုညှစ်ကာ သူနှင့် လူချင်းခွာစေသည်။ ထို့နောက် အေးစက်စွာ ပြောလိုက်၏။ "ဂရုစိုက်"

ယဲ့လီကျူးကတော့ ထိုနေရာတွင် ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။ ထို့နောက် သူမက မျက်လုံးလေးကို လှန်ကြည့်ကာပြောလာ၏။

"ကျွန်မ ဒီဖက်ကိုလမ်းလျှောက်လာတာ။ မမျှော်လင့်ဘဲ လူကြီးကိုတွေ့လိုက်ရတာ။ တိုက်ဆိုင်လိုက်တာနော်"

"ကံမကောင်းသွားတာပါ"

ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ။ သူလည်း သူမကိုတွေ့ဖို့ သေချာဒီဖက်ကိုလာခဲ့တာဖြစ်သည်။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now