ဖဝါးထက်က ပုလဲသွယ် (၆၄)

1.3K 148 2
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၆၄)

________

ယဲ့လီကျူးက ငြိမ်ငြိမ်သက်သက်လေးအိပ်နေကာ သူမမျက်တောင်ကော့ကြီးတွေ၏ အရိပ်တွေက သူမ ပါးပြင်ပေါ် ကျရောက်နေလေသည်။

တိရှောင်းက လက်ကိုမြှောက်ကာ သူမမျက်တောင်လေးတွေကို ထိလိုက်သည်။ သူမက တိုးတိုးလေး ဆိုလာ၏ “မထိပါနဲ့”

သူမအသံလေးက နူးညံ့ကာ နှာသံလေးရောနေသည်။

တိရှောင်းက‌တော့ ပုံမှန်တိုင်းပင် “မင်းက ကိုယ့်ကို မကိုင်စေချင်ရင် ဘယ်သူ့ကို ကိုင်စေချင်တာလဲ။ ရှနိုင်ငံက ဒုတိယမင်းသားလား”

ယဲ့လီကျူးက နှစ်ခြိုက်စွာ အိပ်မောကျနေသော်လည်း မဆိုင်သည့်အကြောင်း ပါလာတာမို့ သူမမျက်လုံးတွေ ပွင့်သွားရသည်။ “ဒုတိယမင်းသားက ဘယ်ကနေပါလာရတာလဲ”

တိရှောင်းက သူမကို ပေါင်ပေါ်တင်လိုက်သည်။ သူ့အသံကတော့ အေးစက်နေ၏။ “ဟိုနေ့က ကိုယ်ထွက်သွားတော့ မင်းသူနဲ့ တွေ့တယ်မလား။ သူမင်းကို ဘာတွေပြောသွားတာလဲ”

ယဲ့လီကျူးက မျက်လုံးလေးကို ပွတ်လိုက်သည်။ ထိုနေ့က အဲ့နေရာမှာ ဘယ်သူမှ မရှိပေ။ သူမအဖေနှင့် ဒုတိယမင်းသားပဲ ရှိခဲ့တာကို တိရှောင်းက ဒီကိစ္စကို ဘယ်လိုသိတာပါလိမ့်။

သူမက ပြောလိုက်သည်။ “ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ရူးနေတာ ထင်ပါတယ်။ ပေါက်ကရတွေ လျှောက်ပြောသွားတယ်”

တိရှောင်းက ပြန်မေးသည်။ “ဘာတွေပြောသွားတာလဲ”

သူမက ခဏလောက် ပြန်စဉ်းစားလိုက်၏။ “အရှင်နဲ့ ကျွန်မအကြောင်းကို ပြောမယ်လို့ ခြိမ်းခြောက်တယ်”

တိရှောင်းက သူမမေးစေ့လေးကို မော့လိုက်၏။ “တခြားရော ပြောတာ ရှိသေးလား”

သူမက ခေါင်းလေးကို ယမ်းသည်။ “မရှိတော့ပါဘူး”

နှစ်ခြိုက်စွာ အိပ်မောကျထားသည်မို့ သူမဆံပင်တွေက လျော့ရဲနေကာ မျက်လုံးထောင့်လေးတွေ နီနေပုံက သနားစဖွယ်။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now