ဖဝါးထက်က ပုလဲသွယ် (၂၃)

1.9K 217 0
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၂၃)

Translator - Jinnie Grace

________

နေ့လယ်ပိုင်းတွင်တော့ နန်းတော်ထဲမှ လူတစ်ယောက် ရုတ်တရက် ရောက်လာသည်။ သူမက မိဖုရားခေါင်ကြီး၏ လူဖြစ်၏။

မိဖုရားခေါင်ကြီးက ယဲ့လီကျူး၏ ကျန်းမာရေးအခြေအနေကြောင့် ငှက်သိုက်တွေ လက်ဆောင်ပေးရင်း လူတစ်ယောက်ကိုပါ ပို့လိုက်ခြင်း ဖြစ်သည်။  မိဖုရားခေါ်ကြီး ပို့လိုက်သည့်အစေခံက ဆေးပညာလည်း အနည်းအကျဉ်း နားလည်သည်မို့ သူမ နေမကောင်းတိုင်း သမားတော် ခေါ်စရာ မလိုတော့ပေ။ ထို့အပြင် အရေးပေါ်ကိစ္စဆိုလည်း သူမက ကူညီနိုင်သည်။

ယဲ့လီကျူးကလည်း မငြင်းပေ။

ရွေးချယ်ခံရပြီးပြီမို့ ဘယ်သူမှလည်း ငြင်းပိုင်ခွင့် မရှိပေ။

ပို့လိုက်သည့်အစေခံနာမည်က ဟိုက်ထန်ဖြစ်ကာ ဆယ့်ရှစ် ဆယ့်ကိုးအရွယ်ဖြစ်ပြီး မျက်လုံးလှလှ အသားအရေကောင်းကောင်းနှင့် အဆင်းတင့်တယ်သောသူ ဖြစ်သည်။

ဟိုက်ထန်က သူမကို ဂါရ၀ပြုလိုက်သည်။ "သခင်မလေး"

ယဲ့လီကျူးက သူမကို ထစေဖို့ကူညီပေးကာ ပြောလိုက်သည်။ "အရမ်းမရိုကျိူးပါနဲ့ ရပါတယ်"

မိဖုရားခေါင်ကြီးက ဘာလို့လူတစ်ယောက်ထပ်လွှတ်သလဲဆိုတာကို သူမ မသိသော်လည်း ဟိုက်ထန်က ထက်မြက်ပြီး လိမ္မာလောက်မည့်သူပုံစံမို့ စကားနည်းနည်းပြောပြီး ယဲ့အိမ်တော်နှင့် ကျွမ်းဝင်စေရန် အစေခံလေးတစ်ယောက်ကို လိုက်ပြစေလိုက်၏။

နေ့လယ်တွင်တော့ ယဲ့လီကျူးက ယဲ့ဖူအန်းအဆောင်ကို  ဂါဝရပြုရန်သွားသည်။

ယဲ့ဖူအန်းက သူစာလေ့လာနေလျှင် ဘယ်သူ့ကိုမှ အထဲသို့ မဝင်ခိုင်းပေ။ ဝူသခင်မတောင် အရှေ့က ရပ်စောင့်ရကာ အသိပေးပြီ ဝင်ခဲ့ခိုင်းမှ ဝင်ရသည်။

ယဲ့လီကျူး ရောက်သွားတော့အပြင်က အစေခံတစ်ယောက်က သူမကို တားလိုက်၏။

"သခင်မလေး ကျွန်တော် သခင်ကြီးကို သွားပြောလိုက်ပါဦးမယ်။ စောင့်ပါဦး"

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now