ဖဝါးထက်က ပုလဲသွယ် (၃၉)

1.9K 241 3
                                    

Translation of Pearl In The Palm.

ဖဝါးထက်က ပုလဲသွယ် (၃၉)

Translator - Jinnie Grace

_______

တိရှောင်းက တစ်ခဏအတွင်း အေးစက်သွားသလိုပင်။

ယဲ့လီကျူးက ပါးစပ်ကလေးဟကာ စပျစ်သီးကို စားလိုက်သည်။ သူမလျှာဖျားလေးက ချိုချိုချဉ်ချဉ် စပျစ်သီးကို အရသာခံလိုက်မိစဉ်မှာပဲ ရုတ်တရက် ဆွဲနမ်းခံလိုက်ရ၏။

သူမ မျက်လုံးလေးဖွင့်ပြီး အမျိုးသား၏ခံ့ညားသောမျက်နှာကို ကြည့်လိုက်မိသည်။

တိရှောင်းက မျက်ခုံးနက်နက် အေးစက်စက်မျက်ဝန်း၊ နှာတံမြင့်မြင့်နှင့် အတော်လေး ကြည့်ကောင်းသည်။

စပျစ်သီးအရည်တွေက သူမနှုတ်ခမ်းမှ စီးကျနေကာ လုံးဝကို ကြောင်တောင်တောင်လေးဖြစ်နေသည်။ ဒီတစ်ခေါက် တိရှောင်းက အားပါလွန်းသည်မို့ သူမဘာမှမလုပ်နိုင်ပေ။

အဆုံးမှာတော့ တိရှောင်းပခုံးကို အားနည်းစွာဖြင့် သူမ မှီထားလိုက်ရကာ အသက်ကိုလုရှူနေရသည်။ သူမအသံရှူသံ မျဉ်းမျဉ်းလေးကအစ ဆွဲဆောင်မှုရှိနေသည်။

စပျစ်သီးတွေကိုတော့ တိရှောင်းက ထိုင်စားနေသည်။

သူမတို့နှစ်ယောက်အခြေအနေက ထူးဆန်းနေသည်ဟု သူမ ထင်သော်လည်း ဘာကြီးမှန်းတော့ သူမလည်းမသိပေ။

အစကတော့သူမတို့နှစ်ယောက်က သူစိမ်းတွေ၊ ထို့နောက် စကားအနည်းငယ်ပြောဖြစ်ကြသည်။ ပြီးတော့ ပွေ့ဖက်ကြ၏။ တိရှောင်းက သူမအခန်းထဲလည်း ဝင်အိပ်ကာ ‌နောက်ဆုံးတော့ နမ်းပင်နမ်းလိုက်ကြသေးသည်။

အချိန်က အရမ်းမြန်လွန်းသည်။ ဘုန်းကြီးကျောင်းမှာတုန်းက ယောက်ျားတစ်ယောက်နှင့်အတူ သာယာမှု ရှာမိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှတွေးမထားမိပေ။

တိရှောင်းကိုလည်း သူမကို တာဝန်ယူ‌ပေးနေရတာမျိုး မဖြစ်စေချင်ပေ။ အစကတော့ သူမကိုယ်တိုင်က အလိုရှိခဲ့သည်။ တိရှောင်းအနား ကပ်လာလျှင် သူမ ခဏတော့ နေလို့ကောင်းသွားတတ်သည်။ ဒုတိယအနေဖြင့် သူမအပေါ်ထားသည့် တိရှောင်းသဘောထားကို သူမ မသိရပေ။ သူက သူမအပေါ် ကူညီဖို့ ခံစားချက် ရှိလောက်ရုံဟု ခံစားမိရုံမျှသာ။ တိရှောင်းကို သူမကျန်းမာရေးအခြေအနေကြောင့် အတူရှိဖို့ တောင်းဆိုမိလျှင် ဒါသူ့ကို အသုံးချနေတာပဲဖြစ်သည်။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now