71 - 75

364 29 0
                                    

အခန်း ၇၁:
မြင့်မြတ်သော ခရမ်းရောင်မီးရေခဲ။
------------------------------------------------------

                                            လင်းယွန်သတိပြန်ရလာသည်နှင့် မျက်လုံးများဖွင့်လိုက်သောအခါ၊ သူ၏ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားလေပြီ။ ထို့အပြင် သူ၏ရင်ဘက်ရှိဒဏ်ရာများမှာ အမာရွတ်များအဖြစ်သာ ထင်ကျန်ရစ်တော့၏။

သူက မီးစွမ်းအင်ဖြင့် ခန္ဓာကိုယ်အားသန့်စင်ပြီးနောက်တွင်၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကုသနိူင်မှုနှုန်းမှာ ပိုမိုအားကောင်းလာခဲ့သည်။ လင်းယွန်ကထထိုင်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။

ဝန်းကျင်၌ နတ်ဆိုးမီးလျှံကျား၏အလောင်းအပြင်၊ အခြားနတ်ဆိုးသားရဲများ၏ အလောင်းများသည်လည်း ရှိနေခဲ့သည်။ ထိုသားရဲအသေကောင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်၊ ၎င်းတို့အားလုံးအား နဂါးသွေးမြင်းမှနင်းသတ်ခဲ့ကြောင်း ထင်ရှားလှပေ၏။ ၎င်းနဂါးသွေးမြင်းသည် သတိလစ်မေ့မျောနေစဉ် ကာလတစ်လျှောက်လုံး သူ့အားစောင့်ရှောက်နေခဲ့ပုံ ရသည်။

အနည်းဆုံးတော့ ဒီမြင်းမိုက်တွင် အသိစိတ်တစ်ခုရှိနေခဲ့သည်။ ထိုခံစားချက်ကြောင့် လင်းယွန်က ပြုံးလိုက်ကာ နဂါးသွေးမြင်းအား လှည့်ပတ်ကြည့်လိုက်သည်။

သို့သော် တောအုပ်အတွင်း၌ နဂါးသွေးမြင်း၏ အရိပ်အယောင်မျှပင် မတွေ့ရှိခဲ့ပဲ၊ ၎င်းသည် ထိုမြင်း၏ပြုမူနေကြ ခြေရှည်မှုများဖြစ်ကာ၊ လင်းယွန်က စိုးရိမ်ခြင်းမရှိတော့ချေ။ တစ်ဆက်တည်းမှာပင်  ပတ်ဝန်ကျင်အား ဆက်လက်အကဲခတ် ကြည့်နေလျက်မှ၊ နောက်ဆုံးတွင် သူ့၏အကြည့်သည် နတ်ဆိုးမီးလျှံကျားထံ၌ ငြိမ်သက်သွားခဲ့၏။

ထို့နောက်တွင်လင်းယွန်သည် သိုလှောင်အိတ်အတွင်းမှဓားမြှောင်ကိုထုတ်ယူလိုက်ကာ၊ နတ်ဆိုးမီးလျှံကျားအား စတင်ရိတ်သိမ်းလိုက်သည်။ လင်းယွန်လက်၌ဓါးရှည်များမှာ ကျိုးကျကြသော်လည်း၊ ဓါး​မြှောင်များမှာမူ ကျိုးကျခဲ့ခြင်းမရှိပေ။ ၎င်းသည်လင်းယွန်၏ မဖြေရှင်းနိူင်သော ပြဿနာတစ်ခုဖြစ်နေဆဲပင်။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now