136 - 140

286 27 0
                                    

အခန်း ၁၃၆

ဓားသူတော်စင်။

နက်နဲတပိုင်း သိုင်းသမား များသည်ပင် တွင်းနက်ကြီး အတွင်းသို့ မီတာ တစ်ရာ အထိသာ ဆင်းသက် ရောက်ရှိ နိုင်ခဲ့၏။ ထိုတွင်းနက်ကြီး အတွင်းမှ ဖိအားများ ပြင်းထန်လှပေရာ၊ ပြုတ်ကျ သွားသော လင်းယွန်အတွက်မူ သေရန်မှ တပါး အခြား မရှိနိုင်တော့ချေ။

သို့သော် အခြား တစ်ဖက်တွင်၊ လင်းယွန်သည် သေဆုံး သွားခြင်း မရှိပဲ၊ လွန်ခဲ့သော အချိန်သို့ ပြန်ပြောင်း သွားရ ပါလျှင်၊ ကျောက်ခေါင်းတလား ကွဲအက်ပြီးနောက်၊ လင်းယွန်မှာ  ပြုတ်ကျသွားခဲ့သည်။

သူက တုန်လှုပ် ချောက်ချား စွာ​ဖြင့် ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်ရာ၊ တွင်းနက်​ကြီးအတွင်းသို့ ပြုတ်ကျ နေခြင်း ဖြစ်ကြောင်း သတိ ပြုမိ လိုက်၏။

တစ်ချိန်တည်း မှာပင်၊ သူ့ပတ်ဝန်း ကျင်ရှိ အနက်ရောင် ဝိညာဉ်စွမ်းအင် များသည် ခန္ဓာကိုယ် ထဲသို့ တိုးဝင် လာကာ၊ စိတ်ဝိညာဉ်ကို စုပ်ယူရန် ကြိုးစား လာ​ခဲ့ သည်ကြောင့်၊ ဦး​ခေါင်းခွံ တစ်ခု လုံးအား နာကျင် ကိုက်ခဲ လာ​စေပြီး၊ စိတ်ဝိညာဉ် ကွဲအက် သွားသလို ခံစားလိုက်ရ၏။

'' အနက်ရော​င် စွမ်းအင်တွေ..... ''

လင်းယွန်၏ အရေပြား၌   အနက်ရောင် အစက် အပြောက်များ နေရာ အနှံ့ ဖြစ်ပေါ် လာသည်ကြောင့် သူက ထိတ်လန့်စ ပြုလာသည်။ သို့သော် ထိုအချိန်မှာပင် သူ့လက်ထဲရှိ ကောင်းကင် ရတနာထံမှ ဓားမီးတောက်များ ရုတ်တရက် ထွက်ပေါ် လာ​လေသည်။

ဝူးရှ်။

ထိုဓားမီးတောက် များသည် အတား အဆီးတစ်ခုအဖြစ် သူ့ ပတ်ပတ်လည်တွင် တဖျစ်ဖျစ် မြည်နေခဲ့၏။ ၎င်းဓား မီးတောက်များ ထွက်ပေါ် လာသည်နှင့် ပတ်ဝန်းကျင်ရှိ အနက်​ရောင် ဝိညဉ် စွမ်းအင် များမှာ အပိုင်းပိုင်း ဖြိုခွဲ ခံလိုက် ရတော့သည်။

တစ်ဆက်တည်းမှာပင်၊ သူ့ဒါန်တမ်အတွင်းရှိ  ပန်းခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာကာ၊ စိတ်ဝိညာဉ် အတွင်းရှိ အနက်ရောင် ဝိညာဉ်စွမ်းအင်များကို ချေမှုန်းရန် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီDonde viven las historias. Descúbrelo ahora