211 - 215

189 17 0
                                    

အခန်း ၂၁၁
အသင်္ချေ ဓားရင်ပြင်။

ကောင်းကင်ဘုံ ဓား နန်းတော်တွင် နယ်မြေကြီးလေးခု ရှိသည်။ ၎င်းတို့မှာ 'အသင်္ချေဓား ရင်ပြင်'၊ 'ဓားဝိညာဉ် ခန်းမ'၊ 'ဓားသင်္ချိုင်း တောင်ကုန်း'နှင့် 'တိမ်လွှာ ဓားခန်းမ' တို့ဖြစ်သည်။

ဓားသင်္ချိုင်း တောအုပ်မှာ ရတနာ နယ်မြေထဲ ပါဝင် သော်လည်း၊ တားမြစ် နယ်မြေ ဖြစ်သည် ကြောင့်၊ တပည့်များ သွားလာ ခွင့်ကို ပိတ်ပင် ထား၏။

၎င်းတို့သည် 'ဓား ရည်ရွယ်ချက် အပေါ် နားလည်မှု ရယူခြင်း'၊ 'သိုင်းဝိညာဉ်'၊ စီနီယာများ ထားခဲ့သော 'အမွေအနှစ်' များနှင့်၊ 'လျှို့ဝှက် နည်းစနစ် များ'ဟု၊ အကြမ်ဖျင်း မှတ်ယူ နိုင်ပေသည်။

တပည့်များ အတွက် နယ်မြေ တိုင်းတွင် ဆွဲဆောင်မှု များစွာ ရှိပေသည်။ သို့သော် 'အသင်္ချေ ဓားရင်ပြင်' မှလွဲ၍၊ ကျန်သုံး နေရာသည်၊ ဂိုဏ်းသား တံဆိပ်ပြားကို ဒုတိယ အဆင့်သို့၊ မြှင့်တင် ထားရန် လိုအပ်ပေ၏။

ထို့ကြောင့် လင်းယွန်မှာ ယခု အချိန်တွင် 'အသင်္ချေဓား ရင်ပြင်' ကိုသာ ရွေးချယ် နိုင်မည် ဖြစ်သည်။ သို့သော် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းခြင်း သည်သာ  သူ့အတွက် ပို၍ အသုံးဝင် လှပေသည်။

" ဟွမ်ဖူ၊ မင်းရဲ့ ဂိုဏ်းသား ကျောက်စိမ်း တံဆိပ်ရဲ့ အဆင့်က ဘယ်လောက်လဲ။"

“ ဒုတိယ အဆင့်၊ မင်းကရော၊ မင်းက ငါနဲ့ တူနေ သင့်တယ် မဟုတ်လား"

ဟွမ်ဖူဂျင်းရှန်က ပြုံးပြီး ပြန်ဖြေ လာ၏။

“ ဟင့် အင်း… ငါက သုည အဆင့် မှာပဲ၊ ရှိသေးတယ် ”

လင်းယွန်က ရှက်ရွံ့ဟန်ဖြင့် ပြန်ဖြေ လိုက်သည်။

" သုညအဆင့်.... အို ဟုတ်သား.... အဲဒီ တုန်းက မင်းကို ဆေးတောင်တန်းမှာ အပြစ်ပေး ခဲ့တာကိုး ... ''

'' ဒါနဲ့ ဝိညာဉ် ကျောက်စိမ်းတွေ မရှိပဲနဲ့၊ မင်းရဲ့တံဆိပ်ပြားကို အဆင့် ဘယ်လို တိုးခဲ့တာလဲ...''

ကျောက်စိမ်းတုံး အရေ အတွက်သည် 'ဂိုဏ်းသား တံဆိပ် ပြား'ကို၊ မြှင့်တင်ရန် တစ်ခုတည်းသော ရွေးချယ်ခွင့် ဖြစ်သည်ကြောင့်၊ လင်းယွန်က မေးလိုက်ခြင်း ဖြစ်သည်။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now