266 - 270

214 24 0
                                    

အခန်း ၂၆၆ :
ရိတ်သိမ်းခြင်း။

" မင်းတို့ မကျေနပ် ဖူးလား"

လင်းယွန်က သူတို့ နှစ်ဦးကို အေးစက်စွာ စိုက် ကြည့် လာ သည်ကြောင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် သွားလေသည်။

လင်းယွန်၏ ဓား ရည်ရွယ်ချက်မှာ သူတို့ သွေးများ ကိုပင် အေးခဲ သွား စေခဲ့၏။

“ မဟုတ်ဘူး၊ ငါတို့ အဆင်ပြေ ပါတယ်၊ ဟုတ်တယ် ငါတို့ ကြေနပ် ပါတယ်။ ”

ဘူချန်နှင့် ရှောင်းရန် တို့က သွားများကို အံကြိတ်ကာ၊ ပေါင်ခြံ ကြား ထဲသို့ ခေါင်းများကို ထိုးမြှုပ် လိုက် ကြလေ၏။

ဘူချန်နှင့် ရှောင်းရန်ကို စောင့်ကြည့်ရန်အတွက် နဂါးသွေး မြင်းကို ထားခဲ့ကာ၊ ဘိုင်ချူးဟွေ၊ ဂိုယု တို့နှင့် အတူ ချိုင့်ဝှမ်း အတွင်းမှ ထွက်ခွာ လာခဲ့သည်။

သူ့စကားအတိုင်း ထိုသူ နှစ်ယောက်ကို၊ သုံးရက်ကြာ ဒူးထောက်ခြင်း ရှိ မရှိအား၊ တာဝန်ယူ စောင့်ကြည့် ခွင့်ရ ခဲ့သော၊ နဂါးသွေး မြင်းမှာ ထုံစံအတိုင်း ပျော်ရွှင်စွာ ကျန်ရစ် နေခဲ့ လေသည်။

လက်စားချေ ခြင်း၏ အထိန်း အကွပ် မရှိသော အပြု အမူ များကို လီဝူယု ထံမှ အပြည့် အဝ သင်ယူ နိုင်ခဲ့သည်။  မရိုးသား ခြင်း၏ အကျိုးဆက်ကို ပေးသိ စေခြင်းငှာ သာ၍ ပျော်ပေ၏။

ကောင်းကင်၌ အလင်းရောင်များ ပြန်လည် ထွက်ပေါ် လာ ချိန်တွင်၊ ဘိုင်ချူးဟွေနှင့် ပျိုးကျွန် များမှာ၊ သွေးအရိုး တောအုပ်မှ  အန္တရာယ် ကင်းကင်းဖြင့်၊ ထွက်ခွာ လာနိုင် ခဲ့သည်။

အပြန် ခရီးစဉ်သည် ချောမွေ့လှပြီး၊ ယဉ်ပါးသော နတ်ဆိုး သားရဲ အချို့ မှလွဲ၍ အခြားသော အနှောက် အယှက်များ ရှိမလာ ခဲ့ကြပေ။

တိမ်တိုက်များကို ဖြတ်ကျော် ဝင်ရောက် လာသော အာရုဏ်ဦး ရောင်ခြည် အောက်တွင်၊ ဘိုင်ချူးဟွေက တောက်ပစွာ ပြုံးနေ ခဲ့သည်။

“ ဒီတစ်ကြိမ် မင်းရဲ့အကူအညီ အတွက်၊ ကျေးဇူး အများကြီး တင်ပါတယ်”

သူ့စကားအတိုင်း မျက်ဝန်း များတွင် ကျေးဇူးတင်သော အရိပ် အယောင်များ ပြည့်နှက် နေခဲ့သည်။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now