661 - 665

168 11 0
                                    

အခန်း ၆၆၁ -
ငါ့ ဓားကို ယူဝံ့ သလား။
လင်းယွန် စကားကြောင့် လူတိုင်း မျက်လုံး ပြူးသွားသည်။ ပြီးနောက် ရယ်မော လာကြ ချိန်တွင်၊ ဂျီယံက မောက်မာသော အသွင်ဖြင့်၊
“ ဂျီဝူယီကို အနိုင် ရတာ နဲ့ပဲ၊ အတော်လေး ပြည့်ဝ နေပြီလို့ ထင်နေပုံ ရတယ်၊ ဒါပေမယ့် ကိစ္စ မရှိ ပါဘူး၊ ... ”
“ ... မင်းနဲ့ မိုးကြိုး စီရင်စုရဲ့၊ အထက် တန်းစားတွေ ကြားက၊ ခြားနား ချက်ကို ငါ ပြ ပေးမယ်။ ”
ရုတ်တရက် ဂျီယံ ထံမှ သိပ်သည်းသော ရောင်ဝါများ ပေါက်ကွဲ ထွက်လာသည်။ ထိုအရှိန် အဝါမှာ တောက်လောင် နေသော နေမင်းကြီး ကဲ့သို့ ထွန်းလင်း သွား၏။
“ ဒါက ဂျီ မိသားစုရဲ့၊ မြေကြီး အဆင့် ကျင့်ကြံမှု နည်းစနစ်၊ ‘နေမင်း အလင်းရောင် သုတ္တန်’ ပဲ၊ ကြည့်ရတာ သူ တတိယ အဆင့်ကို ရောက်သွားပြီ ထင်တယ်။ ”
ဂျီယံ ခန္ဓာ ကိုယ်ရှိ မီးတောက် များကို ကြည့်ပြီး၊ သုံးသပ် ချက်များ ထွက်ပေါ် လာသည်။
“ ကောင်းကင် တောင်ကုန်း မြို့က မင်းကို အနိုင်ကျင့် ခဲ့တယ် လို့တော့ အပြော မခံ နိုင်ဘူး၊ မင်းသာ ငါ့ဆီ ကနေ ဆယ်ကြိမ် လက်ခံ ယူနိုင်ရင်၊ ငါ့ အရှုံးကို ဝန်ခံ ပေးမယ်။ ”
ချီကျူး သံများ အပေါ်၊ ကျေနပ် အားရ သွားဟန်ဖြင့်၊ လင်းယွန်ကို ကြည့်ပြီး ဂျီယံက မောက်မာစွာ ဆိုသည်။
( စိတ်ဝင် စားစရာပဲ … ၊ ဒီလူတွေက သူတို့ရဲ့ စီရင်စု အပေါ်၊ တကယ် ဂုဏ်မောက် နေကြတယ်။ )
အတွေး တစ်စ နှင့် အတူ၊ လင်းယွန်က စင်မြင့်ပေါ် ဆင်း လိုက်၏။
“ ဆယ်ကြိမ် ပဲလား၊ ငါ မင်းကို နောက်ထပ် အကြိမ်ရေ နှစ်ဆယ် မက၊ ထပ်ထည့်ခွင့် ပေးနိုင် ပါတယ်။ ”
“ မင်း တော့ ... သေပြီ။ ”
ဂျီယံက သူ့ လက်သီးကို ပစ်ထုတ်လျက် ဟစ်အော် လိုက်သည်။ နေမင်း ရောင်ခြည် သုတ္တန်နှင့်၊ မြေကြီး အဆင့် ကောင်းကင် မီးလျှံ လက်သီး နည်းစနစ်အား ပေါင်းစပ် လိုက်သည်။
၎င်းလက်သီး နည်းစနစ်ကို၊ အလယ် အလတ် ကျွမ်းကျင်မှု အဆင့် အထိ၊ ရယူ ထား နိုင်သည်။
သို့သော် ဤသည်ပင် အဆင့်တူ အတွင်း၊ အခြားသော လက်သီး နည်းစနစ် များထက်၊ (၅၀%) ပို၍ ပြင်းထန် ချေသည်။
ပြိုင်ဘက်ကို သုံးကြိမ် အတွင်း အနိုင် ယူရန်၊ ဤနည်းစနစ် အပေါ် အားကိုး ခဲ့၏။ လက်သီး သွားရာ လမ်းတလျှောက် လေထုမှာ၊ အပူ လှိုင်းများ ဖြစ်ပေါ် လာတော့သည်။
ထိုလက်သီးဖြင့် ရင်ဆိုင်ရန်၊ လျှပ်စီး ရူရ်ပေါင်း (၁၀) လုံးကို၊ သူ့ လက်သီးထံ ပေါင်းစပ်ကာ၊ လင်းယွန်က ပြုံးလိုက်သည်။
လက်သီး နှစ်လုံး ထိမှန် သွားသည်နှင့်၊ ပေါက်ကွဲမှု အချို့ ဖြစ်ပေါ် လာပြီး၊ လင်းယွန်မှာ ခြေလှမ်း တစ်ဝက် ခန့်သာ ဆုတ်ခွာ ပေးလိုက် ရ၏။
“ လာ ဦး မယ် ... ။ ”
ဤရလဒ်ကြောင့်၊ အနည်းငယ် အံ့အားသင့် သွားသော်လည်း၊ တုန့်ဆိုင်းခြင်း မရှိဘဲ၊ ဂျီယံက တိုက်ခိုက်မှု များကို ထပ်မံ ထုတ်ဖော် မိသည်။
ဤတစ်ကြိမ်တွင် အပူ လှိုင်းများက၊ မီးနဂါးများ အဖြစ် ပြောင်းလဲ သွားကာ၊ လေထု အတွင်း၊ ပေါက်ကွဲမှု အသေး စားများ ဖြစ်ပေါ် လာ လေသည်။
ဂျီယံမှာ အမှန် တကယ် အစွမ်းထက် ကြောင်း ဝန်ခံရ ပေမည်။ ၎င်းနှင့် အဆင့် တူ၌ ရှိသော၊ ဖန်းဝမ်၊ သခင် လိန်း၊ သွေးဝံပုလွေ တို့ထက် များစွာ အားကောင်း ချေ၏။
သူ့လက်သီး နည်းစနစ် နောက်ကွယ်ရှိ၊ စစ်မှန်သော ရည်ရွယ် ချက်ကို ရှာဖွေ ထားနိုင် သည်။
သို့သော် ယင်းမှာ လင်းယွန် အတွက်၊ ပြဿနာ ဖြစ်မလာ နိုင်ချေ။ အတွေး တစ်ချက် ဖြင့်ပင်၊ နဂါး စွမ်းအင်ကို ထုတ်ဖော်ကာ၊ လျှပ်စီး ရူရ် ပေါင်း (၃၀)အား လင်းစေ လိုက်၏။
သုံးကြိမ်ခန့် ထပ်မံ ဖလှယ် လိုက်ကြ ပြီးနောက်၊ ပတ်ဝန်းကျင် အပူ ချိန်မှာ၊ မြင့်တက် လာခဲ့ သည်။
အထူး သဖြင့် ဂျီယံ၏ လက်သီး အရှိန် အဝါမှာ၊ စင်မြင့် အပေါ်၊ တဖြည်းဖြည်း လွှမ်းခြုံ လာခြင်း ဖြစ်သည်။
ထိုလက်သီး များကို ရင်ဆိုင်ရန်၊ ဓားသုတ္တန်နှင့် လျှပ်စီး ရူရ် များ ပေါင်းစပ် ထားရသည်။
မျက်စိ တစ်မှိတ် အတွင်း၊ ခုနစ်ကြိမ် ကုန်ဆုံး သွားကာ၊ ဂျီယံ ပြောသော (၁၀)ကြိမ် ပြည့်ရန်၊ သုံးကြိမ်သာ ကျန်ရှိ တော့၏။
တိုက်ပွဲကို ကြည့်နေသော လူတိုင်း၏ မျက်နှာ ပေါ်၌၊ ရှုပ်ထွေး မှုများ ဖြစ်ပေါ် နေချေ ပြီ။
“ မင်းက ... တကယ့်ကို အရည်အချင်း ရှိ ပါတယ်၊ ငါ့ ခွန်အားရဲ့ (၅၀%)က မင်းကို ဘာမှ လုပ်နိုင် ပုံ မရဘူး၊ ဒါပေမယ့် ဒါက အဆုံးပဲ။ ”
အေးစက်စွာ ဆိုလိုက်ပြီး၊ သူ့ ပတ်ဝန်းကျင်၌ မီးတောက်များ တိုးပွား လာကာ၊ အရှိန် အဝါကို နောက်တဆင့် မြှင့်တင် လိုက်၏။
ခြေတစ်လှမ်း တိုးလိုက် သည်နှင့်၊ ကြမ်းပြင်တွင် အက်ကွဲ ကြောင်းများ ထွက်ပေါ် လာသဖြင့်၊ ရူရ်များ လင်းလက် အသက်ဝင် ကုန် တော့သည်။
လင်းယွန်ကို လက်သီးဖြင့် ထိုးချ လိုက်ချိန်၌၊ ဂျီယံ လက်မောင်း တစ်ဖက်လုံး မီးတောက်များ ဖုံးလွှမ်း သွားသည်။
“ ကောင်းကင် မီးလျှံ - နဂါး အလင်း။ ”
မီးတောက် များက၊ ကြမ်းကြုတ်သော နဂါး လက်သည်းကြီး အဖြစ်သို့၊ ချက်ချင်း ပြောင်းလဲ လာသည်။
ပြီးနောက် လင်းယွန်၏ ဦးခေါင်းကို ကုပ်ချေရန် ကြိုးစား တော့သည်။
“ ဒါက ... မလုံလောက် သေးဘူး။ ”
ညာလက် တစ်ဖက်လုံး၊ လျှပ်စီးများ လင်းလက် တောက်ပ လာပြီး၊ လင်းယွန်က ကောင်းကင်ကို မော့ကြည့်ကာ၊ ဆို လိုက်သည်။
“ မိုးပြာ နဂါး လက်သည်း။ ”
သည့်နောက် နဂါး လက်သည်း နှစ်ခု၊ ‘လေ’ထု အလယ် ထိပ်တိုက်တွေ့ သွားသော ကြောင့်၊ ပေါက်ကွဲ သံများ ဆူညံ လာသည်။
ဂျီယံ၏ တိုက်ခိုက် မှုကို၊ လင်းယွန် တစ်ယောက် ခံနိုင်ရည် ရှိလိမ့် မည်ဟု၊ မထင် ထား သောကြောင့်၊ လူတိုင်း အံ့အားသင့် ကုန်သည်။
ဂျီယံမှာ ဒေါသ ထွက်သွားပြီး၊ စိတ်မရှည် နိုင်တော့ချေ။ မီးတောက်များ စုပုံ လာကာ၊ ချပ်ဝတ် တစ်ထည် အဖြစ်၊ စတင် ဖွဲ့စည်း လိုက်၏။
“ ကောင်းကင် မီးလျှံ ချပ်ဝတ် ။ ”
ယင်းကို ကြည့်ပြီး ရှောင်တျဲဟီပင်၊ အံ့ဩ သွား၏၊
“ သူ့မှာ ... ၊ ဝှက်ဖဲ အချို့ ရှိနေပုံပဲ။ ”
ထို့ကြောင့် ချင်ရို့ယူမှာ၊ ခေါင်းညိတ် လိုက်ပြီး၊ ဂျီယံထံ လှမ်းကြည့်ကာ၊
“ နေမင်း ရောင်ခြည် သုတ္တန်ကို၊ ဆဋ္ဌမ အဆင့် ရောက်ပြီးရင်၊ ကောင်းကင် မီးလျှံ ချပ်ဝတ် ဖွဲ့စည်း နိုင်တယ်၊ ... ”
“ ... အမှန်တော့၊ ကောင်းကင် မီးလျှံ ချပ်ဝတ်ရဲ ဗဟိုချက်မှာ၊ ကောင်းကင် မီးတောက် တစ်ခုကို ထည့်သွင်း ရတယ်၊ ... ”
“ ... ကောင်းကင် မီးလျှံ ချပ်ဝတ်က၊ ကောင်းကင် မီးတောက် မရှိရင်၊ အစွမ်း မထက်ဘူး၊ ဂျီ မိသားစုက တိုက်ရိုက် ဆင်းသက် လာသူ မှာသာ၊ နည်းလမ်း အချို့ ရှိနိုင်တယ်။ ”
-ဟု ရှည်လျားစွာ ရှင်းပြ လိုက်သည်။
“ ဒါပေမယ့် လင်းယွန်ကို ရင်ဆိုင်ဖို့ ကတော့၊ လုံလောက် ပါတယ်၊ ဒီချပ်ဝတ်က ခံစစ်ကို တိုးမြှင့် နိုင်ရုံသာ မကဖူး၊ တိုက်စစ်ပါ (၅၀%) တိုးစေ လိမ့်မယ်။ ”
ရှောင်တျဲဟီက ခေါင်းငြိမ့်ကာ၊ အဆုံးသပ်ကို သုံးသပ် ပြလိုက်သည်။ ချင်ရို့ယူက ထုတ်ဖော် ပြောဆိုခြင်း မရှိ သော်လည်း၊ ထိုစကား အပေါ်၊ အကြွင်းမဲ့ သဘောတူ ၏။
အဘယ့်ကြောင့် ဆိုသော်၊ ဂျီယံက လင်းယွန်ကို ကိုးမီတာခန့် အနောက်သို့ တွန်းပို့ နိုင်ခဲ့သည်။
“ ဒါပဲ ... ။ ”
“ အိုး အရမ်း မိုက်တယ် ... ။ ”
လင်းယွန်အား နောက်သို့ တွန်းပို့ လိုက်သော၊ အခြေ အနေကြောင့်၊ လူအုပ်မှာ ပြုံးရွှင် လာကြသည်။
ယခု အချိန်၌ ဂျီယံ အနေဖြင့် လင်းယွန် အပေါ်၊ သင်ခန်းစာ တစ်ခု သင်ပေးရန် အချိန် ရောက်လာပြီ ဖြစ်သည်။
“ မဆိုး ပါဘူး၊ ဒါပေမယ့် အားနည်း နေသေး တယ်။ ”
သို့သော် နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ယူ လိုက်ပြီး၊ လင်းယွန်က ပြုံးကာ ဆို ၏။
“ မင်း ... ဘယ် အချိန်ထိ ဆက်ပြီး၊ မောက်မာ နိုင်မလဲ ကြည့် ရအောင်၊ ... တောက်လောင် နေသော နေမင်း ကမ္ဘာ။ ”
ထိုနောက် ဂျီယံ ခန္ဓာကိုယ်တွင်၊  ကြက်သွေးရောင် မီးတောက်များ လောင်ကျွမ်း လာပြီး၊ ကြမ်းပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာစေ တော့၏။
မီတာ တစ်ရာ ပတ်လည်ရှိ၊ အခင်း ကျောက်ပြားများ အားလုံး အပူချိန် ကြောင့်၊ အနီရောင် ပြောင်းလဲ သွားသည်။
နောက်အခိုက် အတန့်တွင်၊ ထိုအခင်း ကျောက်ပြား များက ဥက္ကာပျံ ကဲ့သို့၊ ပျံတက် လာပြီး၊ လင်းယွန်ထံ ပြေးဝင် သွား၏။
ကြောက်မက်ဖွယ် ကောင်းသော ဤတိုက်ခိုက် မှုကြောင့်၊ စင်မြင့် တစ်ခုလုံး ပြင်းစွာ တုန်လှုပ် နေသည်။
ထို့ကြောင့် လူတိုင်းက မူလ စွမ်းအင်ကို ထုတ်ဖော်ကာ၊ ခန္ဓာကိုယ် အနှံ့ ဖြန့်ကျက် ကာကွယ် လိုက်ကြ၏။
“ ကြည့်ရတာ ဂျီယံ တစ်ယောက် လေးနက်လာ ပြီထင်တယ်၊ ဒီလက်သီးက ကနဦး ယင်-ယန် အဆင့်၊ ကျွမ်းကျင်သူ ကိုတောင် ဒဏ်ရာ ရစေ နိုင်တယ်။ ”
“ ဟမ့် ... ၊ ဒီမာနကြီးတဲ့ ကောင်က သင်ခန်းစာ ယူ သင့်တယ်၊ သူ့ကိုတော့ ဂျီယံက သတ်မှာ မဟုတ်ပါဘူး။ ”
“ အသတ် မခံရ ပေမယ့်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိ မှာတော့ သေချာတယ်။ ”
လက်သီး မထိ မှန်ခင် ကပင်၊ လင်းယွန် တစ်ယောက် ရှုံးနိမ့် နိုင်ပြီဟု၊ သုံးသပ် နေကြ၏။
“ သနားစရာ ကောင်းတဲ့၊ လှည့်ကွက် လေးတွေ။ ”
နဂါး အမှတ် အသားကို အသက်သွင်း လိုက်သည်နှင့်၊ လင်းယွန် အဝတ် အစား များနှင့် ဆံပင်များ၊ လေထဲ တဖျပ်ဖျပ် ခတ်လာသည်။
ချက်ခြင်းပင်၊ လျှပ်စီး ရူရ်ပေါင်း (၃၀) လင်းလက် သွားပြီး၊ နဂါး ဟောက်သံနှင့် အတူ၊ ရှေးဟောင်း သားရဲ တစ်ကောင်၏ အငွေ့ အသက်များ၊ ပေါက်ကွဲ လာ၏။
သူ့ အသွင်မှာ၊ ကောင်းကင်၌ ကြီးပြင်းလာသော သားရဲကြီး တစ်ကောင် ကဲ့သို့၊ လူတိုင်း ထင်မှတ်မှား မိစေသည်။
“ မိုးပြာ နဂါး မူလ ပုံစံ — နဂါး စွမ်းအင်။ ”
ထိုအရှိန် အဝါများ အထွတ် အထိပ်သို့၊ ရောက်ရှိ သွားချိန်၌၊ ရက်စက် ကြမ်းကြုတ်သော အမူ အရာဖြင့်၊ လက်သီးကို ပစ်ချ လိုက်သည်။
“ ဟိတ် ... ။ ”
အဆိုပါ လက်သီးတွင်၊ အရာ အားလုံး ဖျက်ဆီး တော့မည် ကဲ့သို့၊ လျှပ်စီးများ ပေါက်ကွဲ စပြုလာ ခဲ့သည်။
“ ဝုန်း ... ။ ”
ဦးစွာ ကျောက် အခင်းပြား များအား၊ ဖျက်ဆီးပစ် ပြီးနောက်၊ လိုက်ပါ လာသော ကြက်သွေးရောင် လက်သီးကို ရင်ဆိုင် လိုက်သည်။
အရာအားလုံး ‘အမှုန်’ အဖြစ် ပြောင်းလဲ သွားကာ၊ ဂျီယံ ရင်ဘတ်ပေါ် ထိမှန် သွားသဖြင့်၊ ပုဇွန် တစ်ကောင် ကဲ့သို့ ကွေးလျက်၊ လွင့်စင် သွား၏။
ကြမ်းပြင်ပေါ် ပြန်လည် ပြုတ်ကျ သွားချိန်တွင်၊ သူ့ကိုယ်သူ တည်ငြိမ် အောင်ပင် မထိန်းနိုင် တော့ဘဲ၊ သွေးများ ‘အန်’ လိုက်ရ သည်။
“ ဒါ … ။ ”
အရာ အားလုံး မြန်ဆန်လွန်း လှပြီး၊ ရလာဒ်မှာ လူအုပ်ကို မှင်တက် တိတ်ဆိတ် သွား စေတော့သည်။
“ မင်းရဲ့ ... လှုပ်ရှားမှု ဆယ်ကြိမ်က၊ တကယ်ကြောက် စရာ ကောင်းလွန်းတယ်၊ ငါ့မှာ ခံနိုင်ရည် မရှိ သလောက် ပါပဲ၊ ... ”
“ ... ဒါနဲ့ ငါ့မှာ ပန်းသင်္ချိုင်း ဆိုတဲ့ ဓားတစ်လက် ရှိတယ်၊ မင်း ကရော အဲဒါကို ခံယူဖို့ ဆန္ဒရှိလား။ ”
( ဟမ် ... ၊ ဒါက အဆုံး မဟုတ် ဖူးလား။ )
တိုက်ပွဲ ရလာဒ်မှာ ထွက်ပေါ် လာပြီ ဖြစ်သော်လည်း၊ လင်းယွန်မှာ ကျေနပ်ပုံ မရ သေး သောကြောင့်၊ လူတိုင်း တိတ်ဆိတ် သွားသည်။
ဂျီယံ၏ လှုပ်ရှားမှု ဆယ်ခုကို ဖြတ်ကျော် ပြီးနောက်၊ လက်လျော့ လိုပုံ မရဘဲ၊ နောက်ထပ် ခြေ တစ်လှမ်း လှမ်းချင် နေပြီ ဖြစ်သည် ။
ထိုအခိုက်တွင် ဓား သေတ္တာမှာ၊ စင်မြင့် ကြမ်းပြင် ပေါ်သို့ ‘ဝုန်းခနဲ’ ပြုတ်ကျ သွားကာ၊ တိတ်ဆိတ် မှုကို ပုတ်နှိုး လာ၏။
၎င်းအရှိန်ကြောင့်၊ စင်မြင့် တစ်ခုလုံး သိမ့်သိမ့်ခါ သွားသဖြင့်၊ လူအုပ်မှာ မျက်လုံးပြူး ကုန်ပြန် သည်။
ပေါ့ပေါ့ ပါးပါး အသွင်ဖြင့်၊ တစ်ချိန်လုံး ထမ်းပိုး ထားသော ဓားသေတ္တာ တစ်လုံးမှာ၊ ဤမျှ လေးလံသော ဝန်ရှိ နေလိမ့် မည်ဟု မထင် မိချေ။
ကျယ်လောင်သော အသံမှာ၊ နှလုံးသားကို တူနှင့် ရိုက်ချ လိုက် သကဲ့သို့၊ အောင့်မြက် တုန်ယင် သွားစေ၏။
“ ကောင်းကင် တောင်ကုန်း မြို့ရဲ့ ဂျီယံ ... ၊ မင်း ... ငါ့ ဓားကို ယူဖို့၊ ‘ဝံ့’ ရဲလား ဖြေပါ။ ”
မျက်ဝန်း တစ်စုံ၌၊ တိုက်ပွဲဝင် ဆန္ဒများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ ငေါက်ငမ်းသော အသံဖြင့် မေးမြန်း လိုက်၏။
( မင်းက ... ၊ ကောင်းကင် တောင်ကုန်း မြို့ကမို့၊ မာနကြီး ချင် နေတာလား၊ ဒီနေ့ ... ငါ လင်းယွန်က မင်းရဲ့ မာနကို နင်းချေ ပစ်မယ်။ )

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now