356 - 360

157 20 0
                                    

အခန်း ၃၅၆-
သစ်သီးနှင့် လှံ ။

တစ်နေ့တွင် အထွတ် အထိပ်၌၊ ရပ်တည် နိုင်ရန် အတွက်၊ ဤအကျပ် အတည်းကို ဖြတ်ကျော် နိုင်မည်ဟု မျှော်လင့်လျက်၊ တပည့် များစွာက မကြောက် မရွံ့၊ တိုးဝင် နေခဲ့ ကြသည်။
လူတိုင်း အတွက် အံ့မခန်း အောင်မြင် မှုများ၊ ဆောင်ကြဉ်း မပေး နိုင်ဟု၊ တပ်အပ် မပြော နိုင်ခြေ။
ထို့ကြောင့် သွေးနှင့် အရိုးများ၊ ပြည့်နေသည့် လမ်းဖြစ် လျှင်ပင်၊ ထိုခရီးအား လျှောက်လှမ်း ရပေ လိမ့်မည်။
လင်းယွန်က အလင်းတိုင် ဆီသို့ ဦးတည် သွားနေဆဲ၊ မဝေး ကွာသော အရပ်၌ ရင်းနှီးသော ရုပ်သွင်ကို တွေ့လိုက် ရ၏။
နတ်ဘုရား အစောင့် များခြံရံလျက်၊ သွယ်လျသော ကိုယ်ဟန်ဖြင့်၊ လျူယွီက သူ့အား အေးစက်စွာ လှမ်းကြည့် နေပေသည်။
လင်းယွန်က အနည်းငယ် အံ့သြ သွား၏။ ထို့နောက်တွင်၊ ဆိတ်သုဉ်း နေသော နယ်မြေကို၊ နတ်ဘုရား အစောင့်တပ်မှ ထိန်းချုပ် ထားသော ကြောင့်၊ သူမ အတွက် ခွဲတမ်း ရရှိ မည်မှာ၊ အံ့သြစရာ မဟုတ်ကြောင်း၊ သတိ ရသွားသည်။
သို့သော် ကြာမိစ္ဆာ နယ်မြေ ကဲ့သို့ အန္တရာယ် ရှိသော ခရီးစဉ်ကို သွားနေခြင်း ဖြစ်သဖြင့်၊ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။
ကြာမိစ္ဆာ နယ်မြေ အတွင်း၌ လျူယွီမှာ၊ အသက် ဆုံးရှုံးရန် အခွင့် အရေးများ သည်ကို၊ သူမ၏ ဖခင် ဖြစ်သော နဂါး ဗိုလ်ချုပ်က သိရှိ ထားပေမည်။
သို့သော် ၎င်းကို လစ်လျူရှု ထား၏၊ ဤသည်မှာ လျူဖေးလောင်၏၊ စစ်သူရဲ တစ်ယောက် ခံယူ ချက်မျိုးပင်၊ ဖြစ်သည်။
လင်းယွန်က ခေါင်းယမ်းလျက် လျူယွီကို ဂရုမစိုက် တော့ဘဲ၊ အလင်း တိုင်ထဲ တိုးဝင်သွား လိုက်သည်။
" ကျန်းရန်၊ ဇောင်ကွမ်၊ ရှောင်းမင်၊ မင်းတို့ ဂိုဏ်းရဲ့ မစ်ရှင်ကို သတိ ရပါ၊ လင်းယွန်ကို သတ်ဖို့ ယုံကြည်ချက် မရှိရင် ...၊ လွယ်လွယ်နဲ့ ရန်မစ မိပါ စေနဲ့။  ”
ဝမ်ရန်းဘိုက သတိပေး လိုက်၏။ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ကျန်းရန်၏ မျက်လုံး များက၊ တောက်ပ လာပြီး၊
" စိတ်မပူ ပါနဲ့....  ငါ့မှာ အသိ တရား ရှိပါတယ်၊ သူ့ကို အပြစ် မပြု ပါဘူး၊ လျှို့ဝှက် နယ်မြေမှာ စကြာဝဠာ လက်နက် တွေကို၊ သုံးလို့ မရ မှတော့၊ သူ ငါတို့ဆီ ပြေးဝင် လာရင်၊ သူ့ကို လူသေ တစ်ယောက် အဖြစ်၊ ပြောင်းလဲ ပစ်လိုက် မှာပါ။ ”

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now