676 - 680

135 10 0
                                    

အခန်း ၆၇၆ -
သံသွေး တံခါး။
ကောင်းကင် တောင်ကုန်း အပြင်ဘက် တစ်နေရာ၌၊ နဂါးသွေး မြင်းပေါ် ထိုင်လျက်ဖြင့်၊ လင်းယွန်က မြို့ကို စီးမိုး ကြည့်လိုက်သည်။
လုယွီ၏ စွမ်းရည်မှာ အံမခန်း ပေပင်။ လူများစွာ၏ အာရုံကို လှည့်ဖျားကာ၊ သူ့အား မြို့မှှ ခိုးထုတ် နိုင်ခဲ့သည်။
ယခု အချိန်၌ ချန်ရှောင်တို့ တစ်သိုက်မှာ၊ မိုးရေ တည်းခိုဆောင် ပြင်ပ၌၊ မအိပ် မနေဖြင့် သူ့အား စောင့်ကြပ် နေကြ ပေလိမ့်မည်။
အချိန် မဖြုန်း လိုသောကြောင့်၊ နဂါးလေး လည်ပင်းကို ညင်သာစွာ ပုတ်လိုက် သည်နှင့်၊ ကြက်သွေးရောင် အလင်းတန်း အသွင် ပြောင်းလဲ ပျောက်ကွယ် သွားတော့သည်။
၎င်းအရှိန်အား အလယ် အလတ် ယင်-ယန် အဆင့််ရှိ ကျွမ်းကျင်သူ များပင် သဘော ကျစွာ ငေးမော နိုင်ပေမည်။
ကောင်းကင် တောင်ကုန်း မြို့သည် ကျယ်ပြန့်သော နယ်မြေ များကို၊ ပိုင်စိုး ထားချေ ၏။
မီးနဂါး တောင်ကုန်းမှာ၊ မြို့၏ အရှေ့ မြောက်ဘက် ပိုင်းတွင် တည်ရှိပြီး၊ အကွာအဝေး အရ၊ ထိုနေရာသို့ ရောက်ရှိရန် လဝက်ခန့် ကြာမြင့် ပေမည်။
သို့သော် ယင်းသည်ပင် ကောင်းကင် တောင်ကုန်း မြို့ကြီး၏ နယ်နိမိတ် သာလျှင် ဖြစ် နေ၏။
လွန်ခဲ့သော နှစ် တစ်ထောင် ခန့်၌၊ မီးနဂါး တောင်ကုန်းတွင်၊ မီးနဂါးနှင့် ကျွမ်းကျင် ပညာရှင် တစ်ဦးကြား တိုက်ပွဲ တစ်ခု ဖြစ်ပွား ခဲ့သည်။
ထိုတိုက်ပွဲ အပြီး၊ မီးနဂါး၏ သွေး များက၊ မိုင်တစ်သောင်း ပတ်လည် အထိတိုင်၊ ဖုံးလွှမ်း ကုန်သည်။
ယင်းကြောင့် နတ်ဆိုး သားရဲ များစွာမှာ၊ နဂါးသွေးကို ပိုင်ဆိုင် လာကြခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သော ထောင်စုနှစ်များ အတွင်း နဂါးသွေး ပါသော နတ်ဆိုး သားရဲ များစွာကို အမဲလိုက် ခဲ့ကြသည်။
နည်းပါးသော အရေ အတွက်သာ အသက်ရှင် ကျန်ရစ် နိုင်ခဲ့ပြီး၊ ၎င်းတို့မှာ မယုံနိုင် လောက်အောင် သန်မာ ကုန်သည်။
၎င်းတို့ အနက် မည်သူမျှ ရန်မစ ဝံ့သော အုပ်စိုးရှင် တစ်ပါး ဖြစ်သည့်၊ မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ သည်လည်း အပါအဝင်  ဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက၊ ထိုတိုက် ပွဲတွင် ပါဝင် ခဲ့သော ကျွမ်းကျင်သူ၊ သေဆုံး သွားသော်လည်း၊ မီးနဂါး ကြီးမှာ ပျောက်ကွယ် သွားခဲ့သည်။
လူ အချို့က ၎င်းသားရဲ သေဆုံးသွား သည်ဟု ဆိုကြပြီး၊ အချို့ ကလည်း ဒဏ်ရာ များဖြင့် လွတ်မြောက် သွားသည်ဟု ဆို၏။
မည်သို့ပင် ဆိုစေ ကာမူ ယနေ့တိုင် မီးနဂါးကို မည်သူမျှ မမြင်ဖူး တော့ချေ။ ထို့ကြောင့် မီးနဂါး တောင်ကုန်း အနေဖြင့်၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာ ခဲ့တော့သည်။
မီးနဂါး သွေးကြောင့်၊ ထိုတောင်တန်းရှိ နတ်ဆိုး သားရဲ များမှာ၊ မယုံနိုင် လောက်အောင် ကြီးထွား သန်မာ လာ ကုန်၏။
၎င်းသည် အုပ်စိုးရှင် အဆင့်၊ မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ သည်သာ မက၊ အခြားသော ကောင်းကင် ဝိညာဉ် နယ်ပယ် သားရဲ များပေါ် တွင်လည်း၊ သက်ရောက် ချေသည်။
ထို့ပြင် ရတနာများ ပေါ်ထွန်းရန်၊ အခွင့် အလမ်း အလွန် မြင့်မား သဖြင့်၊ စွန့်စား သူများ၊ အမဲလိုက် သူများနှင့်၊ ပြတ်လပ်ခြင်း မရှိချေ။
မီးနဂါး တောင်ကုန်း အနီး၊ အခြေချ နေထိုင်သော ဂိုဏ်း အချို့လည်း ရှိသည်။ ထိုအင်အား စုများ ထဲတွင် ‘သံသွေး တံခါး’ မှာ၊ အင်အား အကောင်းဆုံး ဖြစ်၏။
သံသွေး တံခါး အနေဖြင့်၊ ကောင်းကင် တိမ်လွှာ ဂိုဏ်း ကဲ့သို့၊ အားကောင်းမည် မဟုတ် သော်လည်း၊ မီးနဂါး တောင်ကုန်း၌ အစစ် အမှန် အုပ်စိုးသူ ဖြစ်သည်။
နဂါးသွေး မြင်းကို အားကိုးပြီး၊ လဝက် ကြာသော ခရီးအား သုံးရက် အထိ၊ လျော့ချ နိုင်ခဲ့ သည်။
တိမ်တိုက်များ ဝိုင်းရံ ထားသော၊ တောင်ထွတ်ဖျား တစ်ခု ပေါ်တွင် ရပ်လျက်၊ ငြိမ်သက် နေသည့် တောင်တန်း များထံ စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ထိုတောင်တန်းများ အတွင်းမှ၊ ကြမ်းရှသော မိစ္ဆာ အရှိန်အဝါကို ခံစား နိုင်သည်။ ယင်းသည် မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ ထံမှ ဖြစ်ချေ မည်။
ထိုအရှိန် အဝါ အောက်တွင်၊ နှလုံးသားမှာ ပြင်းစွာ တုန်ခါ သွားပြီး၊ နဂါး အမှတ် အသားက၊ နာကျင် လာ တော့၏။
လင်းယွန်မှာ မိုးပြာ နဂါးသွေးကို သန့်စင်ထား သဖြင့်၊ နဂါး သွေးမျှဉ်များ ပိုင်ဆိုင် ထားပြီး ဖြစ်သည်။
ထို့ကြောင့် သန်မာသော နဂါးသွေးပါ၊  နတ်ဆိုး သားရဲနှင့် ရင်ဆိုင် ရချိန်တွင်၊ ဗီဇအရ တုန်လှုပ် သွားခြင်း ဖြစ်သည်။
သို့သော် မိုးပြာ နဂါး၏ မာန တရားက၊ သူ့အား မယိမ်း ယိုင်ဘဲ၊ ဆက်လက် ရပ်တည် စေခဲ့၏။
အဆိုပါ အချင်း အရာမှာ၊ သူ အလွန် အားနည်းနေ သေးကြောင်း၊ သိသာ လာစေ သည်။
မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတ ဟူသည်၊ နဂါးသွေး အနည်း ငယ်သာ ပါရှိသော၊ သန္ဓေပြောင်း သားရဲ တစ်မျိုး ဖြစ်၏။
သူ သန့်စင် ထားသည့် မိုးပြာ နဂါး သွေးကို ယှဉ်နိုင် စရာ နည်းလမ်း မရှိချေ။
သို့သော် မရဏ မိုးကြိုး မိစ္ဆာ နဂါး လင်းတမှာ၊ မြင့်မားသော ကျင့်ကြံမှုကို ပိုင်ဆိုင် ထားသဖြင့်၊ သူ့အား ခြိမ်းခြောက် နိုင်ခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းမှာ အုပ်စိုးရှင် သားရဲ တစ်ကောင် ဖြစ်ပေ၏။
“ သွား ရ အောင်။ ”
လင်းယွန် ပြုံးကာ ဆိုလိုက် သည်နှင့်၊ နဂါးလေးမှာ မီးနဂါး တောင်ကုန်း ရှိရာ တောင်တန်းများ ဆီသို့ ဦးတည် ပြေးလွှား တော့သည်။
အချိန် အတော်ကြာ ပြီးနောက်၊ ကျင့်ကြံသူ များဖြင့် စည်ကား နေသော မီးနဂါး တောင်ခြေ ထံ၊ ရောက်ရှိ လာခဲ့သည်။
သူရောက်ရှိ သွားချိန်၌ ထိုသူ များက၊ စူးစမ်းလိုသော အကြည့် များဖြင့် လှည့်ကြည့် လာသည်။ အထူးသဖြင့် နဂါးလေးမှာ၊ သူတို့၏ မျက်လုံး များကို တောက်ပ စေ၏။
သို့သော် ၎င်းတို့မှာ၊ ဒေသခံ ကျင့်ကြံ သူများ ဖြစ်သဖြင့်၊ အတွေ့အကြုံ အရ၊ လင်းယွန်သည် ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း၊ ကောက်ချက်ချ နိုင်ခဲ့သည်။
ထို့ကြောင့် နဂါးသွေး မြင်းထံ ကျရောက် နေသော အကြည့် များကို ပြန်လည် ရုတ်သိမ်း လိုက် ကြသည်။
တစ်ဖက်တွင် လင်းယွန် တစ်ယောက်၊ မျက်မှောင် ကြုတ်လျက်၊ သံသယဖြင့် တောအုပ် အပေါ်၊ ဝေ့ကြည့် လိုက်မိသည်။
လမ်းတစ်လျှောက် သန်မာသော နတ်ဆိုး သားရဲ များနှင့်၊ မကြုံ မိချေ။ အများ စုမှာ ယင်-ယန် အဆင့် တွင်ပင် မရှိ သဖြင့်၊ နဂါးလေးအား မြင်ချိန်၌၊ ချက်ချင်း ထွက်ပြေး သွားကုန် ကြသည်။
“ တစ်ခု ခုတော့ ... ၊ မူ မမှန်ဘူး။ ”
တောအုပ် အတွင်း ပုံမှန် မဟုတ်သော တိတ်ဆိတ် မှုများ ကြီးစိုး နေ၏။ ဤအခိုက် အတန့်တွင် တိုက်ပွဲ ဖြစ်ပွားနေ ပုံရသည့်၊ စွမ်းအင် အတက် အကျ လှိုင်းများကို ခံစား လာမိသည်။
ထို့ကြောင့် နဂါးလေးအား ထိုတိုက်ပွဲထံ ဦးတည် လိုက်တော့၏။
“ ဒီတောင်ကို ကန့်သတ် လိုက်ပြီ ဆိုတာ မင်းတို့ မသိ ဖူးလား၊ အထဲဝင် လာရအောင် သေချင် နေတာလား။ ”
သစ်ပင် အကွယ်မှ လူ တစ်ယောက် ရုတ်တရက် ထွက်ပေါ် လာပြီး၊ လင်းယွန်အား ပိတ်ဆို့ ဟန့်တား လာသည်။
သူ့နောက်နား ဆီ၌၊ သွေးနီရောင် ဓားတစ်လက်ကို၊ ရင်ဘတ်တွင် ရေးထိုး ထားပြီး၊ တူညီ ဝတ်ရုံ ဆင်မြန်း ထားသော လူငယ် လေးဦး ရပ်နေ၏။
“ ဒူးထောက် စမ်း... ၊ ဒါက သံသွေး တံခါးကို စော်ကားရင်၊ မင်းတို့ ရရှိမဲ့ သင်ခန်းစာပဲ။ ”
တပည့် တစ်ဦး ထံမှ၊ အထင်သေး ‘ဟန်’ စွက်နေသော၊ အေးစက်စက် အမိန့် ပေးသံ တစ်သံ ထွက်ပေါ် လာသည်။
သူတို့၏ အမူအရာ များကြောင့်၊ လင်းယွန် နောက်မှ ရောက်ရှိ လာသည့် ကျင့်ကြံသူ များမှာ၊ ပြန်လှည့်ရန် ပြင်လိုက် ကြသည်။
“ သွား ရ အောင်၊ သံသွေး တံခါး ဂိုဏ်းမှာ၊ အဲ့ဒီလူ ရှိနေပုံပဲ။ ”
“ ဟမ့် ... ၊ သူက ‘ဓားနက် မြို့’က ဓားဂိုဏ်းရဲ့ သခင်ငယ် မဟုတ်လား၊ သံသွေး တံခါးကို သူ လာတိုင်း၊ မီးနဂါး တောင်ကုန်း တစ်ခုလုံး၊ တားမြစ် ထားတက်တယ်။ ”
“ ဒီကောင်တွေက အရမ်း လွန်တယ်၊ ပိတ်ထားတာ ဒီတစ်လ လုံးလုံး ရှိနေပြီ။ ”
“ ချေး ပဲ ... ၊ ဒီသံသွေး တံခါးက တကယ် အနှောက် အယှက်ပေး လွန်းတယ်၊ ... လာ ပြန် ရ အောင်။ ”
ထိုလူအုပ်မှာ မည်မျှပင် မကျေ မနပ် ဖြစ်နေ သော်လည်း၊ ပြန်လည် ထွက်ခွာ သွား ကြသည်။
“ သံသွေး တံခါး ဂိုဏ်း … ၊ ဘယ်လောက်တောင် သည်းမခံ နိုင်စရာ ကောင်းလိုက်လဲ။ ”
လင်းယွန်၏ မျက်လုံးများ စူးရဲစွာ တောက်ပ လာပြီး၊ ရေရွတ် လိုက်သည်။ သံသွေး တံခါးမှာ မီးနဂါး တောင်ကုန်း အပေါ်၊ အနည်းငယ်သာ လွှမ်းမိုးမှု ရှိချေ၏။
လျှို့ဝှက်သော ကာကွယ်သူ အကြီးအကဲ တစ်ဦးမှ လွဲ၍၊ ဂိုဏ်းချုပ် သည်ပင် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ရှိသည်။
ဒု-ဂိုဏ်းချုပ် နှစ်ဦး မှာမူ၊ အလယ် အလတ် ယင်-ယန် အဆင့်၌ ဖြစ်၏။ ထိုမျှသော အင်အားဖြင့်၊ တောင်ကြီး တစ်လုံးအား ကန့်သတ် ရဲချေပြီ။
သူတို့ တကယ် တက်စွမ်း နိုင်ခြင်း ရှိ-မရှိ သိချင်လာ သဖြင့်၊ ရယ်မောလျက် နဂါးလေးအား တိုးတိုးလေး ဆိုလိုက်သည်။
နဂါး လေးက လမ်းကြောင်း ပြောင်းလိုက်ပြီး၊ လူအုပ်ကို အလွယ် တကူ မျက်ခြေ ဖြတ်ကာ၊ မီးနဂါး တောင်ကုန်းသို့ ပြေးဝင် လာတော့၏။
“ ဒီမှာ တကယ့်ကို မလွယ်ဘူး။ ”
မီးနဂါး တောင်ကုန်းတွင် ဝိညာဉ် စွမ်းအင် ပြည့်နှက် နေသဖြင့်၊ အားကောင်းသော နတ်ဆိုး သားရဲ များနှင့် ပြည့်နှက် နေသည်။
လမ်း တစ်လျှောက် သဘာဝ ဆေးဘက်ဝင် သစ်သီး အချို့ တွေ့ရှိ ခဲ့သော်လည်း၊ သူ့အား မဆွဲဆောင် နိုင်ချေ။
နေရာ အနှံ့၌ သံသွေး တံခါး၏၊ တပည့် များက၊ ၎င်းသဘာဝ ဆေးဘက်ဝင် ရတနာ များကို၊ ရိတ်သိမ်း နေကြ၏။
သို့သော် ၎င်းတို့တွင်၊ ယင်-ယန် အဆင့် တပည့် တစ်ဦး တစ်ယောက် မျှပင် မပါ ရှိချေ။ ယင်းမှာ သူ့အား သံသယ ဝင်လာ စေသည်။
သို့သော် မည်သည့် ဒုက္ခမှ မရရှိ လိုသောကြောင့်၊ ထိုသူ များကို ရှောင်ရှားကာ၊ ဂရု တစိုက် ခရီးဆက် လာခဲ့သည်။
ထို့နောက် မြင့်မားသော သစ်ပင်ကြီး တစ်ပင်ပေါ် ခုန်တက် လိုက်ပြီး၊ ဦးတည်ရာ အရပ်ကို၊ မျှော်ကြည့် လိုက်သည်။
မီတာ တစ်ထောင် အကွာ၌၊ ထူးခြားသော ပန်း တစ်ပွင့်အား လှမ်းမြင် မိ၏။ ၎င်းထံမှ ကြက်သွေးရောင် အလင်းတန်းများ ထုတ်လွှတ် နေပြီး၊ နဂါး အသွင် ဖွဲ့တည် နေချေသည်။
“ မီးနဂါး သစ်သီး ... ။ ”
ပန်းနှင့် အတူ ယှဉ်တွဲ နေသော သစ်သီး တစ်လုံးကို ကြည့်ပြီး၊ အနည်းငယ် အံ့သြ သွားသည်။
ထိုသစ်သီးမှာ မီးနဂါး တောင်ကုန်း ၌သာ ပေါက်ရောက် သော ရတနာ တစ်ပါး ဖြစ်၏။ ယင်းအား စတုတ္ထတန်း မှော်ဆေးလုံး များဖြင့်၊ နှိုင်းယှဉ် နိုင်သည်။
ဆေးလုံးများ အဖြစ် သန့်စင် နိုင်ပြီး၊ တိုက်ရိုက်စား သုံးလျှင်ပင်၊ အာနိသင်မှာ၊ ယုတ်လျော့ခြင်း မရှိချေ။
အထူး သဖြင့် အတွင်း ဒဏ်ရာများ၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာစေရန် အထောက်အကူ ပြုပေ၏။
လွန်ခဲ့သော အချိန် ကာလ တစ်ခု၌၊ ဤသစ်သီးမှာ အလွန် ဝယ်လိုအား များခဲ့သည်။ မြင့်မားသော တန်ဖိုးဖြင့်၊ လိုတိုင်း မရဘဲ၊ ရှားပါး ရတနာထဲ ဝင်ရောက် သွားသည်။
ထို့ကြောင့် လူတိုင်း စွန့်လွှတ် ကုန်ပြီး၊ စိတ်ဝင်စားမှု နည်းသွား၏။ ယင်းကို တွေ့ရှိ သူမှာ၊ ကံကောင်း သည်ဟု ဆို ရပေမည်။
“ ကြည့်ရတာ ... ငါ့ ကံက တော်တော်ကောင်း နေပုံ ရတယ်။ ”
၎င်းကို မျှော်လင့် ထားခြင်း မရှိ သော်လည်း၊ တွေ့ရှိပြီး နောက်တွင်၊ စွန့်လွှတ်ရန် ဆန္ဒ မရှိ တော့ချေ။
အဆိုပါ သစ်သီး အနီး၌၊ ပတ်ဝန်းကျင်နှင့် ပေါင်းစပ် ကိုယ်ယောင် ဖျောက်နေသော ပုတ်သင်ညို သားရဲ တစ်ကောင်အား တွေ့ရှိ လိုက်သည်။
ဖြည်းညှင်းစွာ တွားသွား နေစဉ်၊ ၎င်း၏ မျက်လုံး များက၊ မီးနဂါး သစ်သီး အပေါ် စူးရဲစွာ ကျရောက် နေခဲ့သည်။
သတိ ကြီးကြီးဖြင့်၊ အနည်း ငယ်သာ ရွေ့လျား သွားနေသည်။ သတိ မထား မိပါက၊ ၎င်းအား မြင်မိမည် မဟုတ်ချေ။
ဤမျှ စိတ်ရှည် လက်ရှည် ရွေ့လျား နေခြင်းဖြင့်၊ သစ်သီးအား ရိတ်သိမ်း နိုင်ခဲ့သော် ပြဿနာ မရှိဘဲ၊ တစ်စုံတစ်ရာ တိမ်းစောင်း သွားပါက များစွာ ပေါက်ကွဲ လာချေမည်။
“ နဂါးလေး ... ။ ”
သစ်ကိုင်း ပေါ်မှ လှမ်းအော် လိုက်သည်။ လင်ယွန်၏ အော်သံ နှင့်အတူ၊ ကြက်သွေးရောင် အလင်း တန်းကြီး ရွေ့လျား သွား၏။
ထို့နောက် ဖြည်းညှင်းစွာ ရွေ့လျား နေသော ပုတ်သင်ညိုအား၊ မြင်း တစ်ကောင်က ရက်ရက် စက်စက် တက်နင်း လိုက်တော့သည်။
ထိုမြင်းက နှာခေါင်းမှ ထွက်သက် ပြင်းပြင်းကို၊ ရှူထုတ် လိုက်ပြီး၊ ပုတ်သင်ညိုထံ ပြုံးကာ စိုက်ကြည့် လာလေသည်။
ပုတ်သင်ညိုက ကြမ်းကြုတ်သော အသွင်ဖြင့်၊ နဂါးသွေး မြင်းအား ပြန်မော့ကြည့် လာတော့၏။

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now