86 - 90

251 23 0
                                    

အခန်း ၈၆

လျူကျီဖေး။

အသံပိုင်ရှင်သည်  ဝမ်ဖိန်း၏ ဘယ်ဘက်ထိုင်ခုံမှ ထလာခဲ့သည်။ ထိုသူ၏ စကားများကြောင့် ဖိန်းဝူဟန်မှာ မျက်နှာပျက်သွားသည်။ သူက လင်းယွန်ကို ဖိတ်ခေါ်ခဲ့သူဖြစ်ကာ၊ ထိုသို့ လှောင်ပြောင်မှုသည် သူ့အား အရှက်ရစေသည်။

ဝမ်ဖိန်းသည်လည်း ပြုံးလျက် တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။ လင်းယွန်ထံမှ နဂါးသွေးမြင်းကိုဝယ်ယူရန်၊ ၎င်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပုံအား တွေးမိလိုက်သောအခါတွင်၊ ဝမ်ဖိန်းသည် အတန်ငယ် စိတ်ပျက်သွားခဲ့ခြင်းပင် ဖြစ်သည်။

" သူက လျူကျီဖေးပဲ၊ ငါ့ဝမ်းကွဲအစ်ကိုက တိမ်လွှာမြို့ကနေ  ဖိတ်ကြားထားတဲ့ သူတစ်ယောက်ပဲ၊ သူရဲ့မိသားစုက တိမ်လွှာမြို့ရဲ့ အုပ်စိုးသူအာဏာရှင်တွေ၊ အာကြောင့် နည်းနည်းလေးသည်းခံပေးပါ ''

ဖိန်းဝူဟန်က စိုးရိမ်စွာဖြင့် လင်းယွန်အား သတိပေးလာ၏။

သို့သော်လျူကျီဖေးသည် ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ကာ၊

"ဘာလဲ....ငါတစ်ခုခုများ မှားပြောမိလား၊ မင်းရဲ့ဓားသေတ္တာမှာ နာမည်တောင် ရှိရဲ့လား"

-ဟု   မေးမြန်းလိုက်သော်လည်း လင်းယွန်က နှုတ်ဆိတ်နေလိုက်၏။

'' မင်းလိုကောင်ငယ်လေးက မောက်မာချင်တာလား၊....ဟမ် ''

'' ဝှစ် ''

ရုတ်တရက် လျူကျီဖေးက ခုန်လိုက်ပြီး လင်းယွန်ရှေ့သို့ တိုးဝင်လာကာ၊ သူ့လက်တစ်ဖက်ကို လင်းယွန်၏ ရှေးဟောင်းဓားသေတ္တာထံသို့ ဆန့်တန်းဆုပ်ကိုင်လိုက်သည်။

" မင်း ငါ့ဓားသေတ္တာအကြောင်းကို တွေးနေတာ ရပ်သင့်ပြီ၊ ''

လင်းယွန်က လျူကျီဖေး၏ လက်ကောက်ဝတ်အားဆုပ်ကိုင်ဟန့်တားလိုက်ပြီး ပြုံးပြလိုက်၏။

"မင်း....... "

လျူကျီဖေးသည် လင်းယွန်၏ ချုပ်ကိုင်မှုမှ အလွယ်တကူလွတ်မြောက်နိုင်ခြင်း မရှိပဲ၊ မည်မျှပင်ကြိုးစားနေပါစေ ရုန်းမထွက်နိုင်ခဲ့သည်ကြောင့်  ခေတ္တမျှမှင်တက်သွားပြီး၊ သူ၏စွမ်းအင်များကို လှည့်ပတ်လိုက်ကာ၊

ကြီးမြတ်သောသခင် (သို့) ပန်းသင်္ချိုင်းဓားသမား(လင်းယွန်) Book 1 Ongoing မှီWhere stories live. Discover now