Unicode:
Manu ကခုနှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်တယ်။
သူကခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်ပြီးရယ်စရာကောင်းပြီးအစအနောက်သန်တယ်။
တစ်နေ့မှာသူ့အမေကနေမကောင်းဖြစ်နေခဲ့ပြီးတော့ သူ့အဖေကသူ့ကိုကြည့်ရှုစောင့်ရှောက်ခဲ့တယ်။
Manuရဲ့အဖေက9:30PMမှာ သူ့ကိုအိပ်ယာဝင်ဖို့ပြောခဲ့တယ်။
Manuကသူ့ရဲ့အခန်းကိုပြန်သွားခဲ့တယ်။
သူ့အဖေကတော့ဧည့်ခန်းထဲမှာTVကြည့်နေခဲ့တယ်။
9:45PMမှာManuက "အဖေ ကျေးဇူးပြုပြီးသားသောက်ဖို့ရေတစ်ခွက်လောက်ယူလာပေးလို့ရမလား" လို့ပြောလိုက်တယ်။
သူ့အဖေကစိတ်အနှောင့်အယှက်ဖြစ်သွားပြီး "မရဘူးManu မင်းဘာသာမင်းထပြီးသောက်" လို့ပြောလိုက်တယ်။
5မိနစ်ကြာပြီးနောက် Manuက "အဖေ ကျေးဇူးပြုပြီးရေတစ်ခွက်လောက်ယူပေးနိုင်မလား?သားအရမ်းရေဆာနေလို့ပါ။" လို့ပြောလိုက်တယ်။
သူ့အဖေက "မရဘူးManu ငါမင်းကိုပြောပြီးပြီလေ" လို့ပြန်ဖြေခဲ့တယ်။
5မိနစ်ကြာပြီးနောက် Manuက "အဖေ ကျေးဇူးပြုပြီးရေတစ်ခွက်လောက်ယူပေးပါလား?" လို့အော်ပြောလိုက်တယ်။
သူ့အဖေက "ငါမင်းကိုနှစ်ခါတောင်ပြောပြီးပြီလေ ငါမယူပေးနိုင်ဘူးလို့ မင်းနောက်တစ်ခါထပ်မေးရင် ငါလာပြီးမင်းဖင်ကိုရိုက်မှာနော်" လို့ပြန်ပြောတယ်။
Manuကခနလောက်တိတ်ဆိတ်သွားခဲ့တယ်။
10မိနစ်ကြာပြီးနောက် "အဖေ အဖေသားကိုလာရိုက်တဲ့အချိန်ကြရင် ကျေးဇူးပြုပြီးရေတစ်ခွက်လောက်ယူလာပေးပါလား?"
သူ့အဖေကဆွံ့အသွားခဲ့တယ်။
(16.6.2023)
Zawgyi:
Manu ကခုႏွစ္ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ျဖစ္တယ္။
သူကခပ္ဆိုးဆိုးေကာင္ေလးတစ္ေယာက္ျဖစ္ၿပီးရယ္စရာေကာင္းၿပီးအစအေနာက္သန္တယ္။
တစ္ေန႕မွာသူ႕အေမကေနမေကာင္းျဖစ္ေနခဲ့ၿပီးေတာ့ သူ႕အေဖကသူ႕ကိုၾကည့္ရႈေစာင့္ေရွာက္ခဲ့တယ္။
Manuရဲ႕အေဖက9:30PMမွာ သူ႕ကိုအိပ္ယာဝင္ဖို႔ေျပာခဲ့တယ္။
Manuကသူ႕ရဲ႕အခန္းကိုျပန္သြားခဲ့တယ္။
သူ႕အေဖကေတာ့ဧည့္ခန္းထဲမွာTVၾကည့္ေနခဲ့တယ္။
9:45PMမွာManuက "အေဖ ေက်းဇူးျပဳၿပီးသားေသာက္ဖို႔ေရတစ္ခြက္ေလာက္ယူလာေပးလို႔ရမလား" လို႔ေျပာလိုက္တယ္။
သူ႕အေဖကစိတ္အႏွောင့္အယွက္ျဖစ္သြားၿပီး "မရဘူးManu မင္းဘာသာမင္းထၿပီးေသာက္" လို႔ေျပာလိုက္တယ္။
5မိနစ္ၾကာၿပီးေနာက္ Manuက "အေဖ ေက်းဇူးျပဳၿပီးေရတစ္ခြက္ေလာက္ယူေပးနိုင္မလား?သားအရမ္းေရဆာေနလို႔ပါ။" လို႔ေျပာလိုက္တယ္။
သူ႕အေဖက "မရဘူးManu ငါမင္းကိုေျပာၿပီးၿပီေလ" လို႔ျပန္ေျဖခဲ့တယ္။
5မိနစ္ၾကာၿပီးေနာက္ Manuက "အေဖ ေက်းဇူးျပဳၿပီးေရတစ္ခြက္ေလာက္ယူေပးပါလား?" လို႔ေအာ္ေျပာလိုက္တယ္။
သူ႕အေဖက "ငါမင္းကိုႏွစ္ခါေတာင္ေျပာၿပီးၿပီေလ ငါမယူေပးနိုင္ဘူးလို႔ မင္းေနာက္တစ္ခါထပ္ေမးရင္ ငါလာၿပီးမင္းဖင္ကိုရိုက္မွာေနာ္" လို႔ျပန္ေျပာတယ္။
Manuကခနေလာက္တိတ္ဆိတ္သြားခဲ့တယ္။
10မိနစ္ၾကာၿပီးေနာက္ "အေဖ အေဖသားကိုလာရိုက္တဲ့အခ်ိန္ၾကရင္ ေက်းဇူးျပဳၿပီးေရတစ္ခြက္ေလာက္ယူလာေပးပါလား?"
သူ႕အေဖကဆြံ႕အသြားခဲ့တယ္။
(16.6.2023)
YOU ARE READING
Funny Short Stories Collection
Short StoryThis is not mine. All credit to the original author. All photos are taken from pinterest. *Hope u enjoy*