Too Smart Student In First Grade

32 4 0
                                    

Unicode:

ပထမတန်းကျောင်းဆရာမတစ်ဦးက သူမရဲ့ကျောင်းသားတစ်ယောက်နဲ့ပတ်သတ်ပီး ပြသာနာတက်နေခဲ့တယ်။

တစ်နေ့မှာ သူမကဂျွန်နီကိုမင်းရဲ့ပြသာနာကဘာလဲလို့မေးလိုက်တယ်။

"သားကပထမတန်းတက်ဖို့အတွက်အရမ်းတော်လွန်းနေတယ်။သားရဲ့အမကတတိယတန်းတက်နေတာလေ သားကသူမထက်တောင်ပိုတော်သေးတယ်" လို့သူကပြန်ဖြေခဲ့တယ်။
(သူကအရမ်းတော်လွန်းလို့ ပထမတန်းကိုမတက်ချင်ဘူးလို့ပြောချင်တာပါ)

ဆရာမကသူ့ကိုကျောင်းအုပ်ကြီးရုံးခန်းကိုခေါ်သွားပြီးတော့ ကျောင်းအုပ်ကြီးကိုအခြေအနေကိုရှင်းပြလိုက်တယ်။

ကျောင်းအုပ်ကြီးကဆရာမကိုပြောလိုက်တယ် သူဂျွန်နီကိုစမ်းသပ်မှုတစ်ခုလုပ်ရလိမ့်မယ် တစ်ကယ်လို့သူကမေးခွန်းတစ်ခုကိုမှားပြီးဖြေမိတာနဲ့ ပထမတန်းကိုပြန်သွားပြီးတိတ်တိတ်ဆိတ်ဆိတ်နေရမယ်။

ဆရာမရောဂျွန်နီရောသဘောတူလိုက်တယ်။

ကျောင်းအုပ်ကြီး: "3နဲ့3မြှောက်ရင်ဘာရလဲ?"

ဂျွန်နီ: "9"

ကျောင်းအုပ်ကြီး: "6×6"

ဂျွန်နီ: "36"

ဂျွန်နီဖြေနိုင်တာကိုမြင်တော့ ကျောင်းအုပ်ကြီးကသဘောကျသွားတယ်။

ကျောင်းအုပ်ကြီးသူ့ကိုမေးတဲ့မေးခွန်းတွေအားလုံးက တတိယတန်းကျောင်းသားတွေသိထားသင့်တဲ့ဟာတွေဖြစ်တယ်။

တစ်နာရီခန့်ကြာပြီးနောက် နောက်ဆုံးမှာတော့ ကျောင်းအုပ်ကြီးကဆရာမကိုပြောလိုက်တယ်။

"ဂျွန်နီတတိယတန်းကိုမတက်နိုင်စရာအကြောင်းပြချက်မရှိဘူး။ငါမေးတဲ့မေးခွန်းတွေအကုန်လုံးကို သူမှန်အောင်ဖြေနိုင်ခဲ့တယ်။"

သူမသူ့ကိုမေးခွန်းနည်းနည်းလောက်မေးလို့ရနိုင်မလားလို့ ဆရာမကမေးလိုက်တယ်။
(ဆရာမကဂျွန်နီကိုမေးခွန်းမေးချင်တယ်လို့ပြောတာပါနော်)

ကျောင်းအုပ်ကြီးနဲ့ဂျွန်နီကသဘောတူလိုက်တယ်။

ဆရာမ: "နွားတစ်ကောင်မှာ4ခုရှိပြီးတော့ ငါ့မှာကျတော့2ခုပဲရှိတယ် အဲ့ဒါဘာလဲ?"
(ကိုယ်ပထမဆုံးတွေးမိတာကတော့နွားနို့ 🤧)

Funny Short Stories CollectionWhere stories live. Discover now