Police Officer and Groom

24 4 0
                                    

Unicode:

မြို့ငယ်လေးတစ်မြို့မှရဲအရာရှိတစ်ယောက်က လမ်းမကြီးပေါ်မှာအရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ ကားသမားတစ်ယောက်ကို တားလိုက်တယ်။

အဲ့ဒီလူက "ဒါပေမဲ့အရာရှိကြီး ကျွန်တော်ရှင်းပြပါရစေ"

"တိတ်တိတ်နေပါ" လို့အရာရှိကြီးကခပ်ပြတ်ပြတ်ပြောလိုက်တယ်။

"ရဲမှူးကြီးပြန်မလာခင်အထိ မင်းရဲ့ခြေဖနောင့်တွေအေးအောင် အချုပ်ထဲမှာနေခိုင်းရလိမ့်မယ်"

"ဒါပေမဲ့ အရာရှိကြီး ကျွန်တော်ပြောပြချင်တယ်"

"မင်းကိုငါတိတ်တိတ်နေလို့ ပြောပြီးပြီလေ! မင်းအချုပ်ထဲမှာသွားနေတော့!"

နာရီအနည်းငယ်ကြာပြီးနောက် အရာရှိကြီးကသူရဲ့အကျဥ်းသားကိုကြည့်ပြီးပြောလိုက်တယ်။

"မင်းကံကောင်းတယ် ရဲမှူးကြီးကသူ့သမီးမင်္ဂလာဆောင်မှာလေ သူပြန်လာတဲ့အချိန်ကြရင် စိတ်ကောင်းဝင်နေလိမ့်မယ်"

"အဲ့ဒါကိုထည့်မတွက်နဲ့" အချုပ်ခန်းထဲကလူက ပြန်ဖြေခဲ့တယ်။

"ငါက...သတို့သားပဲ!"

(7.7.2023)

Zawgyi:










"ငါက...သတို့သားပဲ!"

(7.7.2023)

Funny Short Stories CollectionDonde viven las historias. Descúbrelo ahora