Worse things than school report

23 4 0
                                    

Unicode:

ဖခင်တစ်ယောက်ကသူ့သားရဲ့အိပ်ခန်းရှေ့ကနေဖြတ်လျှောက်သွားခဲ့တယ်။

အိပ်ယာကိုသပ်သပ်ရပ်ရပ်လုပ်ထားပြီး အရာအားလုံးကိုသေချာကောက်သိမ်းထားတာကိုတွေ့ရတော့ အံ့သြသွားခဲ့တယ်။

ထို့နောက်သူကခေါင်းအုံးပေါ်မှာသိသိသာသာတင်ထားတဲ့ စာအိတ်တစ်အိတ်ကိုတွေ့ခဲ့တယ်။

စာအိတ်ပေါ်မှာ "အဖေ" လို့နာမည်တပ်ထားခဲ့တယ်။

သူကအဆိုးဆုံးကြိုတင်သတိပေးချက်နဲ့စာအိတ်ကိုဖွင့်ပြီး စာကိုတုန်တုန်ယင်ယင်နဲ့ဖတ်လိုက်တယ်။
(စာအိတ်ပေါ်မှာ ကြိုတင်သတိပေးချက်တပ်ထားတာကိုပြောချင်တာ သရဲကားတွေဘာတွေဆို ကလေးသူငယ်နှင့်နှလုံးရောဂါရှိသူများမကြည့်ရဆိုပြီးသတိပေးချက်ပါသလိုလေ)

"ချစ်လှပါသော...အဖေ...ဝမ်းနည်းပူဆွေးစွာနဲ့သားစာရေးခဲ့ပါတယ်။သားရည်းစားအသစ်နဲ့သားခိုးရာလိုက်ပြေးသွားပါပြီ။ ဘာလို့လဲဆိုတော့ အဖေနဲ့အမေနဲ့မြင်ကွင်းရှေ့ကနေသားရှောင်ချင်လို့ပါ။ သားနဲ့စတေစီက တစ်ကယ်အချစ်စစ်အချစ်မှန်နဲ့ချစ်ကြတာပါ။ ပြီးတော့ သူမကအရမ်းကောင်းပါတယ်။သူမရဲ့အပေါက်ဖောက်တာတွေ (နှာခေါင်းတို့ နှုတ်ခမ်းတို့ လျှာတို့ ချက်မှာတို့အပေါက်ဖောက်ပြီး ဖန်စီလေးတွေဝတ်တာလေ သိတယ်မလား) တက်တူးထိုးတာတွေ၊ တင်းကျပ်တဲ့ဆိုင်ကယ်အဝတ်အစားတွေကြောင့် (biker girlတွေဆို အိင်္ကျီအကျပ်လေးတွေဝတ်တာလေ အဲ့လိုအဝတ်အစားကိုပြောတာနော်) အဖေသူမကိုလက်မခံနိုင်လောက်ဘူးဆိုတာသားသိပါတယ်။ ပြီးတော့ သူမကသားထက်လဲအသက်အများကြီးကြီးတယ်။ ဒါပေမဲ့ သားတို့ခိုးပြေးသွားတာက သားတို့အရမ်းချစ်နေရုံတင်မကဘူးအဖေ။ သူမမှာကိုယ်ဝန်ရှိနေပြီ။ သားတို့အရမ်းပျော်ရွှင်ရလိမ့်မယ်လို့ စတေစီကပြောတယ်။ သူမကတောထဲမှာနောက်တွဲကားတစ်စီးပိုင်တယ်။ (နောက်တွဲကားကိုသိကြမယ်ထင်ပါတယ် နိုင်ငံခြားမှာမုန့်ရောင်းတာတို့၊ခရီးထွက်တာတို့ဆို နောက်တွဲကားသုံးကြတယ်လေ) ပြီးတော့ ဆောင်းရာသီတစ်ခုလုံးအတွက် ထင်းပုံကြီးလဲရှိတယ်။ နောက်ထပ်ကလေးတွေအများကြီးမွေးဖို့ကိုလဲ သားတို့စိတ်ကူးထားတယ်။ ဆေးခြောက်ကဘယ်သူ့ကိုမှအမှန်တစ်ကယ်မထိခိုက်စေဘူးဆိုတာ စတေစီပြောပြလို့ သားအမှန်တိုင်းသိမြင်ခဲ့ရပြီးပြီ။ ဆေးခြောက်ကိုသားတို့ကိုယ်တိုင်စိုက်ပျိုးမယ်။ ပြီးရင်ကိုကင်းတွေစိတ်ကြွဆေးတွေကို ကွန်မြူနတီမှာရှိတဲ့ အခြားလူတွေကိုရောင်းမယ်။ ဒီအတောအတွင်းမှာ သိပ္ပံပညာရှင်တွေက AIDSကုသနိုင်တဲ့ဆေးကိုရှာတွေ့နိုင်ပါစေလို့ သားတို့ဆုတောင်းတယ်။ စတေစီဒီထက်ပိုပြီး နေကောင်းလာစေဖို့ပေါ့။ သူမအဲ့ရောဂါပျောက်သွားမယ်ဆိုတာသေချာတယ်! စိတ်မပူပါနဲ့အဖေ။ သားက15နှစ်ရှိနေပါပြီ။ ပြီးတော့ ကိုယ့်ကိုယ်ကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာ သားသိပါတယ်။ အဖေ့ရဲ့မြေးတွေအများကြီးကိုတွေ့ရအောင် တစ်နေ့နေ့ကြရင် သားတို့သေချာပေါက်လာလည်ပါ့မယ်။ အဖေ့ရဲ့ ချစ်လှစွာသောသား ဂျော့။
ဒါနဲ့အဖေ အပေါ်ကဟာတွေကတစ်ခုမှအမှန်မဟုတ်ပါဘူး။ သားက ဂျက်ဆင်တို့အိမ်မှာပါ။ မီးဖိုချောင်ထဲကစားပွဲ​ေပါ်မှာတင်ထားတဲ့ ကျောင်းကreportကဒ်ထက် ဘဝမှာပိုဆိုးတဲ့အရာတွေရှိတယ်ဆိုတာကို သားကအဖေ့ကိုသတိပေးချင်တာပါ။ သားအိမ်ပြန်လာဖို့စိတ်ချရတဲ့အချိနိကြရင် ဖုန်းဆက်လိုက်ပါ!"

Funny Short Stories CollectionWhere stories live. Discover now