Fairy Grants Couple Wish

85 4 0
                                    

Unicode:

တစ်ခါက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့45နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်ကိုကျင်းပဖို့အပြင်ထွက်ခဲ့ကြတယ်။

သူတို့ကစားသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးညစာစားခဲ့ကြတယ်။

ညစာစားပြီးနောက် အခါသမယမှာ ခင်ပွန်းကဇနီးသည်ကိုလှပပြီးရှေးကျတဲ့လော့ကတ်နဲ့ရွှေဆွဲကြိုးကိုလက်ဆောင်ပေးမဲ့တယ်။

ဇနီးကအရမ်းကိုပျော်သွားပြီးလော့ကတ်ကိုဖွင့်ကြည့်လိုက်တယ်။

အလွန်သေးငယ်တဲ့နတ်သမီးတစ်ပါးကသူတို့ရှေ့မှာပေါ်လာခဲ့တယ်။

လင်မယားနှစ်ယောက်ကနတ်သမီးကိုတွေ့တော့ အံ့အားသင့်သွားတယ်။

နတ်သမီးလေးက  "မင်းတို့တစ်ယောက်နဲ့တစ်ယောက်အချိန်အကြာကြီးအတူရှိနေတာက ငါ့ကိုဒီလော့ကတ်သီးစီကနေလွတ်မြောက်စေခဲ့တယ်။အခုငါမင်းတို့နှစ်ယောက်ရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးရမဲ့အလှည့်ပဲ။မင်းလိုချင်တာဘာပဲဖြစ်ဖြစ်ဆုတောင်းလိုက်ပါ။" လို့လင်မယားနှစ်ယောက်ကိုပြောလိုက်တယ်။

အများကြီးစဥ်းစားမနေဘဲ ဇနီးက "ကမ္ဘာတစ်ဝှမ်းကိုကျွန်မခင်ပွန်းနဲ့တူတူလည်ပတ်နိုင်ပါစေ" လို့ဆုတောင်းလိုက်တယ်။

နတ်သမီးလေးကသူမရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီးတော့ သူမရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးလိုက်တယ်။

အံ့အားသင့်စရာကောင်းစွာနဲ့ပဲ စားပွဲပေါ်မှာသူတို့ကမ္ဘာတစ်ဝှမ်းကိုလည်ပတ်ဖို့အတွက် ပထမတန်းစားလက်မှတ်နှစ်စောင်ပေါ်လာခဲ့တယ်။

အဲ့ဒါကိုမြင်တော့ လင်မယားနှစ်ယောက်က အရမ်းကိုပျော်ရွှင်သွားတယ်။

နတ်သမီးလေးကခင်ပွန်းဘက်ကိုလှည့်လိုက်ပြီး "အခု မင်းအလှည့်ပဲ" လို့ပြောလိုက်တယ်။

ခင်ပွန်းကခနလောက်တွေးလိုက်ပြီး "ဒီအားလပ်ရက် ကမ္ဘာတစ်ဝှမ်းကိုလည်ပတ်ရာမှာ အမှန်တစ်ကယ်ပျော်ရွှင်စေဖို့ ငယ်ရွယ်တဲ့ကောင်မလေးတစ်ယောက်ကိုလိုချင်တယ်။ဒါကြောင့်မလို့ ကျွန်တော့်ထက်အသက်30လောက်ငယ်တဲ့ ကောင်မလေးရဖို့ဆုတောင်းတယ်" လို့ပြောလိုက်တယ်။

Funny Short Stories CollectionWhere stories live. Discover now