Husband's Love For Wife

48 4 0
                                    

Unicode:

တစ်ခါကလင်မယားနှစ်ယောက်ရှိခဲ့တယ်။

ယောကျ်ားကအိမ်ပြန်လာတဲ့အချိန်မှာ အရက်တွေအများကြီးသောက်လာခဲ့ပြီးတော့ ပစ္စည်းတွေကိုရှုပ်ပွအောင်လုပ်ခဲ့တဲ့အတွက် သူ့မိန်းမနဲ့စကားများခဲ့ကြတယ်။

တစ်နေ့မှာMarkက အိမ်မှာနိုးလာခဲ့ပြီးတော့ အလွန်အရက်နာကျနေခဲ့တယ်။

သူကအားယူလိုက်ပြီးသူ့မျက်လုံးတွေကိုဖွင့်လိုက်တော့ သူပထမဆုံးတွေ့လိုက်ရတာက သူ့ရှေ့မှာရေတစ်ခွက်နဲ့သူ့အတွက်aspirins(ခေါင်းကိုက်ပျောက်ဆေး)တွေကို အိပ်ယာဘေးက စားပွဲပေါ်မှာတွေ့လိုက်ရတယ်။

သူကဆေးသောက်ပြီးနောက် အိပ်ယာပေါ်မှာခပ်မတ်မတ်ထိုင်လိုက်ပြီးတော့ သူမြင်လိုက်ရတာက သူ့ရဲ့အဝတ်အစားတွေက မီးပူတိုက်ထားပြီးသန့်ရှင်းသပ်ရပ်စွာစားပွဲပေါ်မှာရှိနေခဲ့တယ်။

သူကအဲ့ဒါကိုမြင်တော့ အရမ်းအံ့သြသွားခဲ့တယ်။

ထပ်ပြီးတော့ သူလှည့်ပတ်ကြည့်လိုက်တော့ အနားမှာရှိတဲ့အရာအားလုံးက သူ့အတွက်အစီအစဥ်တကျဖြစ်ပြီးတော့သန့်ရှင်းသပ်ရပ်နေတာကို တွေ့လိုက်ရတယ်။

စားပွဲပေါ်မှာ noteစာရွက်လေးတစ်ခု ရှိနေတာကို သူတွေ့ခဲ့တယ်။

"အချစ်ရေ...မနက်စာပြင်ထားခဲ့တယ်နော်။ကျွန်မကအလုပ်မှာကိစ္စလေးရှိလို့ စောစောသွားနှင့်ပြီ။ချစ်တယ်~" လို့noteစာရွက်ပေါ်မှာ သူ့မိန်းမကရေးထားခဲ့တယ်။

noteစာရွက်ကိုဖတ်ပြီးနောက် Markကမီးဖိုခန်းထဲသွားခဲ့တယ်။

သူ့ရဲ့မနက်စာဘေးမှာ နံနက်ခင်းသတင်းစာတစ်စောင်ရှိနေတာကိုသူတွေ့လိုက်ရတယ်။

သူ့သားကလဲထမင်းစား စားပွဲမှာထိုင်ပြီးမနက်စာစားနေတာကိုတွေ့လိုက်တယ်။

မနေ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာကို သူကသိချင်စိတ်ပြင်းပြနေခဲ့ပြီးတော့ သူ့သားကိုမေးလိုက်တယ်။"သားရေ မနေ့ညကဘာတွေဖြစ်ခဲ့တာလဲ?"

"အဖေမနေ့ညကအိမ်ကို မနက်3နာရီမှပြန်ရောက်လာခဲ့တယ်။အဖေကအရက်မူးလာပြီးတော့ ထိန်းချုပ်မှုကင်းမဲ့နေခဲ့တယ်။အဖေတစ်ချို့ပရိဘောဂပစ္စည်းတွေကိုဖျက်စီးခဲ့ပြီးတော့ လမ်းမှာအန်ပြီး တံခါးကိုတောင်မှဝင်တိုက်မိခဲ့သေးတယ်။" လို့သူ့သားကပြန်ဖြေခဲ့တယ်။

Funny Short Stories CollectionWhere stories live. Discover now