Frying Pan

44 4 0
                                    

Unicode:

လူတစ်ယောက်ကသတင်းစာဖတ်နေစဥ်မှာ သူ့မိန်းမကသူ့စီလမ်းလျှောက်လာပြီးတော့ သူ့ခေါင်းနောက်ကိုဒယ်အိုးနဲ့ရိုက်လိုက်တယ်။

"မင်းဘာလို့ငါ့ကိုရိုက်တာလဲ?" လို့သူကမေးလိုက်တယ်။

"မင်းရဲ့အိတ်ကပ်ထဲမှာ'Betty Sue'လို့ ရေးထားတဲ့စာရွက်တစ်ရွက်ရှိနေတယ်"

"အချစ် 'Betty Sue'ဆိုတာ ကိုယ်ဝယ်ချင်နေတဲ့မြင်းရဲ့နာမည်ပါကွာ" လို့သူကပြန်ပြောလိုက်တယ်။

သူ့မိန်းမကဘာမှပြန်မပြောဘူး။

သုံးရက်ကြာပြီးနောက် သူကထပ်ပြီးသတင်းစာဖတ်နေတယ်။

သူ့မိန်းမကသူ့စီလာပြီး သူ့ကိုဒယ်အိုးနဲ့ထပ်ရိုက်ပြန်တယ်။

"မင်းဘာလို့ငါ့ကိုထပ်ပြီးရိုက်ရပြန်တာလဲ?" လို့သူကမေးလိုက်တယ်။

"မင်းရဲ့မြင်းကဖုန်းဆက်လာတယ်" လို့သူမကပြန်ပြောတယ်။

(20.6.2023)

Zawgyi:










(20.6.2023)

Funny Short Stories CollectionWhere stories live. Discover now