လှည့်လို့ကြည့်လာတဲ့ လွမ်းလို့နေရသူရဲ့မျက်နှာ။ သူ့အနားဆီ အမြန်လှမ်းလို့သွားလိုက်ရင်း
"တကယ်မင်းပဲ။ ဘာလို့ ဘာလို့ငါ့ကိုနည်းနည်းလေးတောင်လာမတွေ့ရတာလဲ"
"ငါတကယ်မျှော်နေခဲ့တာကို။ အချိန်တိုင်းလည်းသတိရနေမိတယ်"
"ခင်ဗျားဘယ်လိုတွေတောင်ပြောနေတာလဲ ကိုဒီရေလှိုင်း။ ချိုသာပြီး ကြင်နာနေလိုက်တာများ ခင်ဗျားမဟုတ်တဲ့အတိုင်းပဲ"
"ဟမ် ဘာဖြစ်လို့လဲ။ မင်း အဲ့လိုပြောတာမကြိုက်လို့လား"
"တော်စမ်းပါ မြူဆွယ်တဲ့နေရာကသရုပ်ဆောင်နေတာရပ်လိုက်တော့။ ကျုပ်အပေါ်အလုပ်မဖြစ်တော့ဘူး"
"မင်း ဘာတွေပြောနေတာလဲမာန်ရိပ်"
"ကျုပ်မေးမယ် ခင်ဗျားမှာယောကျာ်းအဲ့လောက်ပေါတာတောင် စောက်ဗိုက်ကြီးတော့မှဘာလို့ကျုပ်ဆီလာတာလဲ"
"လူတကာနဲ့ဖြစ်ချင်တိုင်းဖြစ် ရွချင်တိုင်းရွပြီးမှ ဘာကိစ္စကျုပ်ကိုခေါင်းစဥ်လာတပ်တာလဲ ဟမ်"
"မင်းဘာတွေပြောနေတာလဲ ငါက ဘယ်သူနဲ့ဖြစ်ရမှာလဲ။ ပတ်သတ်မိတာဆိုလို့မင်းအပြင်မရှိခဲ့တာကို"
"ဟမ့် စောက်ရမ်းသေချာတယ်ပေါ့"
ရုတ်တရက် အဖမ်းခံရတုန်းကဖြစ်ခဲ့ချိန်တွေ အတွေးထဲဝင်လာမို့ မလုံမလဲဖြစ်မိသွားပေမယ့်အဲ့ဒါက ကလေးကိစ္စနဲ့ဘာမှမဆိုင်။
"ထူးဆန်းလိုက်တာ မလိမ်တတ်ပေမယ့်ဟန်ဆောင်တော့ကောင်းနေလိုက်တာ။ စကားလုံးချိုချိုလေးတွေကို နှုတ်ခမ်းလှလှလေးနဲ့ပြောရင်း နွားလိုက်ရှာနေတာများလား"
"မာန်ရိပ် မင်းမှားနေပြီ။ မင်းဘာတွေမှားသိထားလည်းမသိပေမယ့် ပြောပြမယ်ဆိုငါရှင်းပြနိုင်ပါတယ်"
"ခင်ဗျားပါးစပ်ကိုပိတ်ထားတော့ အဲ့လေသံကျုပ်မကြားချင်ဘူးလို့"
"အဟင့် ငါ ငါအခုလိုပြောမိတာက မင်းနဲ့မတွေ့ရတဲ့အချိန်တွေ ငါလွမ်းနေမိလို့ပါ။ မင်းနဲ့ရှိချိန်တွေကိုလည်းသတိရနေမိတယ်"
"ငါ့ဘဝတွက်မင်းကိုလိုအပ်တယ်လို့ခံစားနေရပြီး ဘာလို့မှန်းမသိ ငါမင်းအနားမှာပဲနေချင်နေမိတယ်။ အဲဒါကိုသာ အချစ်"