နာကျင်တယ်။ ဒဏ်ရာတိုင်းကသေမတတ်နာနေတယ်။ဟမ် ငါမသေဘူးလား။ မဟုတ်မှသေပြီးတခြားလောကကိုရောက်သွားတာလား။
"လှိုင်းငယ်"
"မောင်"
ကြားရတဲ့ခေါ်သံကြောင့် လေးလံနေသောမျက်ဝန်းတို့အားယူကာဖွင့်နေသည်။နွေးထွေးစွာပွေ့ဖတ်ခံထားရပြီး လည်ဂုတ်နားကမောင့်ရဲ့အသက်ရူသံကိုကြားနေရတယ်။သူ့အငွေ့အသက် သူ့နွေးထွေးမှုအနောက်ကနေတစ်ကိုယ်လုံးကိုသူ့ရင်ထဲထည့်လို့သိမ်းကျုံးဖက်ထားတဲ့မောင်။
"မောင် မင်းလား။ တကယ်မင်းလားဟင်"
"ဘာမှမဖြစ်ဘူးမှတ်လားလှိုင်းငယ်။ ခင်ဗျားဘာမှမဖြစ်ဘူးမှတ်လား"
အသက်ပြင်းပြင်းရူလို့နာကျင်နေတဲ့အသံနဲ့ဖြည်းငြင်းစွာပြောလို့မေးလာသည်။
"လှုပ်လို့တော့မရဘူး နာတယ်။ နေရာတိုင်းကနာနေတယ်"
"ခွင့်လွှတ်ပါ။ မောင်တောင်းပန်ပါတယ် မောင့်အမှားပါ ခင်ဗျားကိုတကယ်တောင်းပန်ပါတယ်"
"မငိုပါနဲ့မောင် ငါမောင့်ကိုချစ်လို့ ဘယ်တော့အပြစ်မြင်မှာမဟုတ်ဘူး။ အနားမှာရှိနေဖို့ကိုပဲမျှော်လင့်မိနေတာပါ"
"မောင်ရော နာနေတာလား ဘယ်နားထိသွားသေးလဲ"
"မနာပါဘူး ဒါပေမယ့် မောင်လည်းလှုပ်ရှားဖို့အဆင်မပြေလို့ ဒီအတိုင်းလေးခဏလောက်သည်းခံပြီးနေလိုက်နော်"
"နာတာသက်သာအောင် မှေးနေလိုက်ပါလား နိုးလာရင်အားလုံးအဆင်ပြေသွားလိမ့်မယ်"
စိတ်ကိုလျော့ချလိုက်ပြီး ရင်ခွင်ထဲမှီကာမှေးစက်နေလိုက်သည်။ မိုးစက်သံတွေကြားမောင်ရင်ခုန်သံကိုပါရောလို့ကြားနေရပြီးစည်းချက်တိုင်းကိုနှစ်သက်မိတယ်။
"မောင်"
"အင်း"
"မိုးတွေရွာနေတာလား"
"အင်း ချမ်းနေလို့လား"
"ဟင့်အင်း ဒါကအိမ်မက်များလားမောင်ရာ"
"အိမ်မက်ဆိုရင်တောင်လေ မိုးတွေရွာနေပါစေ မှောင်မည်းတဲ့သစ်တောအလယ်ရောက်နေပါစေ ငါဒဏ်ရာတွေနဲ့နာကျင်တာကိုခံစားနေရပါစေ"