"လေးအဂ္ဂ ဘယ်လိုလုပ်အိမ်ရောက်လာတာလဲ"
"မင်းသူငယ်ချင်းဆီလေ အလုပ်ကိစ္စလေးရှိလို့ရောက်လာတာ"
"မာန်ရိပ်သွေးကမနေ့တည်းကပြန်မလာဘူးလေ"
"ဘယ်ကသာ ငါအိမ်ရောက်လာပြီးထိုင်မရထိုင်မရဖြစ်နေတာ။ ညတစ်နာရီလောက်ကျကောက်ပြန်သွားတယ်လေ"
"ဒီလိုဆိုပြန်ရောက်နေပြီပေါ့။ ထူးဆန်းလိုက်တာ သူပြန်လာလို့ကတော့ ဆူညံပြီးပွဲစည်ဦးမယ်မှတ်တာ ဘာမှတောင်မသိလိုက်ရဘူး"
"ဒါကတော့သူ့အကြောင်းနဲ့သူပေါ့"
"အခုရောဆင်းမလာသေးဘူးလား။ လေးအဂ္ဂရောက်တာကြာနေပြီလား"
"မကြာသေးဘူးတော်ဝင်ရဲ့။ မဟာလေးသွားခေါ်ပေးနေတယ်"
မကြာခင်မှာဘဲ လှုပ်လှုပ် လှုပ်လှုပ်နဲ့ပြန်ဆင်းလာတဲ့အကောင်ပေါက်လေးမှာအနားကိုရောက်လာ၏။
"ဖိုးဖိုး ဒယ်ဒီကပြန်တော့တဲ့ သူ့ကိုလာမရှုပ်နဲ့တဲ့"
"ဟော...အဲ့တိုင်းပြောသလား"
"ဟုတ်"
"နေပါဦး မင်းဖေဖေနှစ်ယောက်ကအခုထိအိပ်နေကြတာလား"
"ဟင့်အင်း သားကြားတာတော့ဖေဖေကဒယ်ဒီ့ကိုမုန့်ကျွေးနေတာ"
"မုန့်ကျွေးတယ်။ ဘာမုန့်မို့လို့အခန်းထဲမှာစားကြတာလဲ ကလေးတွေတောင်မကျွေးဘူးလား"
"ရပါတယ် သားကစားပြီးပါပြီ ဒယ်ဒီကတော့တော်တော်ဗိုက်ဆာနေတယ်ထင်တယ်။ ဖေဖေ့ကိုမောင်အရမ်းဆာနေလို့ပါဆိုပြီးအတင်းပူဆာနေတာ ဒယ်ဒီသနားပါတယ်"
"ဪ သိပြီသိပြီ....သားကတော့အဲ့အခန်းဆီလုံးဝမသွားနဲ့တော့နော်"
"ဟုတ်ကဲ့ပါ သားဖေဖေတို့စားနေတာကိုမနှောင့်ယှတ်ပါဘူး"
သွေးအဂ္ဂရှိန်မှာတော်ဝင်ဆီကိုသာစကားပါးရင်း ပြန်လို့သွား၏။ တော်ဝင်ကတော့ အပြောင်းအလဲမြန်တဲ့နှစ်ယောက်ကိုနားမလည်နိုင်သလိုနားမလည်ချင်တော့။ မချစ်ဘူးတဲ့အသစ်စက်စက်လူပျိုလေးတစ်ယောက်အနေနဲ့ လက်တွဲဖော်အချစ်မောင်နှံတွေကို လက်ဖျားခါမိတာတော့အမှန်။