"လှိုင်းငယ် မောင်တစ်နေရာကိုသွားလိုက်အုံးမယ်"
"အိမ်မှာပဲနေ ဘယ်မှမသွားနဲ့ မောင်ရအောင်ရှာခဲ့မယ်ဟုတ်ပြီလား"
"ငါလည်းလိုက်မယ်"
"နေခဲ့ဆိုဗျာ ဘယ်မှမသွားနဲ့ အန္တရာယ်ရှိလိမ့်မယ်"
"ငါဒီတိုင်းမနေနိုင်ဘူးမောင် ဘယ်လောက်အန္တရာယ်များများငါ့ကလေးတွေကိုငါရအောင်ခေါ်မှာ"
"မောင်ခေါ်ခဲ့မယ်ဆိုကွာ ဒီနေမှာပဲစောင့်နေ"
"မောင် မောင်"
ချက်ချင်းလူတစ်ချို့ခေါ်ကာထွက်သွားသူနောက်လိုက်ဖို့ပြင်ပေမယ့် တားဆီးခံထားရသည်။ ကလေးတွေနေခဲ့တဲ့ အခန်းထဲတွင်တစ်ယောက်တည်းဆောက်တည်ရာမရ။ သူ့ဖုန်းကိုခေါ်ပေမယ့် တစ်ဖက်ကမကိုင်လာ။
နာရီကိုသာကြည့်နေမိလို့ မောဟိုက်နေတဲ့ရင်အစုံကိုဖိထားနေရတယ်။ အချိန်တွေကကြာနေသလို မျက်ရည်တို့ကလည်းတားဆီးမရ။ မောင်တို့အန္တရာယ်ကင်းဖို့သာအကြိမ်ကြိမ်ဆုတောင်းနေမိသည်။
တစ်နာရီကျော်လောက်ကြာတော့ အပြင်ဘက်မှသေနတ်သံတွေကြားလို့ ကြောက်ရမှန်းမသိဘဲပြေးထွက်လာမိတယ်။သို့သော် ကိုယ်ထွက်လာချိန်အိမ်ထဲဘယ်သူမှမရှိ ချထားသောအစောင့်တို့မှာကြမ်းပြင်ပေါ်သွေးတို့အိုင်လို့လဲနေသည်။
ခေါင်းထဲမောင်တို့ကိုစိုးရိမ်စိတ်ကထိန်းမရတော့။ အိမ်အပြင်အမြန်ဆုံးပြေးထွက်လာတော့ အရှေ့မှခြံထဲတစ်ရှိန်ထိုးဝင်လာတဲ့ကားမှာကိုယ့်စီဦးတည်နေလာနေတာတွေ့လိုက်ရတယ်။ ထိုကားကိုအာရုံစိုက်ကြည့်နေမိချိန်အနောက်မှအချုပ်ခံရတာကိုသာသိလိုက်ပြီးနောက်လောကနဲ့အဆက်ပြတ်သွား၏။
ဘဝမှာတတိယအကြိမ် အမှောင်ခန်းထဲသတိရလာခဲ့ပြန်တယ်။ အဖမ်းခံရတာ နေသားတောင်ကျနေသလိုပဲ။ ဒါပေမယ့်ဒီတစ်ခါကအရင်လိုမနာကျင် ချုပ်နှောင်ထားခြင်းလဲမရှိ နူးညံ့တဲ့အိပ်ယာထက်လှဲလျောင်းနေရသလိုပဲ။
ဆက်စဥ်းစားမနေတော့ဘဲ အခွင့်ရေးရတုန်းပြေးရန်အထ ရုတ်တရက်တစ်ခန်းလုံးမီးတွေလင်းလာ၏။ မြင်လိုက်ရတဲ့နေရာကြောင့်မအံ့သြပဲမနေနိုင်ဘူး။