ကောင်းကင်ထက်အသံတွေဆူညံနေပြီး ပြင်းထန်သောလေကြောင့်အနားရှိအပင်တို့မှာကျိုးမတတ်ယိမ်းယိုင်နေ၏။ အခန်းအပြင်ဘက်မှလှုပ်လှုပ်ရှားရှားပြေးလွှားသံတွေကြောင့် အဏ္ဏဝါစိတ်ထဲစိုးရိမ်မိကာ တော်ဝင်ဆီလှမ်းကြည့်လိုက်မိပေမယ့် အကြံအစည်ပြည့်နှက်နေတဲ့အပြုံးကြီးနဲ့ပြုံးပြလာသူ။
"ဘာ ဘာအသံလဲအဲ့တာက"
"ရဟက်ယာဥ်အသံလေ မကြားဖူးဘူးလား"
"ဒယ်ဒီနောက်ဆုံးတော့လာပြီပဲ"
ကျယ်လောင်သောအသံနဲ့အတူအစိတ်စိတ်အမွှာမွှာကျိုးသွားတဲ့တံခါးနောက်မာန်ပါပါရပ်နေသူကိုသွန်းရိပ်လွှာမြင်သည်နှင့်
"ဒယ်ဒီ"
"သွန်း"
မာန်ရိပ်သွေးအံ့သြသွားကာပြေးဝင်လာတဲ့သမီးငယ်ကိုကောက်ချီလိုက်၏။
"ငါ့အသက်လေးကဒီကိုဘာလို့ရောက်နေတာလဲတော်ဝင်။ ဘယ်ကောင်လုပ်တာလဲ"
"အနောက်မှာမင်းပထွေးက"
မာန်ရိပ်သွေးလှည့်ကြည့်တော့ စီးကရပ်သောက်ကာရပ်ကြည့်နေသူနောက် အင်အားမနည်းတဲ့လူများစွာကသေနတ်ချိန်ကာဝိုင်းထားလေ၏။
"ဘယ်သူလဲမင်းက"
"မာန်ရိပ်သွေးမာန်ရိပ်သွေး ငါမင်းကိုတွေ့ချင်နေတာကြာပြီ။ အခုတော့အဲ့အချိန်ရောက်လာပြီပေါ့"
"ဘယ်ကသေချင်းဆိုးလဲ မင်းနောက်ကတစ်ယောက်ကိုတော့ငါသိတယ်။ ငါသတိပေးလိုက်တဲ့စကားကိုသေချာနားမထောင်လိုက်ဘူးပဲ"
စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ထိတ်လန့်နေပုံပေါ်သောမင်းမျိုးရဲခေါင်ကိုစိုက်ကြည့်ကာ နှုတ်ခမ်းတစ်ဖက်ပြုံး၍ လှောင်လိုက်၏။
"ဟျောင့်လျှံ ဒါဘယ်လိုဖြစ်တာလဲ။ မင်းပြောတော့အဲ့လူလုံးဝရောက်မလာစေရဘူးဆို အခုတော့အစီအစဥ်အကုန်ပျက်ကုန်ပြီ"
"ငါ့ညီရာ ရောက်လာမှတော့ဘာလို့မကြိုဆိုရမှာလဲ။ ဆုံရခဲတဲ့ဧည့်သည်ကြီးကို ဧည့်ဝတ်တော့ကျေပေးရမှာပေါ့"
ခက်ထန်တဲ့လေထုနဲ့ မြင်နေရတဲ့လက်နက်တွေကနေ ယမ်းအနံ့ကိုတောင်အဏ္ဏဝါရနေသလို။ ဘာတွေဖြစ်လာမယ်ဆိုတာကို တွေးကာပူနေချိန် အနားကိုရောက်လာသူကိုသတိမထားမိလိုက်