( Unicode ) Chapter - 1

3.3K 141 25
                                    


Chapter 1 : No matter how tightly you hugged..... it's time to let go

____________________________________________

                   
ငါတို့တွေတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့နေ့မျိုးမှာတောင် အကြောင်းတရားတစ်ခုခုကြောင့်ခွဲခွာရတတ်တယ်ဆိုတာကိုမင်းသိလား?

ငါတို့မှာသံယောဇဉ်တွေရှိတယ်ဆိုရင်တောင်၊ လက်ကိုင်ထားကြရင်တောင်၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်ထားကြရင်တောင်....နောက်ဆုံးမှာတော့ ငါတို့တွေလွှတ်ပေးရမှာပဲလေ~

လေအေးပေးစက်ပျက်သွားပြန်ပြီ ဟူး.....

" မင်းငါ့ကိုဘာလို့ဒီလောက်ထိတင်းကြပ်နေအောင်ဖက်ထားရတာလဲလို့? ပူတာသေမလိုပဲ " ဆိုပြီးတော့ ငါ့ကိုစပါအုံးလိုမျိုးတင်းကြပ်နေအောင်ဖက်ထားတဲ့သူကိုမော့ကြည့်လိုက်တော့သည်။ ဒီလိုပိတ်လှောင်နေတဲ့အခန်းထဲမှာ ပန်ကာတစ်ခုတည်းကသာငါတို့ကိုအအေးဓာတ်ပေးဖို့အတွက်လုပ်ဆောင်နေရတာပဲဖြစ်တယ်လေ။

" ပွစိပွစိပြောတဲ့နေရာမှာတော့တော်တယ်နော် "

" ငါဆက်ပြီးပြောနေအုံးမှာပဲ...အရင်နေ့တွေတုန်းက စက်ပြင်ဆရာကိုခေါ်ပါလို့ငါမင်းကိုပြောတယ်လေ...ဒါပေမယ့် မင်းမခေါ်ခဲ့ဘူး! "

ငါကျိန်ပြောရဲတယ်! ဒါကစက်ပြင်ဆရာကိုခေါ်ဖို့အတွက်ငါသူ့ကိုပထမဆုံးအကြိမ်ပြောတာမဟုတ်တော့ဘူး....ငါသူ့ကိုကောင်းကောင်းမွန်မွန်လည်းပြောပြီးပြီ၊ ပြင်းပြင်းထန်ထန်လည်းပြောပြီးပြီ၊ ဒါပေမယ့် ပြောင်းလဲသွားတာတော့ မရှိခဲ့ဘူးလေ...ရလဒ်ကတော့ ရာသီဥတုကပူလွန်းတာကြောင့် အိပ်ဖို့ကိုမနည်းအသက်ရှူနေရတာပဲ။

" ငါမှားတာပါ...ခွင့်လွှတ်ပေးနိုင်မလား? " ဆိုပြီး သူကပြုံးဖြဲဖြဲနဲ့ပြောလာခဲ့တယ်လေ။ ပြီးတာနဲ့ သူကပြုံးပြီးတော့ငါ့ရဲ့ကြမ်းတမ်းတဲ့ပါးပြင်ကိုသူ့နှုတ်ခမ်းတွေနဲ့အသာအယာဖိလာတော့တာပဲ။

" မဖြစ်နိုင်ဘူး " ဆိုပြီးတော့ ငါခေါင်းကိုတခြားဘက်လှည့်လိုက်တော့တယ်လေ...ငါ့ကိုအနိုင်ကျင့်ဖို့အတွက်လမ်းဖွင့်ပေးလိမ့်မယ်လို့မမျှော်လင့်လိုက်နဲ့! အခုဆိုရင် ငါ့ရဲ့လည်ပင်းကုပ်ပိုးကိုလာထိခတ်နေတဲ့ သူ့ရဲ့အသက်ရှူငွေ့က ငါ့နှလုံးသားကိုမူးဝေစေပြီးတော့ကြက်သီးထလာစေခဲ့တယ်လေ...ငါ့ခန္ဓာကိုယ်တစ်ခုလုံးကမောပန်းနွမ်းနယ်လာသလိုပဲ။

My President - University Life (Myanmar Translation)Where stories live. Discover now