(Unicode) Chapter 6

524 43 10
                                    

Chapter 6 : Meeting A Jealous Person

ကျောင်း၀တ်စုံကနေအားကစား၀တ်စုံကိုပြောင်းလဲ၀တ်ဆင်ပြီးသန့်စင်ခန်းကနေထွက်လာကတည်းက ငါ့ဘေးနားမှာရှိနေတဲ့တစ်ယောက်ဆီကနေအပြုအမူတွေကပြောင်းလဲသွားတာကိုခံစားနေရတော့သည်။ သူ့မျက်နှာမှာမကျေနပ်မှုတွေရှိနေတာကိုမြင်နေရပေမယ့်လည်း ငါ့လိုပျင်းလွန်းတဲ့သူကတော့ခန့်မှန်းရမှာကိုတောင်ပျင်းလွန်းလို့တိုက်ရိုက်သာမေးလိုက်တော့သည်။

" ဘာဖြစ်နေတာလဲ "

" ............... "
ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရလိုက်တဲ့တစ်ခုတည်းသောတုန့်ပြန်မှုကတော့တိတ်ဆိတ်မှုပဲလေ

" ငါထပ်မေးမယ် ဘာဖြစ်နေတာလဲလို့ "
ငါပြတ်သားတဲ့အသံနဲ့ထပ်ပြီးမေးလိုက်ပေမယ့်လည်း သူကဘာမှမပြောချင်ဘူးဆိုရင်တော့ ငါထပ်မမေးတော့ဘူးလို့သာစဉ်းစားထားတယ်လေ။ မဟုတ်ရင် သူ့ရဲ့ဒေါသကိုဆွမိသလိုဖြစ်ပြီးရန်ဖြစ်ရမှာကိုမလိုချင်ပါ။

" မင်းရဲ့ဘောင်းဘီ " ဆိုပြီး လူချောကောင်ကအသံတိုးတိုးလေးနဲ့ပြောလာကာ နေရာမှာတင်ရပ်ပြီးငါ၀တ်ထားတဲ့ဘောင်းဘီကိုလှည့်ကြည့်လာတော့သည်။

" ဟမ်? "
ငါတစ်ခုခုများမှားနေလို့လားဆိုပြီးအောက်ကိုငုံ့ကြည့်ကာခေါင်းရှုပ်သွားတော့သည်။ တစ်နေရာရာကများပြဲနေလို့လား? ဒါပေမယ့်လည်း ဘယ်ဘက်၊ ညာဘက်၊ အရှေ့ဘက်၊ အနောက်ဘက် အကုန်ကြည့်ပြီးတာတောင်မှဘာအပြဲကိုမှမတွေ့ရဘူးလေ။ နောက်ဆုံးမှာတော့ စိတ်မရှည်တော့တဲ့ဆေးဌာနကျောင်းသားဥက္ကဌကြီးကသာ သက်ပြင်းအရှည်ကြီးချပြီးပြောလာတော့သည်။

" ဒီထက်ရှည်တာမရှိတော့ဘူးလား? "

" ဒါကတိုလို့လား? "
ဒါကပုံမှန်အားကစားဘောင်းဘီပဲလေ

" တိုတယ်! "
လူယုတ်မာလူချောကောင်ကစကားနဲ့ပြောရုံတင်မဟုတ်ပဲ ငါ့ဘောင်းဘီကိုပါအောက်ကိုဆွဲချဖို့ကြိုးစားတော့တယ်လေ။ ကံကောင်းပြီးဒီမှာလူသိပ်မရှ်ိလို့ပေါ့။ မဟုတ်ရင် ဌာန၀င်းအလယ်မှာအမိုက်စားရှိုးတစ်ခုဖြစ်သွားနိုင်တယ်။

နေအုံး!!!
  
" မင်းဟာကရှည်လွန်းတယ် "
ငါသူ့ဘောင်းဘီကိုဆောင့်ဆွဲတင်ပေးကာပြောလိုက်တော့သည်။ ငါ့ဟာနဲ့ဘာလို့မတူရတာလဲ? ဒါ့အပြင် သူ့ရဲ့ကြွက်သားတွေကိုလည်းမြင်နေရသေးတယ်။

My President - University Life (Myanmar Translation)Where stories live. Discover now