(Unicode) Chapter 3

485 46 26
                                    

Chapter 3 : Seniors with the same code

"ရုပ်ချောပေမယ့် သဘောထားမကြီးဘူး "

ဟမ်? စာရွက်ပေါ်ကသဲလွန်စကိုမြင်ပြီးတာနဲ့ ငါပတ်၀န်းကျင်မှာဒီသဲလွန်စနဲ့ကိုက်ညီတဲ့စီနီယာကိုရှာဖို့အတွက်ဘေးပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်တော့သည်။ ငါပတ်၀န်းကျင်ကို ၃၆၀ဒီဂရီလှည့်ကြည့်တယ်၊ စားပွဲအောက်ကိုကုန်းကြည့်တယ်၊ တိုင်နောက်မှာများရှိနေမလားဆိုပြီး ထောင့်တွေကအစလိုက်ရှာကြည့်တယ်၊ သဲလွန်စနဲ့ကိုက်ညီတဲ့လူကိုရှာတွေ့မလားဆိုတဲ့စိတ်နဲ့ပေါ့။ ဒါပေမယ့်လည်း ငါ့ရဲ့စံနှုန်းကတအားမြင့်နေတယ်ထင်ပါတယ်....ဘာလို့ဆို ငါ့မျက်လုံးထဲမှာ အဲ့လိုလူကိုအစအနတောင်မှရှာမတွေ့တာကြောင့်ပေါ့။ ဌာနမှာရှိတဲ့စီနီယာတွေက လူချောကောင်ရဲ့ချောမောမှုနဲ့နှိုင်းယှဉ်ဖို့အတွက်အရည်အချင်းမပြည့်မှီကြဘူးလေ။

တွေးကြည့်ရုံနဲ့တင်စိတ်ပျက်စရာပါပဲ။ ငါသက်ပြင်းအရှည်ကြီးကိုချပြီးတာနဲ့ ခေါင်းကိုယမ်းကာ ယောင်ဝါးဝါးဖြစ်နေတဲ့အတွေးတွေကိုမောင်းထုတ်လိုက်တော့သည်။ ပြီးတာနဲ့ သတ္တိတွေကိုစုစည်းကာ ဌာနအနောက်ဘက်ရှိစကျင်ကျောက်စားပွဲမှာ တစ်စုံတစ်ခုကိုပြုလုပ်ဖို့အတွက်စုဝေးနေကြတဲ့ စီနီယာအစ်ကိုအစ်မတွေဆီကိုလျှောက်သွားလိုက်တော့သည်။

" မင်္ဂလာပါ Phi ” ဆိုပြီး ငါစီနီယာတွေအကုန်လုံးကိုပြုံးပြီးနှုတ်ဆက်လိုက်တော့သည်။

ထိုအခါ စီနီယာတစ်ယောက်ကငါ့ကိုလှည့်ကြည့်လာပြီး သူ့သူငယ်ချင်းတွေကိုမျက်လုံးမှိတ်ပြလိုက်တော့တယ်လေ။ ကျန်တဲ့သူတွေကရော? သေချာတာပေါ့ သူတို့သာပြုံးစိစိမျက်နှာမျိုးဖြစ်မနေကြဘူးဆိုရင် ဒီအခြေအနေကပုံမှန်ဖြစ်နေမှာပါ.....ဒါပေမယ့် အခုကတော့

ငါ့အထင်တော့တစ်ခုခုကမှားနေပြီ
သံသယဖြစ်စရာကောင်းတယ်....ကြောက်ဖို့လည်းကောင်းတယ်လို့!

" မင်္ဂလာပါ N'Gun 005 "

" တစ်ခုလောက်မေးချင်လို့ပါ " ဆိုပြီးတော့ ချိုချိုသာသာလေးပြောလိုက်ကာ လက်ထဲကစာရွက်ကိုမျက်ခုံးပင့်ပြလာတဲ့စီနီယာဆီကိုကမ်းပေးလိုက်တော့သည်။

My President - University Life (Myanmar Translation)Where stories live. Discover now