(Unicode) Chapter 5

477 47 6
                                    


Chapter 5: Student President of Faulty of Medicine

ငါ့ဌာနရဲ့ကျောင်းသားဥက္ကဌအဖြစ်ရွေးချယ်ခံရတာကမိုက်ပါတယ်....ဒါပေမယ့် ဆေးဌာနရဲ့ကျောင်းသားဥက္ကဌကပိုမိုက်နေတယ်လို့! ဂြိုဟ်သားကမ္ဘာဆီကဉာဏ်ကြီးရှင်က သူ့ရဲ့ချောမောခန့်ညားလှတဲ့ရုပ်ရည်လေးနဲ့ပေါင်းစပ်ပြီးမဲအများအပြားနဲ့အနိုင်ရရှိသွားခဲ့တာကအခုဆိုရင်ကျောင်းသားတွေရဲ့ပါးစပ်ဖျားမှာအတင်းအဖျင်းတစ်ခုလိုတောင်ဖြစ်နေပြီလေ။ ဒီနောက်ဆုံးအချက်ကတော့ ငါ့ကိုနည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စေတယ်။

အခုဆိုရင်ကျောင်း၀င်းအတွင်းမှာရှိတဲ့၀ဘ်ဆ်ိုဒ်အသီးသီးမှာ လူချောကောင်ရဲ့ဓာတ်ပုံတွေနဲ့အတူဂုဏ်ပြုစာတွေကပြည့်နှက်နေပြီး သူ့ရဲ့အသွင်အပြင်ကိုချီးကျူးထားတဲ့သူတွေကလည်းမနည်းမနောပဲလေ။ ဒါကြောင့်မလို့ ချောမောလှပတဲ့သူတွေက အခြားသောသာမန်သူတွေထက် ပိုပြီးအခွင့်အရေးရရှိစေတဲ့အလှအပဆိုင်ရာအခွင့်ထူးတွေကိုဖယ်ရှားပေးကြဖို့လှုံ့ဆော်တိုက်တွန်းမှုတွေကလည်းရှိနေခဲ့တာပေါ့။ ပြင်ပကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီးလူအုပ်စုများစွာရဲ့အာရုံစိုက်မှုကိုခံနေရတယ်ဆိုတာကငြင်းဆိုဖို့ရန်ခက်ခဲသော်လည်း လူပေါင်းများစွာရဲ့အရည်အချင်းထက်အသွင်အပြင်ကိုပိုအလေးထားကြောင်းရည်ရွည်နေတဲ့မှတ်ချက်တွေကတော့ တခြားမှတ်ချက်ပေါင်းများစွာကိုအာရုံပြောင်းသွားစေခဲ့တာကလည်းအမှန်ပဲလေ။

" Wow တော်လိုက်တာ! "

" ထိုင်းမှာကနွေရာသီပဲရှိတယ်ဆိုပေမယ့် ........ ဒေါက်တာလေးကတော့တအားချစ်ဖို့ကောင်းလွန်းတယ်! "

" ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလှူဖို့ဆန္ဒရှိတာမလို့..... မင်းငါ့ရဲ့နှလုံးသားလေးကိုလိုချင်လား? "

" ဆရာ၀န်တစ်ယောက်ဖြစ်ရတာကမင်းရဲ့လူနာတွေကိုဂရုစိုက်ပေးဖို့လိုတယ်လေ၊ ဒါပေမယ့် မင်းရဲ့နှလုံးသားလေးကိုနားလည်ပြီးဂရုစိုက်ပေးမယ့်သူရောရှိပြီလား? "

" ဖတ်ကြည့်လိုက် Noid, မပြေလည်ပေးနဲ့! "
ချက်ချင်းပဲလူချောကောင်ရဲ့၀တ်ပြီးသားတက္ကသိုလ်ယူနီဖောင်းအဖြူရောင်ရှပ်အင်္ကျီကငါ့ခေါင်းပေါ်မှာနေရာယူလာတော့တယ်လေ။ အသံရဲ့အရင်းအမြစ်ကအိပ်ခန်းထဲကိုခဏတာမပျောက်ကွယ်သွားခင်မှာပဲ ငါ့ခေါင်းပေါ်ကရှပ်အင်္ကျီကိုဆွဲယူလိုက်ကာ သူ့ကိုစိုက်ကြည့်ပေးလိုက်တော့သည်။

My President - University Life (Myanmar Translation)Där berättelser lever. Upptäck nu