(Unicode) Chapter 4

458 43 13
                                    


Chapter 4: Student President of Accounting Faulty

ယခုနှစ်အတွက် ကူးသန်းရောင်း၀ယ်ရေးနှင့်စာရင်းအင်းပညာဌာန၏ ကျောင်းသားဥက္ကဌရွေးချယ်ခြင်းအတွက်စံသတ်မှတ်ချက်တွေအနေနဲ့ လျှောက်ထားသူတွေဟာ ပညာရေးပ်ိုင်း၊ အသင်းအဖွဲ့များတွင်ပါ၀င်လှုပ်ရှားမှုပိုင်း နှင့် ပြောဆိုဆက်ဆံရေးအပိုင်း အစရှိတဲ့လိုအပ်ချက်သုံးခုစလုံးနှင့်ကိုက်ညီရမှာပဲဖြစ်သည်။ အထက်တန်းတုန်းက ကျောင်းသားကောင်စီဥက္ကဌရွေးချယ်ပွဲမှာလူချောကောင်ကိုရှုံးခဲ့တဲ့ ငါ့ရဲ့အတိတ်ကအမှားကိုပြင်ဆင်ချင်တယ်ဆိုတဲ့နက်ရှိုင်းလှတဲ့ရည်ရွယ်ချက်ရယ်၊ ငါ့အဖွဲ့ကသူငယ်ချင်းတွေ၊ အတန်းဖော်တွေရဲ့အားပေးမှုတွေနဲ့အတူ ငါ့ရဲ့အရင်ဘ၀ကပြုလုပ်ထားခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ပေါင်းပြီး ဒီရာထူးအတွက်ရွေးချယ်ခံဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်သည်။

ငါ့ရဲ့ပညာရေးထူးချွန်မှုက အခြားသောကိုယ်စားလှယ်လောင်းတွေလိုမျိုးထူးချွန်တဲ့အထဲတော့မပါပေမယ့် ပြောဆိုဆက်ဆံရေးမှာတော့ ငါ Kantaphol ကသာဒုတိယဆိုရင် ပထမကိုဘယ်သူမှယူရဲမှာမဟုတ်ဘူးလေ။

ကမ်ပိန်းကိုတော့လွန်ခဲ့တဲ့အပတ်ကနေစတင်ခဲ့တာဖြစ်ပြီး မနေ့ကအထိပဲဖြစ်သည်။ ငါနဲ့ငါ့သူငယ်ချင်းအဖွဲ့တွေကတော့ အွန်လိုင်း၊ အော့ဖ်လိုင်း နှစ်ခုစလုံးကနေမဲဆွယ်စည်းရုံးရေးလုပ်ဖို့နည်းလမ်းတွေကိုအသုံးပြုဖို့ရွေးချယ်ခဲ့ကြတယ်လေ။

အော့ဖ်လိုင်းအပိုင်းမှာတော့ ငါစိတ်ကူးရလာတဲ့အကြံကိုသူငယ်ချင်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီး လူတစ်ဦးစီရဲ့လိုအပ်ချက်တွေကိုစစ်တမ်းကောက်ယူခဲ့တာပဲဖြစ်သည်။ လူတိုင်းဟာဆိုရင် ငါတို့ဌာနရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကိုမြင်ချင်နေကြတာပဲဖြစ်တယ်လေ။ ပညာရေးကဏ္ဍအတွက်ငွေကြေးပံ့ပိုးမှုတွေနဲ့အတူ တခြားသောလှုပ်ရှားမှုတွေအတွက်ပါထပ်ပေါင်းလိုချင်နေကြတာပဲဖြစ်သည်။

အွန်လိုင်းအပိုင်းမှာကတော့ ထုံးစံအတိုင်းမူဝါဒနှင့် အမျိုးမျိုးသောမတူညီတဲ့အမြင်တွေကိုကြော်ငြာဖို့ရန် ပုံတွေကိုတင်ပေးတဲ့နည်းလမ်းကိုအသုံးပြုခဲ့တာပဲဖြစ်သည်။ ဒါ့အပြင် ဖေ့စ်ဘွတ်၊ အင်စတာဂရမ် နဲ့ တစ်တော့ အစရှိတဲ့ဆိုရှယ်မီဒီယာတွေမှာပါ သူငယ်ချင်းတွေရဲ့ပါ၀င်မှုနဲ့ဖန်တီးထားတဲ့ဗီဒီယိုကလစ်တွေကိုတင်ပေးခဲ့တာပဲဖြစ်တယ်လေ။ အဆိုပါဗီဒိီယိုကလစ်တွေမှာဆိုရင်မရှိမဖြစ်အရေးပါတဲ့အရာတွေနဲ့ အရေးမပါတဲ့အရာတွေကိုထည့်သွင်းပေးထားတာပဲဖြစ်သည်။ ဒီအပိုင်းမှာဆိုရင်ဖြင့် ဆိုရှယ်ချန်နယ်သုံးခုလုံးမှာကြည့်ရှုသူသောင်းဂဏန်းအထိတိုးလာစေခဲ့တယ်လေ။ မတူညီတဲ့အဖွဲ့အသီးသီးမှသူငယ်ချင်းတွေကလည်း ဒါဟာအကောင်းဆုံးသောကမ်ပိန်းဖြစ်တယ်ဆိုတာကို‌မြင်တွေ့လာကြတဲ့အထိပေါ့။
  
သေချာတာပေါ့! ဒီလိုရိုက်ချက်မျိုးကိုဘယ်လိုလုပ်ပြီးသတိမပြုမိပဲနေနိုင်မှာလဲ?

My President - University Life (Myanmar Translation)Where stories live. Discover now