Part 17

424 48 8
                                    

"ဦးသူ အဂ္ဂပျောက်နေတယ်၊ မနေ့ထဲက ဖုန်းဆက်လို့မရဘဲ ပျောက်နေတာ"

စေသူရိန်က ဝှီးချဲကို တွန်းပြီး စိတ်ပူတာကြောင့် တုန်ရီနေသည့် ရသလင်းကို တည်ငြိမ်စွာပဲ ကြည့်လိုက်သည်။

"မနေ့က ဦးနေမောင်ရဲ့ လူတွေကို မြစ်ကမ်းဘေးမှာ တွေ့လိုက်တယ်လို့ ပြောတယ်၊ သူတို့ အဂ္ဂကို လိုက်နေခဲ့ကြတာ၊ နောက်တော့ အဂ္ဂ ရေထဲခုန်ချသွားတယ်လို့ ပြောတယ်၊ အခု ဦးလည်း သူ့ကို လိုက်ရှာနေပါတယ်"

ရသလင်းမှာ ကြီးစွာသော တုန်လှုပ်ခြင်းကို ခံစားနေရသည်။ သူ့အကိုကို တစ်ခါမှ အထိခိုက်မခံစေချင်ခဲ့ပေ။ သူကတော့ အဆင်ပြေနေတဲ့အချိန် သူ့အကိုကို ပစ်မှတ်ထားလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

"ကျွန်တော့်ကို ပစ်မှတ်ထားဖို့ လုပ်ခဲ့တယ်ဆို ဘာလို့ အဂ္ဂကို သူတို့ ဖမ်းဖို့ ကြိုးစားကြတာလဲ"

ထို့နောက် သူတဖြည်းဖြည်းရှင်းလင်းလာခဲ့သည်။ တစ်ချိန်လုံး သူက အလုပ်နဲ့အိမ်ပဲ ပြေးလွှားနေချိန်မှာ အဂ္ဂလင်းကတော့ နေသူရိန်အနားမှာ သတင်းနှိုက်ဖို့ ရှိနေခဲ့တာပင်။ ဒါဆို ဒါတွေ အားလုံးက ဦးသူစီစဉ်ထားတာပဲလား။

တကယ်တော့ သူ့ကိုယ်သူ ပစ်မှတ်တစ်ခုလို့ အမြဲသဘောထားခဲ့ပေမယ့် သူ့အကိုကသာ ငါးစာဖြစ်နေခဲ့ရတာလား။

"ဦးသူ ဒီအကြောင်းကို ခန့်မှန်းမိပြီးသားမလား"

"အဂ္ဂက သူ့ကို အစားထိုးဖို့ ပြောခဲ့တာ၊ မင်းကို မထိခိုက်စေချင်လို့ သူဒီလို လုပ်ခဲ့တာပဲ"

ထိုစကားကို ဝင်ပြောသည့် သူက ဦးနေရောင်ဖြစ်သည်။ နေမောင်နှင့် နေရောင်ဆိုတာ တစ်ချိန်က စေသူရိန်၏ ဖခင်လက်ထက်တွင် အင်အားကြီးသည့်ဘယ်ညာလက်ရုံးများပင်။ အခုတော့ တစ်ဂိုဏ်းလုံးက အကွဲကွဲအပြားပြားစီ ဖြစ်နေခဲ့သည်။

ရသမှာ လေပူကို မှုတ်ထုတ်လိုက်ပြီး ဦးသူကို ပြန်ကြည့်လိုက်သည်။

"ကျွန်တော် သူ့ကို သွားရှာမယ်"

"မင်း အခုချိန်သွားရင် ပြဿနာ ပိုတက်သွားလိမ့်မယ်"

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now