P 7 ( U+Z)

1.1K 225 28
                                    

ဆိုင်ကယ်တစ်စီးလမ်းမ ပေါ်တွင် ပြေးလွှားနေသည်။ အလျင်လိုနေသည့် သူအတွက် အရှိန်ကုန် မောင်းနှင်‌တာတောင် ခရီးမရောက်နိုင်သေးပါ။ သူနောက်ကျနေပြီ ဖြစ်သောကြောင့် အရှိန်ကုန် တင်မောင်းခဲ့သည်။ ဒီည သူတို့မှာ မစ်ရှင်တစ်ခု ရှိနေသည်။

မျက်နှာတစ်ခုလုံး လုံသည့် ဆိုင်ကယ် ဦးထုပ်ကို ဆောင်းထားသည့် ရသလင်း၏ ခန္ဓာကိုယ်က ဘက်သုံးဘက်က ကြည့်လျှင်တောင် ရှုထောင့်အစုံက ကြည့်ကောင်းသည်။

လမ်းသုံးခွ၏ တစ်ဖက်ခြမ်းမှ ထွက်လာသော ကားတစ်စီးကို ရသလင်း လွတ်အောင်ရှောင်လိုက်သည်။ သူမထင်ထားခဲ့သည်က သူ့ဆိုင်ကယ်ကို တမင်၀င်တိုက်လိမ့်မည်ဟု။

ဝုန်း....

အချိန်မှီ ဆိုင်ကယ်ပေါ်က ခုန်ချလိုက်ပေမယ့် ပလက်ဖောင်းပေါ် ဒလိမ့်ခေါက်ကွေး ပစ်ကျသွားခဲ့သည်။ အင်္ကျီအိတ်ထဲမှာ ထည့်ထားသည့် ဖုန်းကလည်း အဝေးသို့ လွင့်စင်သွားသည်။

အားယူပြီး မတ်တပ်ရပ်တော့ ကားပေါ်က ဆင်းလာကြသည်က ဦးမာန်ထည်၏ ကိုယ်ရံတော်များထဲမှ တချို့ဖြစ်သည်။

သူတို့ ရသလင်းကို ဘယ်လို ရှာတွေ့သွားကြတာလဲ။

"သူ့ကို ဖမ်းလိုက်ကြ"

ခေါင်းဆောင်ဟု ထင်ရသည့် ကတုံးပြောင်ပြောင်နှင့်လူက အမိန့်ပေးသည်။ ရသလင်းက ပြုံးလိုက်သည် ဒူခေါင်းနည်းနည်း နာနေပေမယ့် လူခြောက်ယောက်လောက်ကိုတော့ သူအသာလေး ချနိုင်သေးသည်။

ဘေးနားက ဓာတ်တိုင်ကို အမှီပြု၍ ရသလင်းက ကျရောက်လာသည့် အန္တာရယ် ဓားပါးတိုများကို ရှောင်တိမ်းရသည်။ သူတို့က ရသလင်းကို ဘယ်သူဆိုတာ သိနေတာသလားဆိုတာ သူအခုထိ မတွေးနိုင်သေးဘူး။

ခက်ခက်ခဲခဲ ရုန်းကန်နေရင်းက သူထွက်ပြေးလို့ လွတ်လုဆဲဆဲတွင် သေနတ်သံတစ်ခု သူကြားလိုက်ရသည်။

ဖောင်း....

နာကျင်၍ အောင့်တက်လာသော သူ့ဘယ်ဘက်ခြေထောက်က မတ်တပ်ရပ်နိုင်စွမ်းပင် မရှိတော့ဘဲ ပြိုလဲကျသည်။ အနားသို့ရောက်လာသော လူတချို့က ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်သည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now