P 2 (U +Z)

1.8K 240 24
                                    

ညအမှောင်ရိပ်ကြောင့် အလင်းမကျရောက်‌နိုင်သည့် မြို့၏ တိုက်အမြင့်များကြားရှိ လမ်းကြိုလမ်းကြားထဲတွင် လူတစ်ယောက်က တယိမ်းတယိုင် လျှောက်လာသည်။ သူသည်ကား တောက်ပြောင်သော အနက်ရောင် အ၀တ်အစားကို ၀တ်ဆင်ထားပြီး ဖြူဖွေးသော ရင်ဘတ်ကိုလှစ်ဟထားသည်။ လည်ပင်းတွင် ဖြူလဲ့သော ‌ငွေဒင်္ဂါးပြားတစ်ခုကို ကြိုးအမည်းဖြင့် ဆင်မြန်းထားသေးသည်။ အနက်ရောင်တွင် စိန်စီသည့် မျက်နှာဖုံးကို ၀တ်ဆင်ထားပြီး ၀မ်းဗိုက်ပိုင်းနေရာကို လက်ဖြင့် အုပ်ကိုင်ထားသည်။

လမ်းကြားကထွက်လိုက်လျှင် ရောင်စုံမီးတို့ထွန်းထားသည့် မြို့လယ်ခေါင် ကားလမ်းဘေးကို ရောက်ရှိလာသည်။ သူက ဟန်လုပ်၍ ကိုယ်ကိုမတ်မတ် လျှောက်လေသည်။ မျက်နှာဖုံးကိုချွတ်လိုက်လျှင် ပကတိချောမောသော ရုပ်အသွင်က ပေါ်ထွက်လာသည်။ နှုတ်ခမ်းတို့ကို တွန့်ရုံမျှ ကွေး၍ ပြုံးလိုက်သည်။ မေးစေ့အောက်နားက မှည့်လေးကလည်း တစ်စုံတစ်ယောက်နှင့် ခွဲမရအောင် တူသေးသည်။ ဘောင်းဘီအိတ်ထဲက နှာခေါင်စည်း maskအမည်းရောင်ကို ထုတ်၍ သူ့မျက်နှာကို ဖုံးကွယ်လိုက်သည်။ သူသည်ကား လူမြင်ကွင်းတွင် ရှိနေလို့ မရသည့် မျက်နှာပိုင်ရှင်မျိုး။

ဘေးဘီကို ဝဲကြည့်တော့ ၂၄နာရီ ဖွင့်သည့် စတိုးဆိုင်ကို တွေ့ရသည်။ အခုချိန်မှာ သူ့ကိုယ်သူ ဆေးကုဖို့လည်း လိုသလို၊ ဗိုက်ဖြည့်ဖို့လည်း လိုနေပြီ။

"၂သောင်း ၆ထောင် ကျပါတယ်၊ ခင်မျ"

သူ့အရှေ့မှာ ဂျူတီကုတ်အဖြူရောင် ၀တ်ထားသည့် လူတစ်ဦးက ငွေရှင်းနေသည်။ ကြည့်ရတာ အနီးအနား ဆေးရုံတစ်ခုက ဆရာ၀န်ပဲ ဖြစ်မည်ထင်သည်။ သူခဏကြာသည်အထိ ဒဏ်ရာ နာသည့်ဒဏ်ကို တောင့်ခံထားလိုက်သည်။

"ခေါက်ဆွဲဘူးက ပြုတ်ပေးနော်"

အရှေ့ကလူက နောက်ဆုံးကျန်သည့် ထောင့်အကျဆုံးခုံကို အရင်ဦးသွားသည်ကို သူလိုက်ကြည့်ရင်း စိတ်ပျက်စွာ ရေရွတ်မိသည်။

"ချီးပဲ"

သူလည်း ခေါက်ဆွဲဘူးကို ပြုတ်ခိုင်းလိုက်ပြီး ခုံအလွတ်များ ရှိလေမလား လိုက်ရှာရသည်။ သူ့အရှေ့က ထွက်သွားသည့် ဆရာ၀န်လောင်း၏ မျက်နှာချင်းဆိုင် ခုံမှအပ အခြားခုံမရှိတော့ဘူး။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now