P 4 (U+Z)

1.1K 215 45
                                    

"Kawaii" ဟု အမည်တွင်သည့် ဂျပန် ခေါက်ဆွဲဆိုင်ငယ်လေးက ညဘက်တွင်ဝောာ့ လူအများ စည်းကားလျက်ရှိသည်။ တကိုယ်လုံးအမည်းရောင်၀တ်ထားပြီး အသားဖြူသည့် ကောင်လေးနှင့် ဂျူတီကုတ် ၀တ်ထားသည့် ဆရာ၀န်ကောင်လေးတို့ကို တချို့က ထူးဆန်းသလိုလို လှည့်ကြည့်တတ်ကြသည်။

"ခင်များ ကြက်သွန်မြိတ် ကြိုက်လား"

ရသလင်းက စာပွဲထိုးလာချပေးသော ခေါက်ဆွဲပန်းကန်ကို ကြည့်၍ နေသူရိန်ကို မေးလိုက်သည်။

"အင်း၊ ကြိုက်တယ်၊ ဘာလို့လဲ"

"ကြိုက်ရင် ရော့၊ စားပေး"

"ဟေး ဘာလုပ်တာလဲ၊ ကိုယ့်ဘာသာ စားလေ"

"ကျွန်တော်မှ မကြိုက်တာ"

ပန်းကန်ထဲကို ကြက်သွန်မြိတ်တွေ လာထည့်ပေးသည့် ရသကိုကြည့်၍ သူခေါင်းခါလိုက်သည်။ ယဉ်ကျေးမှုကို နားမလည်သည့် ကောင်လေးကတော့ အခက်သားပဲ။

"အစကတည်းက မထည့်နဲ့လို့ ပြောလိုက်ပေါ့"

"မပြောပါဘူး၊ အကုန်စုံမှ ပေးရတာတန်မှာပေါ့"

"မင်းလည်း မကြိုက်ဘဲနဲ့"

"ခင်များကြိုက်တယ်လေ၊ များများ စားရတာပေါ့၊ စားသာစားစမ်းပါ၊ ခင်များက စကားတော်တော်များတယ်"

ဆုံးမမည်ဟု ကြံနေသော နေသူရိန်၏ စကားတို့ ရပ်တန့်သွားရသည်။ ဒီကောင်လေးဟာလေ လူကြီးကို လူကြီးမှန်းလည်း မသိဘူး။

"မင်းအသက် ဘယ်လောက်ရှိပြီလဲ"

"၂၂၊ ဘာ‌လုပ်မလို့လဲ"

"ငါ့အသက် ၂၆နှစ်ရှိပြီ၊ ဘာလဲ ခင်များ ခင်များနဲ့၊ ကိုယ့်ထက်အကြီးကို ခေါ်စရာလား အဲ့လို"

"ဖွီး၊ ဟားဟား ရယ်ရတယ်၊ ၄နှစ်ပဲ ကြီးတာကို အကို ခေါ်စေချင်တာလား၊ ခင်များ၀တ်ပုံစားပုံနဲ့ စကားအပြောအဆိုက အကိုအရွယ် မဟုတ်တော့ဘူး၊ ဦးလေးအရွယ်ဖြစ်နေပြီ"

"မင်း"

ဒီကောင်လေးကိုတော့ သူဆုံးမနိုင်မှာ မဟုတ်တော့ပေ။ သက်ပြင်းချ၍ စားစရာ ရှိတာ စားနေစဉ် သူမကြိုက်သည့် ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖတ်တွေပါ လာထည့်သေးသည်။ သူလိုလူက ကလေကချေကောင်လေးနဲ့ အဖတ်လုပ်ပြီး ပေါင်းသင်းနေမိတာပဲ။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now