Part 19

571 48 7
                                    

ဦးနေမောင် အိမ်သို့ ပြန်ရောက်လာသောအခါတွင် အသက်ဝိညာဉ်ပျောက်ဆုံးနေသလို ပိန်လီခြောက်ကပ်နေသည့် ဇနီးဖြစ်သူကို မြင်ခဲ့ရလေသည်။ ဇနီးဖြစ်သူမှာ တစ်ချိန်လုံး ငိုယိုနေခဲ့ပြီး မည်သည့်စကားကိုမှ ပြောဆိုခြင်းလည်း မရှိဘဲ အိပ်ခန်းထဲကပင် အပြင်ကို မထွက်တော့ပေ။

ဇနီးကို အသက်တမျှ ချစ်ရသည့် ဦးနေမောင်မှာမူ အပူကြီးစွာဖြင့် စိတ်သောက ရောက်ရလေတော့သည်။ အိမ်တွင် ထားသော အစောင့်များကို မေးကြည့်သည့်အခါ သူမရှိခင် အိမ်သို့ လာရောက်သူမှာ ခေါင်းဆောင် ဦးနေမင်း တစ်ဦးတည်းသာ ရှိကြောင်း ကြားခဲ့ရလေသည်။

ထို့ကြောင့် မိမိဇနီး မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို သိလို၍ ခေါင်းဆောင်ကို မေးခဲ့သော်လည်း မိမိကိုယ်စား မိသားစုကို နေကောင်းကျန်းမာကြောင်း စောင့်ရှောက်လို၍သာ အိမ်ကို အလည်သွားခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ဘာကြောင့် ရုတ်တရက် ရူးသွပ်သွားရသည်ကို သူမသိကြောင်း ပြောလာလေသည်။ ထို့အပြင် ထိုကိစ္စအတွက် သူကိုယ်တိုင် အဖြေရှာပေးပြီး ဖြေရှင်းပေးပါမည်ဟု ဆိုခဲ့လေသည်။

နောက်တစ်ရက်တွင်တော့ ဇနီးဖြစ်သူသည် ညသန်းခေါင်လောက်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့လေသည်။ ထို့ကြောင့် သူ့မှာ မနည်းတားခဲ့ရပြီး နောက်ဆုံးတွင်တော့ ဇနီးဖြစ်သူက ဇာတ်ကြောင်းတစ်ခုကို ပြန်လည်ပြောပြလိုစိတ်ရှိခဲ့ပေသည်။

ဦးနေမင်း လာတွေ့သည့်နေ့က လက်ရှိတွင် ဂိုဏ်းမှာ အန္တရာယ်ရှိနေတာကြောင့် ဂိုဏ်းအတွင်း လာနေပါရန် ဆိုလာလေသည်။ သို့သော် ဇနီးဖြစ်သူမှာ ငြင်းလိုက်ပြီး သားဖြစ်သူ ကျောင်းက ပြန်အလာတွင် မိမိအား မတွေ့မှာကို စိုးရိမ်ပါသဖြင့် သားဖြစ်သူ ပြန်လာမှသာ လိုက်ခဲ့မည့်အကြောင်း ဆိုလေသည်။

ထိုအခါ ဦးနေမင်းက နေသူရိန်ပြန်အလာကို သူလည်း ကူစောင့်ပေးမည့်အကြောင်းပြော၍ အိမ်တွင် နေထိုင်ခဲ့လေသည်။ ထိုနေ့က နေသူရိန်မှာ မထင်မှတ်ဘဲ စကော်လာရှစ်လျှောက်ရန် အဆင်သင့်မဖြစ်သေးသောကြောင့် ဆရာဖြစ်သူ အိမ်မှာပင် အိပ်လိုက်ရပေသည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now