P 3 (U+ Z)

1.4K 231 48
                                    

ရွှေအိုရောင်အဆင်းရှိသည့် ရှေးဟောင်း အိမ်ကြီးတွင် ရွက်လှပင်များကို အိမ်တွင်းပန်းအိုးများဖြင့် အလှဆင်စိုက်ပျိုးထားသည်။ ပြတင်းကိုတော့ အဖြူရောင် လိုက်ကာများဖြင့် အလှဆင်ထားပြီး အတွင်းကို ၀င်သွားလိုက်တာနှင့် မွှေးကြိုင်သည့် နံ့သာနံ့ကို ရှူရှိုက်ရသည်။ ကျွန်းသစ်လှေကားကြီး၏ အဆုံးတွင် အမည်းရောင်၀တ်ထားသော လူနှစ်ယောက်က ရပ်စောင့်နေသည်။ ထိုသူများက ဦးစေသူရိန်မင်း၏ ကိုယ်ရံတော်များပင် ဖြစ်သည်။

"နေကောင်းလား ဦးသူ"

ပြတင်းပေါက်ကို မျက်နှာမူ၍ ဝှီးချဲပေါ်တွင် ထိုင်နေသော လူကို အဂ္ဂနှုတ်ဆက်လိုက်သည်။ ‌အဂ္ဂဘက်ကို လှည့်ကြည့်လာသော ဦးသူက ဒီနှစ်ဆိုရင်ပဲ အသက် သုံးဆယ့်ခုနစ်နှစ်ပြည့်တော့မည်။

သပ်ရပ်စွာဖြီးထားသော ဆံပင်မောက်မောက်က ယခုထက်ထိ နက်မှောင်ဆဲ။ လေးထောင့်ကျကျ မျက်မှန်တစ်လက်ကို တပ်ထားပြီး အနူးညံ့ဆုံး ပြုံးနေသည်။ အဖြူရောင် ဆွယ်တာ ၀တ်ထားပြီး ခန့်ညားသည့် ဥပတိရုပ်က အသက်သုံးဆယ်ကျော် လူတစ်ဦးနှင့် လားလားမှမတူ။

"ကောင်းပါတယ်၊ မနေ့က ဦး လက်ဆောင် ပို့ပေးလိုက်တယ်၊ အဂ္ဂဆီရောက်လား"

"ဟုတ်ကဲ့ ရောက်ပါတယ် ဦးသူ"

ဦးသူက ခေါင်းညိတ်၍ ပြုံးပြပြီး သူ့ကို လက်ယက်ခေါ်သည်။

"ဒီကိုလာပါဦး အဂ္ဂ၊ ဦးမာန်ထည်ရဲ့ မိသားစုက မင်းကို အမှုထဲ ထည့်ထားတယ်လို့ ကြားတယ်"

သူ့အနားကို အဂ္ဂတိုးသွားလိုက်တော့ ခပ်သင်းသင်း နံ့သာနံ့ကို ရှူရှိုက်ရသည်။ ဦးသူက သူ့အပေါ်ကိုတော့ တကယ်ကို ကောင်းခဲ့သည်။ ငယ်ငယ်က ဦးသူ ပေါင်ပေါ်ထိုင်ပြီး ရင်ခွင်ထဲမှာနေကာ စာသင်ခဲ့ရသည်။ တူရိယာများ တီးခတ်တတ်အောင် သင်ကြားခဲ့ရသည်။ ထိုအချိန်တိုင်း သူ ဦးသူ၏ ကိုယ်သင့်နံ့ကို အမြဲရှူရှိုက်နေကျဖြစ်သည်။ နံ့သာနံ့က တော်ရုံလူတွေ မသုံးပေမယ့် ဦးသူက တစ်ခြံလုံးကို နံ့သာပင်တွေ ဆိုက်ထားပြီး သူသုံးတဲ့ ရေမွှေးကိုလည်း နံ့သာနံ့ဖြင့်သာ ထုတ်ခိုင်းထားသည်။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now