Part 1🍒

1.1K 6 0
                                    

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း(1)

''နုငယ်... ခုရပ်စမ်း...ရပ်လိုက်လို့ပြောနေတယ်''

''အာ..မာမားကလည်း ရပ်ရင် ရိုက်မှာမလားလို့ ''

''ပြာနုငယ် ..ခုရပ်လိုက်လို့ မား ပြောနေတယ်လေ
အဲလောက်တောင်ပြဿနာ ရှာစရာလား ကိုယ့်ကိုယ်ကို မိန်းကလေးဆိုတာလည်းသတိရသေးရဲ့လား  ....ဟမ်''

''မားကလည်း နုငယ် ဘာလုပ်မိလို့လဲ  သူတို့က အရမ်းကပ်စီးနဲတာလေ သရက်သီးလေးတစ်လုံး
ကို ဖြစ်နေတာ''

''အဲတာနဲ့ပဲ ချောင်းရိုက်တယ်ပေါ့  ..နင်ပြေးမနေနဲ့ ငါမောနေပြီ... ခုရပ်''

''မားနော် ဘာလို့ရပ်ရမှာလဲ ...မောရင်မလိုက်နဲ့တော့... ပြီးတော့နုငယ်ချောင်းလည်းမရိုက်ဘူး... အဲ လူကြီးကသာ လျှာရိုးမရှိတိုင်းလျှောက်ပြော...အာ့''

တတိယကမ္ဘာစစ်ဖြစ်အောင်မွှေတဲ့နုငယ်တစ်ယောက် မာတာမိခင်ရဲ့ လက်ကလွတ်အောင်ပြေးရင်း အမျိုးအမည်မသိ အရာကိုတိုက်မိတော့

''ငယ်ငယ်.. ညီမလေး ရရဲ့လား''

''ဟင်..ဟင့်....ကိုကြီး... ''

''ဘာလို့လဲ ကလေးရယ်''

''မားလေး...မာမားပေါ့..မနာလိုသူတွေလီဆယ်ပြောတာကိုယုံပြီး ..နုငယ်ကိုရိုက်..ဟင့်...ရိုက်မလို့တဲ့''

''မနာလိုသူကလီဆယ်ပြောတယ်ရှိရသေး  ...နင်ကတော်တော်အောင်မြင်နေတာကိုး...လာစမ်းနင်''

မာတာမိခင်ရဲ့လက်ကလွတ်အောက် အကိုဖြစ်သူကိုပတ်ပြေးရင်း

''မားကလည်း နုငယ်အောင်မြင်လို့ အဲ အကုန်ထုတ်က နုငယ်ကိုပဲ လိုက်အော်နေတာလေ''

သားအမိနှစ်ယောက် တစ်ယောက်ကပြေး တစ်ယောက်ကလိုက်ရင်း နေသခင် တစ်ယောက် ခေါင်းတွေပါမူးနောက်လာရသည်။

''ကဲ... မားရယ်.. တော်ပါတော့.. ကလေးလည်းမောနေပြီ..မားလည်းစိတ်လျော့.. အေးဆေးပြောကြပါ လာပါ..ထိုင်ကြနော်''

ခုမှပဲ စစ်တစ်ပွဲ ပြီးတော့တယ်

''ငယ်ငယ် ရေသောက်ဦး...မားရယ်.. ကလေးကိုမရိုက်ပါနဲ့လို့ ကျွန်တော်ပြောထားတယ်လေ ဒီမှာချွေးတွေကြီးပဲ''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now