Part 17🍒

207 5 0
                                    

Unicode

ရေမြေခြား မှ နှလုံးသား
(or)
my nemophilia

အပိုင်း  (17)

''ငယ်.....အာ့...ငယ်ကလည်းကွာ''

နုငယ် စိတ်ပေါက်ပေါက်နဲ့ ဆွဲဆိတ်ပစ်လိုက်သည်။ဟုတ်တယ်လေ လူက နေမကောင်းချင်ပါဘူးဆို သူရင်ခွင်ထဲထည့်ပြီးဖက်ထားတာအရုပ်အတိုင်းပဲ ပြီးတော့လေ ငြိမ်ငြိမ်မနေ ပါးကို လာဆွဲလိုက် လည်တိုင်ကိုလာနမ်းလိုက်နဲ့ နှစ်နာရီနီးပါးရှိနေပြီလေ...... ခေါင်းကိုက်လို့ ခဏမှေးမည်ကြံတိုင်း တငယ်ငယ်နဲ့ ဒါကြောင့်လည်း ဆိတ် ပစ် လိုက်တာ မှတ်ရော........

နတ် သူ့ကို မျက်စောင်းတချက်ထိုးပြီး ရှေ့ပြန်လှည့်သွားတဲ့ ကလေးငယ်ကိုကြည့်ပြီး.......

''ငယ်နော်.....ကိုယ်က ချစ်လို့ဟာကို.....တဂယ်ပြန်လုပ်တယ်သူများကို.......လုပ်ချင်ရင်လည်း ကိုယ်နမ်းသလိုပြန်နမ်းပါလားလို့.....အနိုင်အရမ်းကျင့်တာပဲ''

သူမကို ရန်ပြန်တွေ့နေတဲ့ နတ်ကိုကြည့်ရင်း နုငယ်သက်ပြင်းသာချမိသည်။စကားပြောရင်လည်း နုငယ်ထက်တောင်ကလေးဆန်ပြီး ပေါက်ပေါက်ရှာရှာပြောသေးသည်။ဒီလို လူတစ်ယောက်က ကုပ္ပဏီ ကြီး တစ်ခုလုံးကိုဘယ်လိုတောင်အုပ်ချုပ်နေလဲမသိပါဘူး။

''ကိုယ့်သဲငယ်လေး မပျင်းဘူးလား......ကိုယ်တို့ဆော့ရအောင်လေ''

ထိုသို့မေးတော့ ကလေးငယ် က သူ့ကို ဘာလဲဆိုတဲ့ ပုံစံနဲ့ မျက်ခုံးပင့်ပြလေ၏။

''လင်မယားလုပ်တိုင်း.....''

''ဖက်''

''အာ့....ငယ်နော်''

ဒီတစ်ခါတော့ နုငယ် လက်မောင်းကို ခပ်ဆက်ဆက်လေးရိုက်ပစ်လိုက်တယ် ကိုက်ပါဆွဲ ပစ်ချင်သည်။ဒီလူကြီးဘာစကားတွေပြောနေမှန်းကိုမသိဘူး။

''နော်လို့.....လုပ်ပါနော်....ငယ်ကလည်း...ပျင်းလို့လို့....ဆော့မယ်ဆော့မယ်နော်....နော်လို့.....တခါပဲလေနော်.....အာ့စ်''

နုငယ် မနိုင်တဲ့အဆုံး သူမရဲ့သွားချွန်ချွန်လေးတွေနဲ့ နတ်ရင်ရင်ဘတ်ကိုဖိကိုက်လိုက်သည်။

''ငယ်နော်....လာလာစနေတာ....လုပ်မယ်ဆိုလည်း အဲလိုမထိတထိ မလုပ်နဲ့ထိထိမိမိလုပ်လို့....ဟုတ်တယ် သူများကလူပျိုလေးကိုအဲလိုတွေလုပ်တော့စိတ်ပါတာပေါ့''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now