Part 8🍒

180 5 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (8)

''ဟျောင့်.....ခေါ်နေတယ်လေကွာ''

ပန်းခင်းထဲ ရောက်ထဲက သူ့ကိုစားပြီးနားမလည်လုပ်နေတဲ့ ကလေးငယ်ကြောင့်......

''ကိုယ် ဒီနားမှာပဲ ထိုင်ငိုလိုက်တော့မှာနော်''

ထိုသို့ပြောလိုက်တော့မှ အကြင်သူက သူ့ကို မျက်လုံးလေးအဝိုင်းသားနဲ့ကြည့်ပြီး သူ့နားလာထိုင်၏။

''ယောက်ျားကြီးက ငိုမလို့လား''

''အရင်ကတော့ သူပဲငိုခိုင်းပြီး...ကလေးနော်''

''ဘယ်မှာခိုင်းလို့လဲ''

''ကဲပါ...အဲဒါတွေထားပါ.... မေးစရာရှိတယ်''

''မေးလေ''

''ကလေးက baby blue eyesတွေကိုဘာလို့ကြိုက်တာလဲ''

''ဒီလိုပါပဲ ........နုငယ် ကအပြာရောင်လေးကိုကြိုက်တယ်လေ ပြီးတော့ သူ့ရဲ့အဓိပ္ပါယ်လေးကိုရော''

''အမယ်....ဆိုစမ်းပါဦး''

''baby blue eyes တပွင့်ချင်းစီကိုသေချာကြည့်ရင် ကောင်းကင်ပြာကိုရောင်ပြန်ဟပ်နေတဲ့ ပင်လယ်ပြာရဲ့ ဝိညာဥ်လေးတွေလိုပဲ..ဒီပန်းပြာလးတွေရဲ့အဓိပ္ပါယ်က ''အေးချမ်းခြင်းတွေ ဟာ လေပြည်နဲ့အတူ ချစ်ရသူဆီရောက်ရှိသွားပါစေတဲ့..... မင်းရှိရာ အရပ်တိုင်းမှာ အောင်မြင်ပျော်ရွှင်ပါစေတဲ့လေ''တစ်နည်းအားဖြင့်ဆိုရင်.... ကိုယ်ရဲ့ ပျော်ရွှင်မှုတွေကို ချစ်ရသူဆီ ​ပင်လယ်ပြာလေးရဲ့ လေပြည်လေညှင်းလေးတွေက သယ်ဆောင်ပေးပါတဲ့''

သူမလေးလက်ထဲက ပန်းပြာလေးတွေကိုကြည့်ပြီး အဓိပ္ပါယ် ဖွင့်ဆိုပြနေတဲ့ကလေးငယ်ကြောင့် နတ် ကြည်နူးရပါသည်။အမှန်တော့ ပန်းပြာလေးတွေရဲ့အဓိပ္ပါယ်ကိုသူမသိပါ...ငယ်ငယ်ထဲက သူ့ကလေးငယ်ရဲ့မြတ်နိုးရာလေးတွေမို့လို့သာ အမှတ်တရအဖြစ်စိုက်ပျိိုးပေးထားတာပင်။အရင်ကသူမေးရင်တော့ ကလေးငယ်က အမြဲ ပန်းလေးက လှလို့ လို့ပဲ ဖြေခဲ့ဖူးသည်။သူနဲ့ဝေးကွာသွားတဲ့ ခုနှနစ် လေးမှာပဲ သူ့ရဲ့အကောင်ပေါက်လေးက သူမထင်ရလောက်အောင်ရင့်ကျက်နေခဲ့ပြီပဲ။

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now