Part 2🍒

258 3 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (2)

''ငယ်ငယ်.. ညီမလေး.. ဂျပန်ကို သွားလည်ချင်လား''

''ဟင်...ကိုကြီး..ဘာကိုလဲ''

''ညီမလေးပဲ ပဲခူးအိမ် မသွားချင်ဘူးဆို မားမသိအောင် ဂျပန်ကို ခဏသွားလည်လေ မားကို ကိုကြီး ထိန်းထားလိုက်မယ်လေ''

''မသွားဘူး''

''ညီမလေးရယ် ဘာလို့လဲကွာ''

''အီး...ဟီး...ကိုကြီးမှမပါတာ နုငယ်တစ်ယောက်ထဲဘယ်မှ မသွားဘူးလို့ ကိုကြီးကိုလည်းမခွဲနိုင်ဘူး''

''ငယ်ငယ်ရယ်... ညီမလေးပဲ ပဲခူးအိမ်မသွားချင်ဘူးဆို မားကိုလည်းတားလို့မရဘူး ကလေးရဲ့ ဒီလိုဆက်ငိုနေရင် ကိုယ့်ညီမလေးပဲ လဲသွားလိမ့်မယ်''

''ဒါမဲ့...''

''ကလေးရယ်..ခဏပဲသွားနော်.. ကလေးပဲ nemophilia တွေကို ချစ်တယ် မြင်ဖူးချင်တယ်ဆို babyလေးရဲ့ ခု ညီမလေးသွားရမဲ့ နေရာက  '' အဘရခိ ''ကိုကလေးရဲ့ အဲဒီနေရာမှာ baby blue eyesလေးတွေအများကြီးရှိတယ်ကလေးရဲ့''

''တဂယ်လားဟင်...ဒါဆို ခဏလေးပဲသွားမယ်လေ...နော်...ဒါမဲ့ နုငယ်ဘယ်မှာနေရမလဲ''

''ကိုကြီးရဲ့ ဟိုတယ်မှာနေပေါ့''

နေအင်ပါယာgroupက ဟိုတယ်လုပ်ငန်းဦးစားပေးဖြစ်ပြီး ကိုယ်ပိုင်designပုံစံတွေနဲ့ နာမည်ကြီးပါတယ်။ အာရှနဲ့ ပြည်ပ နိုင်ငံတော်တော်များများကို နေသခင်ရဲ့ လက်ထက်မှာ ဟိုတယ် လုပ်ငန်းနဲ့ပဲ စတင်ထိုးဖောက်လာခဲ့ပြီး မထင်မှတ်တဲ့အောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။

''ကိုကြီးကလည်း ..ကိုကြီး ဟိုတယ်မှာနေမှတော့ မားသိမှာပေါ့လို့...''

''ဟုတ်သားပဲနော်''

နေသခင်နဲ့ပြာနုငယ် ခေါင်းချင်းဆိုင် စဥ်းစားခန်းဖွင့်ရင်း နေသခင့်ထဲမှ..

''ဟုတ်ပြီ''

''လန့်တာ...ကိုကြီးရယ်''

''sorryနော် ကလေး...ဂျပန်မှာ ကိုကြီးသူငယ်ချင်းတစ်ယောက်ရှိတယ် အဆက်အသွယ်ပြတ်တာ1နှစ်လောက်ရှိပြီ ဒီကောင့်လိပ်စာ ပေးလိုက်မယ် ကလေး လေယာဥ်ဆင်းတာနဲ့သွားလိုက်နော်...ကိုကြီးညီမဆိုရင်သူသေချာစောင့်ရှောက်ပေးလိမ့်မယ်''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now