Part 4🍒

224 4 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (4)

''ဟာန လက်ရာက ကောင်းလိုက်တာနော်....... ဟာန ​အမြဲဒီလိုပဲချက်စားနေကြလားဟင်''

''မဟုတ်ပါဘူ နုငယ်ရယ်... တခါတလေမှ ချက်စားဖြစ်တာပါ...တနေကုန် အလုပ်လုပ်ထားရတော့ ညစာကိုဝယ်စားဖြစ်တာကများတယ်''

''နုငယ် မြန်မာနိုင်ငံကိုပြန်ရင် ဟာန လိုက်ခဲ့ပါလားဟင်....ဒီမှာလို တနေကုန်အလုပ်လုပ်စရာမလိုပါဘူး... နုငယ် ကိုကြီးကိုပြောပေးမယ်လေ''

''ရပါတယ်ရှင်..ဒီမှာကနေသားကျနေပါပြီ''

''ဟာန က ရုပ်လည်းချော ပညာလည်းတတ်တော့နေရာကောင်းကောင်းရမှာလေ.. ဒီမှာက ပင်ပန်းတယ်ဟာနရဲ့''

''စိတ်ပူပေးတာနဲ့တင် ကျေးဇူးတင်ပါတယ် ဒီမှာက သံယောဇဥ်တွေလည်းရှိတယ်လေ''

''ဟင်..အော်သိပြီ..သိပြီ..ချောလားဟင်''

''အယ်..ဟာန ပြောတာက သူငယ်ချင်းတွေကိုပြောတာပါ''

''မယုံပါဘူးနော်''

''ဟုတ်ပါတယ်ဆို..နုငယ်နော်''

''မယုံပါဘူးဆို..ချချ''

ဒီလိုနဲ့ နုငယ်နဲ့ဟာနရဲ့ ညစာ စားပွဲ လေးက ရယ်သံလေးနဲ့ ပြည့်နက်သွားခဲ့ပေမယ့် တစ်စုံတစ်ယောက်ကတော့ ထမင်းပင်မစားနိုင်

''boss! နေမကောင်းလို့လား...ခုထိဘာမှလည်းမစားဘူး..... စားမကောင်းလို့လားဗျာ''

jouleကသာ ပါးစပ်အမြုပ်ထွက်မတက်ပြောနေပေမယ့် နတ်ကောင်းကင်ကတော့ အတွေးကမ္ဘာထဲ ဝယ် ဂယောင်ချောက်ချား.......

!ဘာလဲကွာ ....ဘယ်လောက်ပဲအကောင်သေးပါစေ...မိန်းကလေးလေး..ဒီအပေါက်သေးသေးလေးကို သူဘယ်လို လျှိုဝင်သွားတာတုန်း...အကုန်ပြုတ်ပျက်ထုတ်ကုန်မှဖြင့်..ဘယ်လိုဝင်တာလဲဟာ!

''boss!!!''

''အမလေး...ငါနဲ့အသေးလေးနဲ့.......ဟာဒီကောင်တော့   ......မင်းဖင်ထဲကြွက်ဝင်လို့အဲလောက်အော်တာလား''

''bossကမှမထူးတာ ဒီလောက်ခေါ်နေတာကို''

''မင်းကျယ်ကျယ်မခေါ်လို့ပေါ့...တော်ကွာ... မစားတော့ဘူး...''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaحيث تعيش القصص. اكتشف الآن