Part 9🍒

171 5 0
                                    

Unicode

ရေမြေခြားမှ နှလုံးသား
(or)
my nemophilia

အပိုင်း (9)

''ဇွဲ နင်သိလို့လား...''

''အေး ဇွဲကသူ့ကိုကြိုက်......အော်...''

'' အာ့.....နာတယ်လေ''

''ဒါမျိုးစပ်စုရရင် ခြေထောက်ကမနာတော့ဘူး....ခေါက်ထည့်လိုက်ရ''

''ငါလည်းသိချင်တာပေါ့လို့''

''အေးလေ နန်းရယ် သူလည်းသိချင်တာပေါ့ ငါပြောပြမယ် နုငယ်...ဖယ်စမ်းပါ နည်းနည်း''

ဇွဲက နန်းကိုနေရာခဏဖယ်ခိုင်းပြီးနုငယ်ဘေးဝင်ထိုင်တော့ တချိန်လုံးငြိမ်နေတဲ့ နတ် က လှုပ်လှုပ်ရှားရှားဖြစ်လာ၏။

''ရပ်စမ်း....မင်းကဘာလည်း..ငါ့ကလေးနားမကပ်နဲ့''

''ဒါကျွန်တော့်သူငယ်ချင်းဗျ....လွှတ်ကျွန်တော့်ကို''

''မင်းပါးစပ်ကိုပိတ်ထား တစစီဖြစ်သွားမယ်နော်''

ဇွဲ ကိုခြိမ်းခြောက်နေတဲ့ပုံက အတည်လုပ်မည့်ပုံပင်။ ဘယ်လောက်ဒေါသထွက်နေလဲဆိုရင် နတ်ရဲ့ ရင်အုံတွေက မြင်ချည်နိမ့်ချည်နဲ့ လက်နဲ့ မေးရိုးတွေကလည်းသွေးကြောတွေ မြင်နေရ၏။

''ဟို....ကိုကိုကောင်း''

သူ့ရှေ့က ပိုင်စိုးပိုင်နက်ကောင်ကို သတ်ပစ်ချင်ပေမယ့် အကြင်သူမလေး ဆီက ကြားလိုက်ရတဲ့ခေါ်သံကြောင့်....

''ကလေး....ဘယ်လိုခေါ်လိုက်တာ....ဟမ်...ပြန်ခေါ်ပါဦး''

''ဟို.....ဟိုလေ''

''ကဲပါ..အခန်းထဲအရင်သွားမယ်နော် လာချီမယ်''

ပြောရင်းဆိုရင်းသူ့ကလေးကို ဆွေ့ကနဲ ကောက်ပွေ့သွားတော့ ဇွဲက ချက်ချင်းပင် ဟာနနားကို ရောက်သွားလေ၏။

''မမ.... အဲဘဲ က ဘာဖြစ်သွားတာလဲ''

''boss ကလား bossက ဂျယ်လီနင်သွားတာ''

''အော်..... ဟင်..အာ့ဆို သူက ကျွန်တော့်သူငယ်ချင်းကိုကြိုက်နေတာပေါ့''

''အင်း...ဟုတ်လောက်ပါတယ်''

''ဟဲ့ဘာတွေပြောနေကြတာလဲ''

''ဒီလိုနန်းရဲ့ ငါ့မမကပြောတယ် နုငယ်ကို ဟိုလူကြီးကကြိုက်လို့တဲ့''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now