Part 18 🍒

273 5 0
                                    

Unicode

ရေမြေခြား နှလုံးသား

(or)

my nemophilia

အပိုင်း(18)

သူမလေး ငိုနေတာဆယ်မိနစ် နီးပါးရှိနေပြီ နတ် ချော့မြူချင်သော်လည်း ကလေးငယ်က အကပ်မခံတာခက်သည်။အကြောင်းကတော့ ဇွဲအိမ်မက်ဆိုတဲ့ နေမထိလေမထိပိုးဟပ်ဖြူကြောင့်ပင် သူငယ်ချင်းသုံးယောက်ပဲရှိလို့လား မသိ နန်းနဲ့ ငယ် က ဇွဲကိုတော်တော်ချစ်ကြတာ သတိထားမိသည်။ အခုလည်းဟိုက ငိုပြီးတိုင်သမျှကို သူ့ကလေးကလည်းငိုပြီးနားထောင်နေလေရဲ့။နန်းကလည်း နှစ်ယောက်ကိုမျက်ရည်သုတ်ပေးရင်း......

''ငါ့ကိုလေ အီး....အဲလူကြီးက သေးသေးလေးတဲ့ ပြီးတော့ သေနတ်နဲ့လည်းပစ်မယ် ဟင့်....အစလည်းဖျောက်မယ်တဲ့ငါ့ကိုလေ ကိုင်လည်းပေါက်မှာတဲ့ ''

ဒီအကြောင်းအရာကိုပဲပြောနေတာဘယ်နှခါရှိပြီမှန်းမသိပေမယ့် ကလေးငယ်ကလည်း မမောနိုင်ထိုင်နားထောင်ပြီးဂရုတစိုက်ရှိလှတာမို့ နတ် မချစ်သော်လည်းအောင့်ကာနမ်းဆိုသလိုအဲ ထိုင်နားထောင်နေရသည်။ထိုအခါမှ နန်းက....

''ကိုနတ်ကောင်းကင် ရှင့်တပည့်ဒီလိုတော့မစနောက်သင့်ဘူး ဇွဲတို့ကျွန်မတို့က ရှင်တို့ထက် ငယ်တာပဲ လေ ကလေးနဲ့လူကြီးလိုဖြစ်နေတာကို ကျွန်မ တို့ပဲရှိတယ်ဆိုပြီးဒီလိုအနိုင်မကျင့်ဘူး''

မတရားစွပ်စွဲတာကိုမခံချင်ပေမယ့် ကလေးကပါထောက်ခံသည့်သဘောနှင့် ခေါင်းညိမ့်ပြသည်မို့ အယောင်ပြဆူရန်jouleကိုကြည့်တော့လည်း တပည့်ကျော်က မျက်နှာမကောင်းလှ။ နောက်ဆုံးတော့လည်းသူသာ တောင်းပန်ရန် ဆုံးဖြတ်လိုက်တော့သည်။

''ကဲပါငါ့ညီရယ် ကိုယ်ကပဲ ကြားကတောင်းပန်ပါတယ်....ကိုယ့်တပည့်က စိတ်ထားလေးကကောင်းပါတယ် ဒေါသကြီးတတ်လို့ပါကွာ....ဒီလိုလုပ် မင်းကျေနပ်တဲ့ထိ jouleကတောင်းပန်ပါလိမ့်မယ် ပြီးတော့ အပြစ်ပေးတဲ့အနေနဲ့ မပြန်ခင်ထိ ကိုယ်သူ့ကို မင်းကိုဌားမယ်နော် မင်းသွားချင်တဲ့နေရာလည်ချင်တဲ့နေရာသူပို့ပေးလိမ့်မယ်သိလား''

ပြီးတော့မှ jouleဘက်ကိုလှည့်၍ မျက်ရိပ်ပြကာ ''joule သေချာဂရုစိုက်ပေးလိုက်ကြားလား''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now