Part 11🍒

160 5 0
                                    

Unicode

ရေမြေခြား မှ နှလုံးသား
(or)
my nemophilia

အပိုင်း (11)

''နုငယ် ငါတို့ စီးပွားရေးတခုလုပ်ရအောင်လား''

''အေး...နင်ကဘာလုပ်ချင်လို့လဲ''

''နန်းနင်ရောပါမလား''

''နင့်planကိုအရင်ပြောလေ ''

''ဒီလိုလေ...ဒီပန်းလေးတွေက နေ့တိုင်းအထီးကျန်နေတာ....ငါတို့ဒါလေးတွေကိုခူးပြီးရောင်းကြမယ်လေ''

''အေးနော်တွက်ချေကိုက်လောက်တယ်''

''နင်ရော ဘယ်လိုထင်လဲနန်း''

''နင်တို့နှစ်ယောက်ကလေ အေးဆေးကိုမနေနိုင်ဘူး ဒါက ငါတို့အပိုင်မှမဟုတ်တာ''

''နင်ကလည်း.....အဲတာကတော့ နုငယ်အပေါ်မူတည်တယ်''

''အမယ် ငါနဲ့ဘာဆိုင်လဲ''

''ဆိုင်တာပေါ့...နင်သာ ကိုနတ်ကိုယူလိုက်ရင် ဒီအိမ်ရော ဒီပန်းခင်းရောနင်ပိုင်ပြီး ငါတို့လည်းပန်းရောင်းစားပြီး အမြတ်ထိုင်သိမ်းလို့ရပြီ''

''တော်တော်ဖြစ်နေတယ်....နင်ယူလိုက်ပါလား''

''အမလေး အဲဒီနတ်ကောင်းကင်ကသာငါ့ကိုကြိုက်ကြည့် ငါယူမှာနော်''

''ဟယ်..နန်းရေ..နင့်မောင်ကတော့ ဖြောင့်ရာကနေ ကွေးသွားရှာပြီ''

''အမလေးဇွဲရေ ငါယောက်မပဲလိုချင်တာနော် မတ် မလိုချင်ဘူးသိရဲ့လား''

''နင်တို့ကလည်းဟာ ငါကအဖြစ်ပြောတာပါ နုငယ် နင်အတွေးမလွန်နဲ့နော် ငါက သူငယ်ချင်းတစ်ယောက်ကို စွန့်လွှတ်ပြီး အနစ်နာခံပေးနေတာ နင်ကောင်းစားဖို့ဟဲ့''

''နစ်နာသွားဦးမယ်သိလား''

''ကဲဟယ် နင်တို့တွေလည်း အားရင်ကိုက်နေကြတယ်''

''ငါက​ကြွက်နော် သူကကြောင်''

''အောင်မာ ငမွေထိုးမ နင်သာကိုက်တတ်တာ နင်ကြောင် ငါကြွက်''

''ငါကြွက်လို့ပြောနေတယ်နော် ''

''ငါကြွက်နင်ကြောင်''

''နန်း နင့်မောင်အနိုင်ကျင့်နေတယ်တွေ့လား ကူပြောပေး ငါ့ဘက်က''

ရေမြေခြား မှ နှလုံးသား(or) my nemophiliaWhere stories live. Discover now